Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထူးခြားသောနွေးထွေးမှုကိုခံစားရသည့်ဝက်စလေ

    ဝက်စလေသည် မိုရားဗီးယမ်းတစ်ဦး၏သွန်သင်မှုအောက် တွင်ရရှိခဲ့သည့် သမ္မာကျမ်းစာယုံကြည်ခြင်းနှင့်စပ်ဆိုင်သည့် နားလည် တတ်ကျွမ်း မှုများကို ရင်မှာပိုက်လျက် အင်္ဂလန်သို့ပြန်လည်ရောက်ရှိ လာခဲ့ပါသည်။ GCBur 267.1

    လန်ဒန်တွင် ကျင်းပသော မိုရားဗီးယမ်းအဖွဲ့အစည်းမှ ဖွင့်ဆိုချက်တစ်ခုကိုဖတ်ပြရာ နားထောင်နေသူဝက်စလေ၏ ယုံကြည် ခြင်းသည် ပြန်လည်နိုးကြားလာကာ “ကျွန်ုပ်ရဲ့နှလုံးသားမှာ ထူးခြား တဲ့နွေးထွေးမှုကိုခံစားခဲ့ရတယ်။ ခရစ်တော်တစ်ပါးတည်းကိုသာ ကယ်တင်ခြင်းအတွက် ကျွန်ုပ်ကိုးစားခဲ့ တယ်လို့လည်း ခံစားမိခဲ့တယ်။ ကိုယ်တော်ဟာ ကျွန်ုပ်အပြစ်များကို ဖယ်ရှင်းပြီး ဒုစရိုက်နှင့် သေခြင်း တို့နှင့် စပ်ဆိုင်သည့်ပညတ်တရားလက်မှ ကျွန်ုပ်ကိုကယ်တင်ခဲ့ တယ်ဆိုတဲ့အာမခံချက်ကို ပေးတော်မူခဲ့ပြီ” ဟု ဟစ်ကြွေးခဲ့ပါသည်။GCBur 267.2

    ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ကိုယ်အလိုကိုငြင်းပယ်ခြင်း များအားဖြင့် ရယူရန်ကြိုးစားခဲ့သည့် ကျေးဇူးတော်သည် အဖိုးအခ မပေးဘဲ ရယူနိုင်သည့်ဆုလက်ဆောင်ဖြစ်ကြောင်းကို ယခုတွင် သူတွေ့ရှိပေပြီ။ ဘုရားသခင်က အခမဲ့ပေးတော်မူသည့်ကျေးဇူးတော် နှင့်စပ်ဆိုင်သော ဧဝံဂေလိတရားတော်ကို ဖြန့်ဝေလိုသည့်ဆန္ဒများ သည်လည်း သူ့ရင်တွင် မီးတောက်လျက်ရှိသည်။ “ကမ္ဘာကြီးတစ်ခု လုံးဟာ ကျွန်တော် တရားဟောရမည့်နယ်မြေပဲ။ ကျွန်တော်လုပ်ရမယ် လို့ ခံစားနေရတဲ့ တာဝန်ကတော့ ရောက်တဲ့နေရာတိုင်းမှာ ကယ် တင်ခြင်းနှင့်ဆိုင်တဲ့ ဝမ်းမြောက်ဖွယ်ရာသတင်းစကားကို နာကြား လိုသူတိုင်းထံ သွားရောက် ဟောကြားဖို့ပဲဖြစ်တယ်” ဟု ဝက်စလေ ကပြောဆိုခဲ့ပါသည်။GCBur 267.3

    ယခုတွင် သူသည် ကိုယ့်အလိုငြင်းပယ်သည့် တင်းကျပ်သော စည်းကမ်းနှင့်ပြည့်ဝသောအသက်တာကို ဆက်လက်ကျင့်သုံးနေရ ပါသည်။ သို့ရာတွင် ကယ်တင်ခြင်းရရန် အားကိုးအားထားတစ်ခု အ နေဖြင့် လည်းကောင်း၊ အရင်းအမြစ်တစ်ခုအနေဖြင့်လည်းကောင်း ထိုသို့ကျင့်သုံး နေသည်မဟုတ်ဘဲ ယုံကြည်ခြင်း၏ရလဒ်၊ သန့်ရှင်းခြင်း ၏အသီးအပွင့် တစ်ခုအနေဖြင့် ကျင့်သုံးနေခြင်းဖြစ်သည်။ ခရစ်တော်၌ ရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် နားထောင်လိုက်လျှောက် ခြင်း၌ ထင်ရှား၏။ ခရစ်တော်၏ အပြစ်ဖြေခြင်းဆိုင်ရာ အသွေးတော်၌ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်း၊ နှလုံးသားများအား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်း၊ နှလုံးသားများအား သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြုတော်မူ သည့်အသစ်သောတန်ခိုးပေးတော်မူခြင်း၊ ခရစ်တော်၏ နာမူနာနှင့် အညီ အသက်ရှင်နေထိုင်သောအသက်တာများတွင် ဝိညာဉ်အသီးအ ပွင့်များသီးပွင့်ခြင်း စသည့် မိမိရရှိထားသော သမ္မာတရားများကို ဟော ကြားခြင်း၌ ဝက်စလေဆက်ကပ်ထားခဲ့ပါသည်။GCBur 268.1

