Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလ မှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျိန်ဆဲသံများဖြင့်ထစ်ချုန်းနေခြင်း

    ဂျနီဗာသည် ရဟန်းမင်း၏ကျိန်ဆဲသံများဖြင့် အခြိမ်းခြောက်ခံနေရ ပါသည်။ ဘုရင်များ၊ ဧကရာဇ်မင်းများကိုပင် အညံ့ခံလာအောင် လုပ်နိုင်စွမ်း ရှိသည့် ဤရဟန်းမင်း၏အုပ်စိုးမှုကို ဤမြို့ငယ်ကလေးသည် မည်သို့တွန်းလှန် ခဲ့ပါသနည်း။HFB 241.1

    ဘာသာရေးပြုပြင်ပြောင်းလဲရေး၏ ပထမအောင်ပွဲကို ကျော်ဖြတ်ခဲ့ချေပြီ။ ပြောင်းလဲရေးသမားများကို သုတ်သင်ပယ်ရှင်းရန် အင်အားစုအသစ်များကို ရောမကဆင့်ခေါ်လိုက်ပါသည်။ ဂျီးဇူးအစ် (Jesuits) အဖွဲ့ကို ထိုအသင်းတော်မှဖွဲ့စည်းပေးလိုက်ပါသည်။ ထိုအဖွဲ့သည် ရဟန်းမင်း၏ အဖွဲ့များအနက် အရက်စက်ဆုံး၊ စည်းကမ်းအမဲ့ဆုံး၊ ခွန်အားအကောင်းဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သနားကြင်နာသည့် သဘာဝကင်းပြီး ဩတ္တပ္ပစိတ်လုံးဝ တိတ်ဆိတ်နေသော ထိုသူများသည် ၎င်းတို့၏အဖွဲ့အစည်းမှလွဲ၍ မည်သူ့ကိုမျှအမှုမထားသူများ ဖြစ်သည်။HFB 241.2

    ကပ်တိုင်များ၊ အကျဉ်းထောင်များနှင့် မီးတိုင်များ၏ အန္တရာယ်ကြားမှ သမ္မာတရားကိုမြှောက်တင်ရန် ဒုက္ခဆင်းရဲခြင်းကို ခံနိုင်ရည်ရှိစေဖို့ အချမ်းဒဏ်၊ ငတ်မွတ်ခြင်းဒဏ်နှင့် ပင်ပန်းနွမ်းပါးမှုဒဏ်များကို မကြောက်ရွံ့စေဖို့ ယုံကြည်သူများအား ခရစ်တော်၏ ဧဝံဂေလိတရားတော်က ခွန်အားကိုပေးတော်မူ၏။ အန္တရာယ်ကို ရင်ဆိုင်ရဲစေပြီး သမ္မာတရားကို ဆန့်ကျင်ဝံ့သော အယူသီးမှုများဖြင့် ဂျီးဇူးအစ်ဝါဒက ၎င်း၏နောက်လိုက် များအား သိမ်းသွင်းထားပါသည်။ မကျူးလွန်နိုင်လောက်အောင် ကြီးသော ရာဇဝတ်မှု သူတို့၌မရှိပါ။ မကျင့်သုံးနိုင်လောက်အောင်နိမ့်ကျသည့်လှည့်ဖျားမှု လုပ်ဆောင်ရန် မဖြစ်နိုင်လောက်အောင်ခက်ခဲသည့် ဟန်ဆောင်မှု သူတို့၌ မရှိပါချေ။ သူတို့၏ အဓိကရည်မှန်းချက်မှာ ပရိုတက်စတင့်ဝါဒကို ဖြိုခွင်း၍ ရဟန်းမင်း၏ အာဏာကို ပြန်လည်တည်ဆောက်ပေးရန်ဖြစ်သည်။ HFB 242.1

