Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပြင်သစ်ဓမ္မသစ်ကျမ်း

    သို့ရာတွင် သူတို့၏မျှော်လင့်ချက်ပျက်ပြားစေဖို့ အကြောင်း များကလည်း ဖန်လာခဲ့ပါသည်။ ဖမ်းဆီးစစ်ဆေးခြင်းများ၊ စုံစမ်း နှောင့်ယှက် ခြင်းများသည် ၎င်းတို့အားစောင့်နေပေပြီ။ ရင်ဆိုင်ရမည့် အခက်အခြများကို ကျော်လွှားနိုင်ဖို့ ခွန်အားများရယူနိုင်ရန်နှင့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နိုင်ရန် အခက် အခဲမဲ့ကာလကလေးကိုတော့ သူတို့ရရှိခဲ့ကြပါသေးသည်။ ဝစ်တင်း ဘတ်ပုံနှိပ်တိုက်မှ လူးသာဘာသာပြန်သည့် ဂျာမန် သမ္မာကျမ်းစာကို ထုတ်လုပ်သည့်တစ်ချိန် တည်းမှာပင် လက်ဖီးဘားသည် ဓမ္မသစ် ကျမ်းကို ပြင်သစ်ဘာသာဖြင့် ပြန်ဆိုရေးသားကာ မဲအောက်ဇ်မြို့တွင် ရိုက်နှိပ်ထုတ်ဝေခဲ့ပါသည်။ GCBur 219.1

    မကြာမီမှာပင် မဲအောက်ဇ်မြို့သားများသည် ကျမ်းစာကိုလက် ဝယ်ပိုင်ဆိုင် နိုင်လာခဲ့ကြပါသည်။ လယ်ကွင်းထဲမှ လယ်သမားများနှင့် အလုပ်ရုံများမှ အလုပ်သမားများသည် မိမိတို့၏တစ်နေ့တာမောပန်း မှုများကို သမ္မာကျမ်းစာမှ အဖိုးတန်အမှန်တရားများအကြောင်း ပြော ဆိုခြင်းဖြင့် အပန်းဖြေခဲ့ကြပါသည်။ စာမတတ်သောအလုပ်ကြမ်းသ မား၊ အောက်တန်းစားအလုပ်သမားများ ဖြစ်လင့်ကစား သမ္မာကျမ်းစာ ကို လက်ဝယ်ပိုင်ဆိုင်ထားမှုကြောင့် ကျေးဇူးတော်အားဖြင့် ပြုပြင် ပြောင်းလဲမှုခံကြရသည်ကိုတွေ့ရပါသည်။GCBur 219.2

    မဲအောက်ဇ်တွင် ထွန်းညှိလိုက်သောအလင်းတန်းသည် ဝေးလံသော ဒေသများသို့တိုင် လင်းလက်သွားခဲ့ပါသည်။ ပြောင်း လဲလာသူဦးရေသည် နေ့စဉ်တိုးတက်နေပါသည်။ ဧကရာဇ်မင်း၏မ စမှုကြောင့်……………………………………………………………. အခိုက်အတန့်အားဖြင့် ထိုအသင်းတော်မှတာဝန်ရှိသူအဆင့်ဆင့်သည် ငြိမ်နေကြသေးသော်လည်း အဆုံးတွင် ၎င်းတို့စိတ်ဆိုးလာကာ ကပ်တိုင်များကို ပြင်ဆင်လာကြရာ ယုံကြည်သူအများ မီးပုံအလယ်တွင် သမ္မာတရားအတွက် သက်သေခံသေပွဲဝင်ခဲ့ကြရပါသည်။GCBur 219.3

    ရဲတိုက်ကြီးများနှင့် ဘုရင့်နန်းတော်ရှိ ချမ်းသာကြွယ်ဝပြီး ဂုဏ်သရေရှိ ပုဂ္ဂိုလ်တချို့သည်လည်း သမ္မာတရားကို အသက် အိုးအိမ်စည်းစိမ်ထက် ပို၍ တန်ဖိုးထားကြပါသည်။ လူးဝစ်ဒီဘာကင်း သည် အသရေရှိမိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ပညာတတ်၊ လူယဉ်ကျေးလူကောင်းတစ်ဦးဖြစ်သည်။ “သူသည် လူးသာဝါဒကို အထူးရွံမုန်းသောစိတ်ဖြင့် ဘာသာရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို ဒုက္ခပေးခဲ့သည်။” သို့သော် ဘုရားသခင်၏ လမ်းပြပို့ဆောင်မှု အောက်တွင် သမ္မာကျမ်းစာကိုလေ့လာခဲ့ရာ “ရောမကသွန်သင်သော ယုံကြည်ချက်များကို သမ္မာကျမ်းစာတွင်မတွေ့ဘဲ လူးသာ၏ယုံကြည် ချက်များကိုသာ” တွေ့ခဲ့ရာ ဧဝံဂေလိအမှုတော်အတွက် မိမိကိုယ်ကို သူဆက်ကပ်ခဲ့ပါသည်။GCBur 220.1

    ထိုကြောင့် ပြင်သစ်ရှိ ရောမအသင်းတော်ဘက်တော်သား များက သူ့အား ဖေါက်ပြန်ရေးသမားတစ်ဦးဟုစွပ်စွဲကာ ထောင်ချခဲ့ သော်လည်း ရှင်ဘုရင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သဖြင့် ထောင်မှ လွတ်လာခဲ့ပါသည်။ ဖရန်စစ်သည် ရောမနှင့် ပြုပြင်ပြောင်းလဲရေး အကြား ချီတုံချတုံဖြစ်နေပါသည်။ GCBur 220.2

    ဘာကင်းမှာမူ ရောမအသင်းတော်ကြောင့် သုံးကြိမ်တိုင်တိုင် ထောင်အချ ခံခဲ့ရသော်လည်း သူ့ကိုမသတ်စေလိုသည့် ဧကရာဇ်မင်း ကြောင့် သုံးကြိမ်စလုံး ထောင်မှလွတ်လာခဲ့ပါသည်။ ပြင်သစ်တွင် ဆက်နေလျှင် အသက်……………………………………………….. အန္တရာယ်စိုးရိမ်ရကြောင်း သူ့အားသတိပေးကာ အခြားသူများနည်းတူ အသက်အန္တရာယ်ကင်းစေဖို့ ပြင်သစ်မှထွက်သွားရန် သူ့အားတိုက် တွန်းခဲ့ကြပါသည်။GCBur 220.3