Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မင်းညီမင်းသားများ၏မြင့်မြတ်သောရပ်တည်မှု

    ဧကရာဇ်မင်း၏ကိုယ်စားလှယ်ဖြစ်သော ဖာဒီနန်ဘုရင်သည် မင်းသား များအားသွေးဆောင်ရန် ကြိုးစားခဲ့ပါသည်။ “ထိုအမိန့်ကို လက်ခံကြလျှင် ဧကရာဇ်မင်းအနေဖြင့် ၎င်းတို့အား အလွန်သဘော ကျမှာ ဖြစ်ကြောင်း အာမခံချက်များပေးလျက် ဖာဒီနန်က တောင်းပန်ခဲ့ သော်လည်း ငြိမ်းချမ်းရေးနှင့် ဘုရားသခင်၏ ဂုဏ်တော်ကိုထင်ရှား စေမည့် ဧကရာဇ်မင်း၏ လုပ်ဆောင်ညွှန်ကြားမှုတိုင်းကို ကျွန်ုပ်တို့ နာခံပါတယ်” ဟု ထိုသစ္စာရှိ မင်းညီမင်းသားများက တုံ့ပြန်ကြသည်။GCBur 206.1

    “သူတို့နောက်ဆုံး လုပ်ဆောင်ရမည့်အရာကတော့ အများစုကို လက်မြှောက်အညံ့ခံရန်ပဲဖြစ်တယ်” ဟု ဖာဒီနန်က အဆုံးတွင် ကြေညာ လိုက်ပါသည်။ သူသည် ထိုသို့ပြောဆိုပြီးနောက် ပြုပြင်ပြောင်း လဲရေးသမားများအား တုံ့ပြန်ခွင့်မပေးတော့ဘဲ ပြန်လည်ထွက်ခွာသွား ခဲ့သည်။ သူတို့က ထိုဘုရင်အား ပြန်လာရန် ကိုယ်စားလှယ်များလွှတ် ကာ တောင်းပန်ခဲ့သော်လည်း “ကိစ္စက ပြီးနေပြီ။ အညံ့ခံဖို့ပဲကျန်တော့် တယ်” ဟုသာ သူအဖြေပေးလိုက်ပါသည်။GCBur 206.2

    ဧကရာဇ်မင်းနှင့် ရဟန်းမင်းတို့ဘက်က အားသာ၍ ပြုပြင် ပြောင်းလဲရေးသမားများဘက်မှ အားနည်းသွားပြီဟုဆိုကာ ဘုရင်အဖွဲ့ သည် ကြွားဝါနေကြပါသည်။ GCBur 206.3

    အကယ်၍သာ ပြုပြင်ပြောင်းလဲရေးသမားများသည် လူတွေ ၏အမအစကိုအားကိုးခဲ့မည် ဆိုလျှင် ရဟန်းမင်းတို့ထင်ထားသလို အမှန်တကယ်အားနည်းသွားလိမ့်မည် ဖြစ်သော်လည်း ထိုသူတို့သည် လွှတ်တော်အစီရင်ခံစာအစား ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အသနားခံခဲ့သည်။ ဧကရာဇ်မင်းချားစ်ထံတွင် အယူခံဝင်မည့်အစား ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင် ခရစ်တော်ထံတွင် အယူခံဝင်ခဲ့ကြ သည်။GCBur 206.4

    ထိုမင်းညီမင်းသားများသည် မိမိတို့၏ဩတ္တပ္ပစိတ်ခံစား ထင်မြင်မှုများကို ဖာဒီနန်ဂရုပြုဖို့ငြင်းဆိုကြောင်း သိရသောအခါ မိမိတို့၏ ကန့်ကွက်လွှာကို နိုင်ငံတော်ကောင်စီသို့ အမြန်တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ မြင့်မြတ်ကောင်းမွန်သော ကြေညာချက်တစ်ခုကို ရေးဆွဲကာ လွှတ်တော်သို့သူတို့ပေးအပ်ခဲ့ပါသည်။GCBur 207.1

    “ကျွန်ုပ်တို့သည် အဆိုပြုထားသည့်အမိန့်စာတွင် ပါဝင်သည် ဘုရားသခင်နှင့်သော်လည်းကောင်း၊ နှုတ်ကပတ်တော်နှင့်သော်လည်း ကောင်း၊ ကျွန်ုပ်တို့၏ ဩတ္တပ္ပစိတ်နှင့်သော်လည်းကောင်း၊ လူသားများ ၏ ကယ်တင်ခြင်းနှင့်သော်လည်းကောင်း ဆန့်ကျင်သည့် မည်သည့်အ ရာကိုမဆို ကျွန်ုပ်တို့နှင့်တကွ ကျွန်ုပ်တို့၏လူမျိုးများအတွက် ဤ တင်ပြချက်များအားဖြင့် ကန့်ကွက်ပါသည်။GCBur 207.2

