Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကဲလ်ဗင်းအား ဘုရားသခင်ရွေးချယ်တော်မူခြင်း

    ပဲရစ်မြို့ရှိကျောင်းတစ်ကျောင်းတွင် စာရိတ္တကောင်းခြင်း၊ စာတော်ခြင်းနှင့် ဘုရားတရားရှိခြင်းတို့ကြောင့် ထင်ပေါ်သည့် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ရှိသော လူငယ်တစ်ယောက်ရှိသည်။ သူ၏ ထူးကဲသောပါရမီနှင့် လုပ်ဆောင်မှုများသည် ထိုကောလိပ်အတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပြီး တစ်နေ့နေ့တွင် ဂျွန်ကဲလ်ဗင်းသည် ထိုအသင်းတော်ကို အကာကွယ်နိုင်ဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်လာလိမ့်မည်ဟု စိတ်ချလက်ချ မျှော်လင့် ခဲ့ကြပါသည်။HFB 225.1

    သို့ရာတွင် ဘုရားသခင့်ထံမှအလင်းတော်သည် ကဲလ်ဗင်းအား လွှမ်းခြုံကာရံထားသည့် စာပေသင်ကြားမှုဆိုင်ရာတံတိုင်းနှင့် အယူသီးမှုတံတိုင်းများကို ထွင်းဖေါက်လာခဲ့ပါသည်။ သူ၏ ဝမ်းကွဲညီအစ်ကို အော်လီဗီတန်သည် ပြုပြင်ပြောင်းလဲရေးသမားများနှင့် အဆက်အသွယ် ရထား ပြီးဖြစ်ရာ ထိုညီအစ်ကိုနှစ်ယောက်တို့သည် ခရစ်ယာန်လောကကြီးကို အနှောင့် အယှက်ပေးနေသည့် အရာများအကြောင်းကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။ ‘‘ကမ္ဘာပေါ်မှာ ဘာသာကြီး (၂) ခုပဲရှိတယ်။ တစ်ခုက လူကတီထွင် ထားတဲ့ ဘာသာအယူဝါဒဖြစ်တယ်။ ကောင်းတဲ့အကျင့်သီလတွေကျင့်ပြီး ကိုယ့်ကိုကိုယ် ကယ်တင်တဲ့ ဘာသာအယူဝါဒပေါ့။ ကျန်တစ်ခုကတော့ သမ္မာကျမ်းစာမှာ ဖေါ်ပြထားတဲ့ ဘာသာအယူဝါဒဖြစ်တယ်။ ဒီမှာတော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် အခမဲ့ပေးတော်မူမည့် ကယ်တင်ခြင်းကို လူသားများ မျှော်ကြည့်ရန် သွန်သင်ထားတယ်’’ ဟု ပရိုတက်စတင့်အော်လီဗီတန်က ဆိုသည်။HFB 225.2

    ‘‘ငါကတော့ ယုံကြည်ချက်အသစ်တွေကို လက်မခံပါဘူး။ ငါ့အသက်တာမှာ လုပ်ဆောင်ခဲ့တာတွေဟာ မှားတယ်လို့ မင်းထင်လို့လား’’ ဟု ကဲလ်ဗင်းကမေးခဲ့သော်လည်း အခန်းထဲသို့ရောက်သောအခါ ဝမ်းကွဲညီအစ်ကို ပြောသည့် စကားများကို လေးလေးနက်နက် စဉ်းစားခဲ့ပါသည်။ သန့်ရှင်း၍ ဖြောင့်မတ်သောဘုရားသခင့် ရှေ့တော်မှာ ကြားဖျန်ဖြေသူမရှိသည့် မိမိအဖြစ်ကို သူမြင်တွေ့လာသည်။ ကောင်းသောအကျင့်နှင့် ဘုရားကျောင်းမှာကျင်းပပြုလုပ် သည့်အခမ်းအနားများသည် အပြစ်ဖြေလွှတ်ခွင့်ရရန် အာနိသင်မရှိပါချေ။ ရဟန်းမင်းရှေ့တွင် အပြစ်ဝန်ချခြင်းနှင့် အနာခံကျင့်ကြံမှုများသည်လည်း လူသားများအား ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်အောင် မစွမ်းဆောင်နိုင်ပါချေ။HFB 226.1