    သူတို့သည် သူတစ်ပါးကောင်းကျိုးအတွက် သွားလာလှုပ်ရှားခဲ့သော ခရစ်တော်၏ သန့်ရှင်းသောနာမတော်ကိုဆောင်လျက် အကျဉ်းထောင်များနှင့် ဆေးရုံများသို့ သွားရောက်လည်ပတ်ကာ လူနာများနှင့်ဆင်းရဲသားများကို အလုပ်အကျွေးပြုသည့် သန့်သန့်ရှင်းရှင်း ဝတ်စားတတ်သူများဖြစ်သည်။ သို့သော် ဤအပြစ်ကင်းသော အပြင်ပန်းအမူအရာအောက်တွင် ရာဇဝတ် ကြောင်းနှင့်မကင်းသည့် ဆိုးရွားသောအကြံအစည်များကို ဖုံးကွယ်ထားကြပါသည်။ ထိုအဖွဲ့၏ အခြေခံစည်းမျဉ်းတစ်ခုမှာ အကျိုးရှိမည် ဆိုလျှင် မတရားသော နည်းစနစ်များကိုပင် အသုံးပြုခွင့်ရှိသည်ဆိုသည့်အချက်ဖြစ်သည်။ မုသားစကားပြောခြင်း၊ ခိုးခြင်း၊ မုသားကျိန်ဆိုခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းကို အသင်းတော်အကျိုးအတွက်ကျူးလွန်လျှင် ချီးမွမ်းဖွယ်လုပ်ရပ်များအဖြစ် သတ်မှတ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဇာတိရုပ်မှန်ကိုဖုံးကွယ်ကာ နိုင်ငံတော်၏ ဝါဒရေးရာများကို ရေးဆွဲသည့် ဘုရင့်အကြံပေးအရာရှိများ အဆင့်အထိ အစိုးရရုံးများတွင် အလုပ်လုပ်ကြသည်။ သူလျှိုလုပ်ငန်းများ ကိုလည်း လုပ်ကြသည်။ အထက်တန်းလူ့အလွှာအတွက် ကောလိပ်ကျောင်းများ ကိုလည်ကောင်း၊ သာမန်လူတန်းစားများအတွက် ရိုးရိုးကျောင်းများကို လည်းကောင်း သူတို့တည်ထောင်ကြသည်။ ပရိုတက်စတင့်မိဘများမှ ပေါက်ပွားလာသော သားသမီးများသည် ရဟန်းမင်းအသင်းတော်မှ ဝတ်ပြု ကိုးကွယ်မှုများတွင် သိမ်းသွင်းခြင်းခံကြရရာ ဘိုးဘေးများအသက်ပေး၍ ကာကွယ်တိုက်ပွဲဝင်ခဲ့သော လွတ်လပ်မှုအပေါ် သားသမီးများက သစ္စာဖောက် လာကြသည်။ ဂျီးဇူးအစ်များရောက်သည့်နေရာတိုင်းတွင် ရဟန်းမင်း၏ တန်ခိုးအာဏာများ ပြန်လည်ရှင်သန်လာခဲ့သည်။HFB 242.2

    ဂျီးဇူးအစ်များကိုပို၍အာဏာပေးနိုင်ရန်အလို့ငှာ အင်ကွစ်ဇီးရှင်း (Inquisition) ဟုခေါ်သည့် စုံစမ်းစစ်ဆေးခြင်းအစီအစဉ်တစ်ခုကို တည်ထောင်သော အမိန့်စာတစ်ခု ထုတ်ပြန်ခဲ့သည်။ ကြောက်စရာကောင်းသည့် ဤတရားခွင်ကို ရဟန်းမင်းအဖွဲ့က တစ်ဖန်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အချုပ်ခန်းများတွင် အထူးကြောက်စရာကောင်းသည့် ရက်စက်မှုများကိုသုံး၍ စစ်ဆေးမေးမြန်းတတ်ကြပါသည်။ ထိုကြောင့် တိုင်းပြည်တော်တော်များများမှ ပညာတတ်၊ လူကောင်းလူတော်များသည် တချို့အသတ်ခံရ၍ တချို့မှာ အခြားတိုင်းပြည် များသို့ထွက်ပြေးသွားကြရပါသည်။HFB 243.1