Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခြင်း

    လူးသာရှင်းလင်းစွာသွန်သင်ခဲ့သော ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်ဆိုသည့် မဟာယုံကြည်ချက်ကို လုံးလုံး ကြီး မျက်ခြည်ပြတ်လုနီးပါးဖြစ်နေချေပြီ။ အကျင့်အားဖြင့် ကယ်တင် ခြင်းသို့ ရောက်၏ဆိုသည့် ရောမအသင်းတော်၏ နိယာမသည် အစား ထိုးနေရာယူထား ပါပြီ။ ဘုရားသခင်၏ အလိုတော်အတိုင်းအသက် ရှင်ရန် ရိုးရိုးသားသား ကြိုးစားနေကြသော ဝှိုက်ဖီးလ်နှင့် ဝက်စလေ တို့သည်လည်း အကျင့်သီလများ၊ ဘာသာရေးပွဲနေ့ အခမ်းအနား များကိုစောင့်ရှောက်ခြင်းအားဖြင့် ကယ်တင်ခြင်းကို ရနိုင်သည်ဟု အသွန်သင်ခံခဲ့ကြရပါသည်။GCBur 264.2

    တစ်ခါတွင် ချားစ်ဝက်စလေသည် သေလုမြောပါးဖျားနာနေ စဉ်ကယ်တင်ခြင်းအတွက် မည်သို့မျှော်လင့်ချက်ထားကြောင်း…. မေးကြည့်ရာ “ကျွန်ုပ်ဟာ ဘုရားသခင်အတွက် အကောင်းဆုံးကြိုးစား လုပ်ဆောင်ပြီးပြီ” ဟုအဖြေပေးသည်ကို မိတ်ဆွေများက ထိုအဖြေ အပေါ် ကျေနပ်ပုံမပေါ်ကြောင်းပြသောအခါ ဝက်စလေက “ဘာ၊ ကိုယ်တော်က ကျွန်ုပ်ရဲ့ ကြိုးစားခဲ့မှုတွေကို အရာမသွင်းဘူးဟုတ်လား။ ဒီလိုဆိုရင် တခြားအားကိုးစရာ ကျွန်ုပ်မှာဘာမှမရှိတော့ဘူး” ဟု တုံ့ပြန်ခဲ့သည်။ ကပ်တိုင် ပေါ်တွင်ကျခဲ့သည့် ခရစ်တော်၏ အသွေး တော်တည်းဟူသောကယ်တင်ခြင်းအတွက် တစ်ခုတည်းသော မျှော်လင့် ချက်မှ လူတို့အားကျောခိုင်းစေခဲ့သည့် ထိုကဲ့သို့သောမျှော်လင့်ချက်မှ လူတို့အားကျောခိုင်းစေခဲ့သည့် ထိုကဲ့သို့ အမှောင်ထုကြီးသည် အသင်း တော်အပေါ်တွင် ကျရောက်ခဲ့ပါသည်။GCBur 264.3

    အပြောနှင့်အလုပ်တို့ကို ပညတ်တော်နှင့်အညီ ပြောဆိုလုပ် ကိုင်ရမှာ ဖြစ်သလို အတွေးကိုလည်း ပညတ်တော်၏အလိုနှင့်ညီညွတ် ဖို့လိုအပ်ကြောင်း ဝက်စလေနှင့် သူ၏လက်ထောက်များ မြင်တွေ့ လာကြပါသည်။ သို့ဖြင့် သူတို့သည် မွေးရာပါမကောင်းစိတ်များကို ချိုးနှိမ်ရန် ဆုတောင်းဆက်ကပ်၍ ကြိုးစားလုပ်ဆောင်ကြပါသည်။ ဘုရားသခင်၏မျက်နှာသာပေးမှုကို ရနိုင်လောက်သော သန့်ရှင်းခြင်း အား၊ ရယူပိုင်ဆိုင်ရန် အထောက်အကူ ပေးမည်ဟု သူတို့ထင်သမျှအ ရာများကို တိကျစွာကျင့်ဆောင်လျက် နှိမ့်ချ ခြိုးခြံသောအသက် တာဖြင့်သူတို့နေထိုင်အသက်ရှင်ခဲ့ကြပါသည်။ သို့ရာတွင် ဒုစရိုက် အပြစ်နှင့်တကွ ၎င်း၏ဩဇာလွှမ်းမိုးမှုများကို ကင်းဝေးအောင် ကြိုးစား မှုများသည် အချည်းနှီးသာဖြစ်ခဲ့ပါသည်။GCBur 265.1

