Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပညတ်တော်ကိုအကာအကွယ်ပေးခြင်း

    ခရစ်တော်အသေခံစဉ်က ဝိနည်းထုံးဖွဲ့နှင့်ဆိုင်သော ပ ညတ်များနှင့်အတူပညတ်တော်ဆယ်ပါးကိုလည်း ဖျက်သိမ်းခဲ့ပြီဟူသော အဆိုကို ဝက်စလေက “ပညတ်တော်ဆယ်ပါးတွင်ပါဝင်၍ ပုရော ဖက်များက လိုက်နာစောင့်ရှောက်ရန် သွန်သင်ခဲ့သောကိုယ်ကျင့် တရားဆိုင်ရာ ဤပညတ် တော်ကို ကိုယ်တော်မဖျက်သိမ်းခဲ့ပါ။ ဤပညတ်တော်သည် ဖျက်သိမ်းခြင်းကို မခံရသည်သာမက ကောင်း ကင်နိုင်ငံတွင် သစ္စာရှိသောသက်သေအဖြစ် ခိုင်မြဲစွာ ရပ်တည် နေတော်မူသည်” ဟု တုံ့ပြန်ဖြေကြားခဲ့ပါသည်။GCBur 273.2

    ပညတ်တော်နှင့် ဧဝံဂေလိတရားတော်တို့၏ စုံလင်သော စည်းဝါးကိုက်မှုများကိုလည်း ဝက်စလေက ဤသို့ဖွင့်ဆိုခဲ့ပါသည်။ “တစ်ဖက်မှာလည်း ပညတ်တော်သည် ဧဝံဂေလိတရားတော်ဆီသို့ အစဉ်ထာဝရ လမ်းပြပို့ဆောင်ပေးနေသကဲ့သို့ ဧဝံဂေလိတရား ကလည်းကျွန်ုပ်တို့အား ပညတ်တော်အတိုင်း တိတိကျကျအသက်ရှင် နေထိုင်ဖို့ လမ်းပြ နေပါသည်။ ဥပမာစကားပြောရလျှင် ပညတ် တော်က ကျွန်ုပ်တို့အား ဘုရားသခင်ကိုချစ်ဖို့၊ အိမ်နီးချင်းကိုချစ်ဖို့၊ နူးညံ့၊ နှိမ့်ချ၊ သန့်ရှင်းဖို့ တောင်းဆိုထားရာ ဤအရာများ ကျွန်ုပ်တို့၌ မပြည်စုံမှန်း ကျွန်ုပ်တို့သိကြသည်။ ဒါပေမယ့် ကျွန်ုပ်တို့ကို ချစ်တတ် လာအောင်၊ နူးညံ့ သိမ်မွေ့မှုရှိလာအောင် ပြုပြင်တော်မူပေးမည်ဟူ သောဘုရားသခင်ရဲ့ကတိတော်ကို ဧဝံဂေလိတရား တော်တွင် ကျွန်ုပ် တို့မြင်တွေ့ထားရာ ထိုဝမ်းမြောက်ဖွယ်ရာသတင်းစကားကို ကိုင်စွဲလာ ကြပါသည်။ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ပညတ်တော်၏ ဖြောင့်မတ်ခြင်းသည် ကျွန်ုပ်တို့၌ပြည့်စုံလာပါသည်။”GCBur 274.1

    ခရစ်တော်မိန့်ဆိုခဲ့သော ဧဝံဂေလိတရားတော်ရဲ့ ရန်သူအ ကြီးဆုံးမှာ အကြီးအငယ်မရွေး ပညတ်တော်အားလုံးကို ချိုးဖောက်ရန် သွန်သင်နေကြသူများဖြစ်သည်။ အရှင်ဘုရား၊ မင်္ဂလာရှိပါစေ သောဟုဆိုလျက် နမ်းခဲ့သောယုဒရှကာရုတ်ဂုဏ်ပြုသကဲ့သို့ သူတို့ဟာ ကိုယ်တော်ရှင်ကို ဂုဏ်ပြု နေကြသည်။ ကိုယ်တော်ကို ကွပ်မျက်၍အ ရှက်ခွဲရန် အနမ်းကလေးဖြင့် ယုဒ သစ္စဖေါက်နေသကဲ့သို့ ထိုသူများ သည်လည်း ဧဝံဂေလိတရားတော် ပျံ့နှံ့မှုအတွက် ဟန်ဆောင်မှုများဖြင့် ပညတ်တော်၏ အစိတ်အပိုင်းတချို့ကိုသာ မီးမောင်းထိုးပြခြင်းဖြင့် ကိုယ်တော်ကိုသစ္စဖေါက်နေကြပါသည်။GCBur 274.2