    ဘုရားတရားမရှိသူ ကျောင်းသားတချို့က ၎င်းတို့၏ ဆရာ များဖြစ်ကြသည့် ဝှိုက်ဖီးလ်နှင့် ဝက်စလေညီအစ်ကိုတို့ကို.................. ရှုတ်ချသည့်သဘောဖြင့် “မက်သဒစ်” များဟုခေါ်ဝေါ်ခဲ့ကြသည်။ ထိုနာမည်သည် ယခုမျက်မှောက်ကာလတွင်မူ ဂုဏ်ယူဖွယ်နာမည်တစ် ခုအဖြစ် ယူဆကြပါသည်။ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့အား ခရစ်တော်နှင့် ကပ်တိုင်အကြောင်းကို ဟောကြားကြရန် တိုက်တွန်း တော်မူရာ လူများစွာတို့သည် ၎င်းတို့ဟောသောတရားတော်ကြောင့် ပြောင်းလဲလာကြပါသည်။ GCBur 268.2

    ဤသိုးကလေးများကို ဝံပုလွေများ၏ရန်မှ အကာအကွယ် ပေးဖို့မဖြစ်မနေလိုအပ်လာရာ ဝက်စလေသေည် အသင်းခွဲ တစ်ခု ကိုဖွဲ့စည်းဖို့ ရည်ရွယ်ချက်မရှိခဲ့ဖူးသော်လည်း ထိုသိုးစုကလေးများကို “မက်သဒစ်ကော်နက်ရှင်း” ဟူသောအမည်ဖြင့် ဖွဲ့စည်းလိုက်ပါသည်။GCBur 269.1

    တည်ထောင်ပြီးအ သင်းတော်မှပြုလုပ်သောဆန့်ကျင်မှုများကို ဤတရားဟော ဆရာများ အပြင်းအထန်ရင်ဆိုင်ခဲ့ကြရသည်။ သို့စေ ကာမူ တံခါးဖွင့်ထားဆဲ သူများထံသို့ သမ္မတရားအလင်းသည် ထိုး ဖေါက်ဝင်ရောက်သွားရာ တချို့သော ဂိုဏ်းချုပ်ကြီးများသည်ပင် စာရိတ္တဖေါက်ပြန်မှုများတွင် နစ်မျောနေရာမှ စိတ်အားထက်သန် သည့်သမ္မာတရား၏ တရားဟောဆရာများ ဖြစ်လာကြပါသည်။GCBur 269.2

    ဝက်စလေ၏ခေတ်အခါတွင် ခြားနားသောဆုကျေးဇူးများကို ရရှိထားသူများသည် ယုံကြည်ချက်တစ်ခုစီအပေါ်တွင် အမြင်တူ အောင်မညှိနှိုင်းနိုင်ခဲ့ကြချေ။ GCBur 269.3

    တစ်ခါတွင် ဝှိုက်ဖီးလ်နှင့် ဝက်စလေတို့၏ အမြင်မတူမှုကြောင့် တစ်ဦးနှင့်တစ်ဦးခွာပြဲတော့မယောင် ဖြစ်ခဲ့သော်လည်း ခရစ်တော်၏ ကျောင်း၌သင်ယူခဲ့သော နူးညံ့သိမ်မွေ့ခြင်းကြောင့် နှစ်ဦးနှစ်ဖက်သီးခံ လိုက်ကြကာ ပြေလည်သွားခဲ့သည်။ အမှားအယွင်းများမှာ နေရာတကာမှာရှိနေဆဲဖြစ်သော်လည်း သူတို့၌ ငြင်းခုံဖို့ အချိန်မရှိခဲ့ကြချေ။GCBur 269.4