    ပရိုတက်စတင့်အယူဝါဒ၏ ယဇ်ပလ္လင်ထက်တွင် ငြိမ်းသေလု နီးနီး ဖြစ်နေသော အမှန်တရား၏မီးတောက်များသည် ဘူဟီးမီးယား ခရစ်ယာန် များက လက်ဆင့်ကမ်းခဲ့သည့် ရှေးအလင်းမီးတိုင်မှတစ်ဆင့် ပြန်လည်တောက်လောင် ထွန်းလင်းလာခဲ့သည်။ တချို့ခရစ်ယာန် များသည် ဆက္ကဆိုနီတွင် ခိုလှုံကြကာ ရှေးယုံကြည်ခြင်းကို ဆက်လက် ထိန်းသိမ်းခဲ့ကြ သည်။ ဝက်စလေသည် ထိုသူများထံမှ သမ္မာတရား အလင်းကိုရရှိခဲ့ပါသည်။GCBur 265.2

    ဂျွန်ဝက်စလေနှင့် ချားစ်ဝက်စလေတို့သည် အမေရိကန်ပြည် သို့သာသနာပြုရန် စေလွှတ်ခြင်းခံခဲ့ရပါသည်။ သင်္ဘောပေါ်တွင် မိုရားဗီးယမ်းအဖွဲ့ တစ်ဖွဲ့လည်းလိုက်ပါလာကြပါသည်။ ထိုသင်္ဘော သည် ပြင်းထန်သောမုန်တိုင်းဒဏ်ကိုရင်ဆိုင်ရရာ သေခြင်းနှင့် ထိပ်တိုက် တိုးနေသည့် ဂျွန်ဝက်စလေတို့မှာ ဘုရားသခင့်ထံမှ ငြိမ်သက်ခြင်း ဆိုင်ရာ အာမခံချက်မရရှိသေးကြောင်း ခံစားမိကြသည်။ သို့သော် သင်္ဘောပေါ်တွင်လိုက်ပါလာသည့် ဂျာမန်များမှာမူ အေးဆေးတည် ငြိမ်စွာ မုန်တိုင်းဒဏ်ကိုရင်ဆိုင်နေသည်ကို သူတွေ့မြင်ရာ “ဒီပုဂ္ဂိုလ် တွေရဲ့ထူးခြားတဲ့ပြုမူဆက်ဆံပုံတွေကို ကျွန်တော်ကြည့်နေတာ ကြာပြီ။ အခုတော့ မာန၊ ဒေါသနှင့် ကလဲ့စားချေခြင်းတို့မှလည်းကောင်း၊ ကြောက်ရွံ့စရာများမှလည်းကောင်း အကယ်ခံရ၊ မခံရကိုစမ်းသပ်ဖို့ အခွင့်အရေးတစ်ခုရပြီပေါ့။ သူတို့က ဆာလံသီချင်းဆိုပြီး ဘုရားဝတ်ပြု နေကြ တဲ့အချိန်မှာ လှိုင်းလေတွေက သင်္ဘောကိုဝါးမျိုမတတ်ပြင်း ထန်လာတယ်။ GCBur 266.1

    ပင်မရွက်တိုင်ကြီးကလည်း ကျိုးသွားပြီး သင်္ဘောတစ်ခုလုံးဟာ ရေလွှမ်းမိုးမှုကို ခံလိုက်ရတော့ အင်္ဂလိပ်တွေက သေလုမြောပါးအော်ကြ ပေမယ့် ဂျာမန်တွေ ကတော့ ဘုရားသီချင်းအဆိုမပျက်ကြဘူး။ ဒါနဲ့ ခင်ဗျားတို့ မကြောက်ဘူးလား လို့ သူတို့ကိုမေးကြည့်တော့ မကြောက် ဘူးတဲ့။ ဘုရားသခင်ကို ကျေးဇူးတင်တယ်လို့ သူတို့ကပြောတယ်။ ဘုရားသခင်………………………………………………………… ကလေးတွေနဲ့ဇနီးတွေကော မကြောက်ဘူးလားလို့မေးတော့၊ ငါတို့က လေးတွေနဲ့ဇနီးတွေဟာ သေမှာမကြောက်ကြဘူးလို့ သူတို့တုံ့ပြန်ခဲ့ကြ တယ်” ဟု ဝက်စလေက မှတ်တမ်းတင်ခဲ့ပါသည်။GCBur 266.2