Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကျိန်ဆဲသံများဖြင့်ထစ်ချုန်းနေခြင်း

    ဂျနီဗာသည် ရဟန်းမင်း၏ကျိန်ဆဲသံများဖြင့် အခြိမ်းခြောက်ခံ နေရ ပါသည်။ ဘုရင်များ၊ ဧကရာဇ်မင်းများကိုပင် အညံ့ခံလာအောင် လုပ်နိုင်စွမ်း ရှိသည့် ဤရဟန်းမင်း၏အုပ်စိုးမှုကို ဤမြို့ငယ်ကလေး သည် မည်သို့တွန်းလှန် ခဲ့ပါသနည်း။GCBur 241.1

    ဘာသာရေးပြုပြင်ပြောင်းလဲရေး၏ ပထမအောင်ပွဲကို ကျော် ဖြတ်ခဲ့ချေပြီ။ ပြောင်းလဲရေးသမားများကို သုတ်သင်ပယ်ရှင်းရန် အင် အားစုအသစ်များကို ရောမကဆင့်ခေါ်လိုက်ပါသည်။ ဂျီးဇူးအစ် (Je-suits) အဖွဲ့ကို ထိုအသင်းတော်မှဖွဲ့စည်းပေးလိုက်ပါသည်။ ထိုအဖွဲ့ သည် ရဟန်းမင်း၏ အဖွဲ့များအနက် အရက်စက်ဆုံး၊ စည်းကမ်းအမဲ့ ဆုံး၊ ခွန်အားအကောင်းဆုံး အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သနားကြင်နာသည့် သဘာဝကင်းပြီး ဩတ္တပ္ပစိတ်လုံးဝ တိတ်ဆိတ်နေသော.................... ထိုသူများသည် ၎င်းတို့၏အဖွဲ့အစည်းမှလွဲ၍ မည်သူ့ကိုမျှအမှုမထား သူများ ဖြစ်သည်။GCBur 241.2

    ကပ်တိုင်များ၊ အကျဉ်းထောင်များနှင့် မီးတိုင်များ၏ အန္တ ရာယ်ကြားမှ သမ္မာတရားကိုမြှောက်တင်ရန် ဒုက္ခဆင်းရဲခြင်းကို ခံနိုင် ရည်ရှိစေဖို့ အချမ်းဒဏ်၊ ငတ်မွတ်ခြင်းဒဏ်နှင့် ပင်ပန်းနွမ်းပါးနေမှု ဒဏ်များကို မကြောက်ရွံ့စေဖို့ ယုံကြည်သူများအား ခရစ်တော်၏ ဧဝံ ဂေလိတရားတော်က ခွန်အားကိုပေးတော်မူ၏။ GCBur 242.1

    အန္တရာယ်ကို ရင်ဆိုင်ရဲစေပြီး သမ္မာတရားကို ဆန့်ကျင်ဝံ့သော အယူသီးမှုများဖြင့် ဂျီးဇူးအစ်ဝါဒက ၎င်း၏နောက်လိုက်များအား သိမ်းသွင်းထားပါသည်။ GCBur 242.2

    မကျူးလွန်နိုင်လောက်အောင် ကြီးသော ရာဇဝတ်မှု သူတို့၌ မရှိပါ။ မကျင့်သုံးနိုင်လောက်အောင်နိမ့်ကျသည့်လှည့်ဖျားမှု လုပ် ဆောင်ရန် မဖြစ်နိုင်လောက်အောင်ခက်ခဲသည့် ဟန်ဆောင်မှု သူတို့၌ မရှိပါချေ။ GCBur 242.3

    သူတို့၏ အဓိကရည်မှန်းချက်မှာ ပရိုတက်စတင့်ဝါဒကို ဖြိုခွင်း ၍ရဟန်းမင်း၏ အာဏာကို ပြန်လည်တည်ဆောက်ပေးရန်ဖြစ်သည်။ GCBur 242.4

