Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဒိန်းမတ်၌ပြုပြင်ပြောင်းလဲမှုများ

    ကမ္ဘာ့မြောက်ခြမ်းမှနိုင်ငံများတွင် ဧဝံဂေလိတရားတော်သည် အေးချမ်းစွာဖြင့် အမြစ်တွယ်နိုင်ခဲ့သည်။ ဝစ်တင်းဘတ်ကျောင်း ထွက်များသည် လူးသာ၏သွန်သင်ချက်များကို မွေးရပ်မြေ စကင်ဒီ နေးဗီးယားသို့ သယ်ဆောင်သွားခဲ့ကြသည်။ ထိုဒေသတွင် တရားတော် ပျံ့နှံ့ခဲ့ရာ အကြမ်းခံနိုင်သူ ထိုကမ္ဘာမြောက်ခြမ်းသားများသည် စာရိတ္တ ဖေါက်ပြန်မှုနှင့် အယူသီးမှုများကိုစွန့်လွှတ်ကာ အမှန်တရားများကို ကြိုဆိုလက်ခံခဲ့ကြပါသည်။GCBur 250.1

    ဒိန်းမတ်ဘာသာရေးပြုပြင်ပြောင်းလဲရေးသမား ထောဆင် သည်ငယ်ရွယ်စဉ်ကလေးဘဝမှာပင် ဉာဏ်ကောင်းသော ကလေး တစ်ဦးဖြစ်ပြီး ရဟန်းမင်း၏ကျောင်းတွင် ကျောင်းနေခဲ့သူဖြစ်သည်။ စာမေးပွဲအမှတ်များက သူ့အား လူတော်တစ်ယောက်ဖြစ်ကြောင်း ထောက်ခံနေသဖြင့် အသင်းတော်တွင် နေရာကောင်းတစ်နေရာရနိုင်ဖို့ အာမခံချက်ရထားသူလည်း ဖြစ်သည်။ ဘာသာရေးဖေါက်ပြန်ရေး သမား၏ အန္တရာယ်နှင့်မကင်းသည့် ဝစ်တင်းဘတ်မှလွဲ၍ မည်သည့် ဂျာမနီ (သို့မဟုတ်) နယ်သာလင်တက္ကသိုလ်မှာ မဆို အခမဲ့ပညာသင် ခွင့်ရရှိခဲ့သူလည်းဖြစ်သည်။GCBur 250.2

    သို့ဖြင့် ထောဆင်သည် ရောမယုံကြည်ချက်၌ အမာခံနယ် တစ်နယ် ဖြစ်သော ကိုလုံးကို တက္ကသိုလ်သို့ သွားရောက်ပညာသင်ယူခဲ့ ပါသည်။ GCBur 250.3

    မကြာမီ မှာပင် ထိုတက္ကသိုလ်တွင် ကျောင်းတက်ရသည်ကို သူစက်ဆုပ်လာခဲ့ပါသည်။ ထိုအချိန်တွင် လူးသာ၏စာများကို………. သူဖတ်မိခဲ့ရာ အလွန်နှစ်သက်သည်ဖြစ်၍ လူးသာထံသွားကာ တပည့် ခံယူလိုလာပါသည်။ GCBur 250.4

    သို့ရာတွင် ထိုသို့လုပ်ဆောင်လျှင် မစကြေးများကို ပြန်လည်ရုတ် သိမ်းသွားမည့် အန္တရာယ်ကလည်း ရှိနေသေးသည်။ မကြာမီမှာ ဆုံး ဖြတ်ချက်တစ်ခုကိုသူချခဲ့ပြီး ဝစ်တင်းဘတ်တက္ကသိုလ်ကျောင်းသား တစ်ဦး ဖြစ်လာခဲ့သည်။GCBur 251.1

    ဒိန်းမတ်သို့ပြန်ရောက်သောအခါ သူသည် မိမိ၏လျှို့ဝှက်ချက် ကို မဖေါ်ပြဘဲ မိတ်ဆွေများအား သာ၍စင်ကြယ်သောယုံကြည်ချက် များကို သင်ကြားရန် ကြိုးစားခဲ့သည်။ သမ္မာကျမ်းစာကိုဖွင့်ကာ အပြစ်သားများ၏ ကယ်တင်ခြင်းအတွက် တစ်ခုတည်းသောမျှော် လင့်ချက်ဖြစ်သော ခရစ်တော် အကြောင်းကို ဟောကြားခဲ့သည်။ ရောမ အသင်းတော်ကို ကာကွယ်စောင့်ရှောက်မည့်သူ ဖြစ်လာလိမ့်မည်ဟု သူ့အပေါ်မျှော်လင့်ခဲ့သည့် ရဟန်းမင်းတို့အဖွဲ့က သူ့သတင်းကြောင့် အမျက်ထွက်ခဲ့ကြပါသည်။ GCBur 251.2

    ထိုကြောင့် သူသည် မိမိနေထိုင်ရာ သာသနာ့အဆောက်အ ဦတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ပြီး အခန်းအောင်းနေခဲ့ ပါသည်။ GCBur 251.3

    ထောဆင်သည် ထိုအခန်း ကလေးမှနေ၍ သမ္မာတရားသ တင်းစကားများကို ထိုအသင်းတော်က ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ခဲ့ မည်ဆိုလျှင် ထောဆင်၏အသံကို မည်သည့်အခါမျှကြားခွင့် ရကြတော့ မည်မဟုတ်ချေ။ သို့သော် ထောဆင်ကို မြေအောက်အချုပ်ခန်းတွင် ဖမ်းထားရမည့်အစား ရဟန်းကျောင်းမှ သူတို့နှင်ထုတ်ခဲ့ကြသည်။GCBur 251.4

    လောလောဆယ်ထုတ်ပြန်လိုက်သော ဘုရင့်အမိန့်အရ ထိုယုံကြည်ချက် အသစ်ကို သွန်သင်သူများအား အကာအကွယ်... ပေးထားပြန်ရာ ဘုရားကျောင်းများကို တစ်ဖန်ဖွင့်ကြရာ တရားဟော ကြသဖြင့် လူများစွာတို့ တရားနာခွင့်ရကြပြန်သည်။ ဒိန်းမတ်ဘာ သာဖြင့် ပုံနှိပ်သော ဓမ္မသစ်ကျမ်းကိုလည်း ကျယ်ပြန့်စွာဖြန့်ဝေခဲ့ကြ ပါသည်။ ထိုသို့ကြိုးပမ်း လုပ်ဆောင်မှုများကြောင့် အမှုတော်သည် တိုးတက်ကြီးပွားလာကာ ဒိန်းမတ် နိုင်ငံသည်လည်း ဘာသာရေးပြုပြင် ပြောင်းလဲရေးအဖွဲ့၏ ယုံကြည်ချက်များကို လက်ခံကြောင်း ကြေညာ ခဲ့ပါသည်။GCBur 251.5