    ဧကရာဇ်မင်းကြီးသည် အရာခပ်သိမ်းထက် ဘုရားသခင်ကို ချစ်သော မင်းသားတစ်ပါးကဲ့သို့ ကျွန်ုပ်တို့အပေါ်တွင် ပြုမူဆက်ဆံလိမ့် မည်ဟုလည်း တစ်ချိန်တည်းမှာပင် ကျွန်ုပ်တို့မျှော်လင့်တောင့် တမိပါသည်။ GCBur 207.3

    ၎င်းပြင် တရားမျှတ၍ ဥပဒေနှင့်ကိုက်ညီသော ဝတ္တရားများကို လိုက်နာဆောင်ရွက် ရန်လည်း ကျွန်ုပ်တို့ကြေညာပါသည်” ဟု ထိုမင်း သားများက အစပျိုးတင်ပြကြ၏။GCBur 207.4

    ကန့်ကွက်ဆန္ဒပြသူများ၏ ရဲစွမ်းသတ္တိကြောင့် လူအများစုမှာ အံ့အားသင့်ထိတ်လန့်ကုန်ကြပါသည်။ သဘောထားကွဲပြားမှုများ၊ တိုက်ခိုက် မှုများနှင့် သွေးချောင်းစီးမည့်အခြေအနေများကို မလွဲမသွေ ရင်ဆိုင်ရပုံပေါ်သော်လည်း အနန္တတန်ခိုးရှင်၏လက်တော်ကိုမှီခိုသော ပြုပြင်ပြောင်းလဲရေးသမားများသည် ရဲစွမ်းသတ္တိအပြည့်၊ တည်ငြိမ် မှုအပြည့်နှင့် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါသည်။GCBur 207.5

    ထိုကန့်ကွက်လွှာတွင် ဖေါ်ပြထားသော အခြေခံစည်းမျဉ်း များသည် ပရိုတက်စတင့်ဝါဒ၏အနှစ်သာရများဖြစ်ပါသည်။ ပရိုတက် စတင့်ဝါဒသည် တရားသူကြီးများထက် ဩတ္တပ္ပစိတ်တန်ခိုးကို ဦးစား ပေးပြီး မျက်မြင်ရသော အသင်းတော်ထက် နှုတ်ကပတ်တော်၏ တန်ခိုးကိုတန်ဖိုးထားပါသည်။ GCBur 208.1

    “ကျွန်ုပ်တို့သည် လူ့စကားထက် ဘုရားသခင်၏စကားကို နားထောင်ရမည်” ဟု ရှေးပုရောဖက်များ၊ တမန်တော်များနှင့်အတူ ပရိုတက်စတင့်ဝါဒက ဖွင့်ဆိုပါသည်။ ပဉ္စမမြောက်ချားစ်ဘုရင့်သရဖူ ၏အထက်မှာ ခရစ်တော်၏ သရဖူကိုမြှောက်တင်ကြပါသည်။ စပါး ကန့်ကွက်လွှာသည် ဘာသာရေး ချုပ်ချယ်မှုကိုဆန့်ကျင့်သည့် ကြီးမြတ် သော သက်သေခံတစ်ခုဖြစ်ပြီး ဩတ္တပ္ပစိတ်၏ လှုံ့ဆော်ချက်အရ ဘုရား သခင်ကိုဝတ်ပြုရန် လူအားလုံး၏ ရပိုင်ခွင့်အတွက် ခိုင်မာသော ထောက် ခံချက်တစ်ခုလည်းဖြစ်သည်။GCBur 208.2

    မြင့်မြတ်သောဤ ပြုပြင်ပြောင်းလဲရေးသမားများ၏ အတွေ့ အ ကြုံတွင် အနာဂတ်ခေတ်အဆက်ဆက်အတွက် သင်ခန်းစာယူစရာ များပါဝင်ပါသည်။ စာတန်သည် အသက်တာ၏လမ်းပြဖြစ်သော သမ္မာကျမ်းစာကို ဆန့်ကျင်နေဆဲဖြစ်သည်။GCBur 208.3

    သမ္မာကျမ်းစာတစ်အုပ်တည်းသာ ယုံကြည်ခြင်းနှင့် အကျင့် များအတွက် စည်းမျဉ်းဥပဒေဖြစ်သည်ဟူသော ပရိုတက်စတင့် မဟာ စည်းမျဉ်းကို ကျွန်ုပ်တို့ခေတ်တွင်လည်း ပြန်လည်ကျင့်သုံးရန် လို အပ်နေပါပြီ။ စာတန်သည်................................................................. ဘာသာရေးလွတ်လပ်ခွင့်ကို ချေဖျက်ပစ်ရန် လုပ်ဆောင်ဆဲဖြစ်သည်။ စပါးကန့်ကွက်သူများက ငြင်းပယ်ခဲ့သော ခရစ်ယာန်ဆန့်ကျင်ရေး ခေါင်းဆောင်သည် ၎င်းဆုံးရှုံးသွားသည့် ဦးဆောင်မှုနေရာကို ပြန်လည် တည် ဆောက်ရန် ယခုကြိုးစားလျက်ရှိပါသည်။GCBur 208.4