    သူတို့သည် သူတစ်ပါးကောင်းကျိုးအတွက် သွားလာလှုပ်ရှား ခဲ့သော ခရစ်တော်၏ သန့်ရှင်းသောနာမတော်ကိုဆောင်လျက် အ ကျဉ်းထောင်များနှင့် ဆေးရုံများသို့ အလုပ်အကျွေးပြုသည့် သန့်သန့် ရှင်းရှင်း ဝတ်စားတတ်သူများဖြစ်သည်။GCBur 242.5

    သို့သော် ဤအပြစ်ကင်းသော အပြင်ပန်းအမူအရာအောက် တွင်ရာဇဝတ်ကြောင်းနှင့်မကင်းသည့် ဆိုးရွားသောအကြံအစည် များကိုဖုံးကွယ်ထားကြပါသည်။ ထိုအဖွဲ့၏ အခြေခံစည်းမျဉ်းတစ်ခုမှာ အကျိုးရှိမည် ဆိုလျှင် မတရားသော..................................................... နည်းစနစ်များကိုပင် အသုံးပြုခွင့်ရှိသည်ဆိုသည့်အချက်ဖြစ်သည်။ မုသားစကားပြောခြင်း၊ ခိုးခြင်း၊ မုသားကျိန်ဆိုခြင်း၊ လုပ်ကြံသတ်ဖြတ် ခြင်းကို အသင်းတော်အကျိုးအတွက်ကျူးလွန်လျှင် ချီးမွမ်းဖွယ်လုပ်ရပ် များအဖြစ် သတ်မှတ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ဇာတိရုပ်မှန် ကိုဖုံးကွယ်ကာ နိုင်ငံတော်၏ ဝါဒရေးရာများကို ရေးဆွဲသည့် ဘုရင့်အ ကြံပေးအရာရှိများ အဆင့်အထိ အစိုးရရုံးများတွင် အလုပ်လုပ်ကြသည်။ သူလျှိုလုပ်ငန်းများကိုလည်း လုပ်ကြသည်။ အထက်တန်းလူ့ အလွှာအတွက် ကောလိပ်ကျောင်းများကိုလည်ကောင်း၊ သာမန်လူ တန်းစားများအတွက် ရိုးရိုးကျောင်းများကို လည်းကောင်း သူတို့တည် ထောင်ကြသည်။ GCBur 242.6

    ပရိုတက်စတင့်မိဘများမှ ပေါက်ပွားလာသော သားသမီးများ သည် ရဟန်းမင်းအသင်းတော်မှ ဝတ်ပြု ကိုးကွယ်မှုများတွင် သိမ်း သွင်းခြင်းခံကြရရာ ဘိုးဘေးများအသက်ပေး၍ ကာကွယ်တိုက်ပွဲဝင်ခဲ့ သော လွတ်လပ်မှုအပေါ် သားသမီးများက သစ္စာဖောက် လာကြ သည်။ ဂျီးဇူးအစ်များရောက်သည့်နေရာတိုင်းတွင် ရဟန်းမင်း၏ တန်ခိုး အာဏာများ ပြန်လည်ရှင်သန်လာခဲ့သည်။GCBur 243.1

    ဂျီးဇူးအစ်များကိုပို၍အာဏာပေးနိုင်ရန်အလို့ငှာ အင်ကွစ်ဇီး ရှင်း (Inquisition) ဟုခေါ်သည့် စုံစမ်းစစ်ဆေးခြင်းအစီအစဉ်တစ်ခု ကိုတည်ထောင်သော အမိန့်စာတစ်ခု ထုတ်ပြန်ခဲ့သည်။ GCBur 243.2

    ကြောက်စရာကောင်းသည့် ဤတရားခွင်ကို ရဟန်းမင်း အဖွဲ့ကတစ်ဖန်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အချုပ်ခန်းများတွင် အထူးကြောက်စရာကောင်းသည့် ရက်စက်မှုများကိုသုံး၍ စစ်ဆေးမေးမြန်းတတ်ကြပါသည်။ ထိုကြောင့် တိုင်းပြည်တော်တော် များများမှ ပညာတတ်၊...................................................................... လူကောင်းလူတော်များသည် တချို့အသတ်ခံရ၍ တချို့မှာ အခြား တိုင်းပြည် များသို့ထွက်ပြေးသွားကြရပါသည်။GCBur 243.3