Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သေရေးရှင်ရေးတမျှအရေးပါသောအမှား

    ထိုကဲ့သို့သော အင်္ဂလာများကိုဖြစ်ပေါ်စေသည့် အမှားတ ကာတို့တွင် အကြီးဆုံးသောအမှားမှာ သမ္မာတရားကို မသိကျိုးကျွန် ပြုခြင်းပင်ဖြစ်သည်။ စစ်မှန်သောလွတ်လပ်မှုသည် ဘုရားသခင့် ပညတ်တော်ဖွင့်ဆိုချက်များ အတွင်း၌ နေထိုင်ခြင်းဖြစ်သည်။ “သင် သည်ငါ၏ပညတ်တို့ကို စောင့်ရှောက် ပါစေသော။ သို့ဖြစ်လျှင် သင်၏ချမ်းသာသည် မြစ်ရေကဲ့သို့လည်းကောင်း၊ သင်၏ ဖြောင့်မတ် ခြင်းပါရမီသည် သမုဒ္ဒရာလှိုင်းတံပိုးကဲ့သို့လည်းကောင်းဖြစ်ရလိမ့်မည်။” ဟေရှာ ၄၈:၁၈။ ဘုရားသခင်၏ သမ္မာကျမ်းစာထဲမှ ထိုသင်ခန်းစာကို မဖတ်ရသေးသူများအား ရာဇဝင်တွင် ထိုအရာကိုဖတ်ရှုရန် ဖိတ်ခေါ် သည်။GCBur 299.1

    လူတို့အား နှုတ်တော်ထွက်စကားများကို နားမထောင်ရန် ရောမအသင်းတော်ကိုအသုံးပြုလျက် စာတန်လုပ်ဆောင်သောအချိန် တွင် သူ့လုပ်ဆောင်မှု၏ သရုပ်မှန်ကိုဖုံးကွယ်ထား၏။ သို့သော် သန့်ရှင်း သော ဝိညာဉ်တော်၏ မစမှုအားဖြင့် သူလုပ်ချင်သည့်အတိုင်းအတာ အတိုင်း မလုပ်နိုင်အောင် ဘုရားသခင်တားဆီးတော်မူခဲ့သည်။ လူတို့ သည် အကြောင်းရင်းအထိရောက်အောင် အကျိုးသက်ရောက်မှုများ ကိုခြေရာကောက်လေ့လာခြင်းရှိသဖြင့် ထိုနက်နဲမှုများ၏ အရင်း အမြစ်ကို သူတို့ ရှာဖွေမတွေ့ရှိခဲ့ကြချေ။ သို့စေကာမူ ပြင်သစ်တော်လှန် ရေးကာလအတွင်းတွင် သမ္မာကျမ်းစာကို နိုင်ငံတော်ကောင်စီမှနေ၍ ပြောင်ပြောင်တင်းတင်း ဘေးဖယ်ထားခဲ့ရာ ကြောက်မက်ဖွယ်ကာလ နှင့်ရင်ဆိုင်ရကာ အကြောင်းနှင့် အကျိုးဆက်နွှယ်နေမှုများကို လူအ ပေါင်းမြင်တွေ့နိုင်ခဲ့ကြပါသည်။ ဖြောင့်မတ်သောပညတ်တော်ကို လွန်ကျူးခြင်း၏ရလဒ်သည် ပျက် စီးခြင်းပင်ဖြစ်၏။ စာတန်၏ရက်စက်သောတန်ခိုးကို နှိပ်ကွပ်ထားသည့် ဘုရားသခင်၏ဝိညာဉ်တော်ကို အတိုင်းအတာများစွာ ဖယ်ရှားပစ် လိုက်ကြရာ လူသားတို့အား ဒုက္ခပေးလိုသည့် ထိုသူသည် ထင်တိုင်း ကြဲခွင့်ရသွား ပါတော့သည်။ ပုန်ကန်ခြားနားလိုသူများအား ပုန်ကန် ခြားနားခြင်း၏ အသီးအပွင့်များကို ရိတ်သိမ်းစေခဲ့ရာ တစ်နိုင်ငံလုံးသည် ရာဇဝတ်မှုများနှင့် ပြည့်နှက်နေသည်။ ပျက်စီးယိုယွင်းနေသော ပြည် နယ်မြို့ကြီးများမှ ကြောက်လန့်ဖွယ်ငိုကြွေးသံများကို ဝမ်းနည်းဖွယ် ကြားနေရပါသည်။ မြေငလျင် အလှုပ်ခံရသလို ပြင်သစ်ပြည်ကြီးတစ်ခု လုံးသည် မတည်မငြိမ် လှုပ်ရှားနေပါသည်။ ဘုရားသခင်၏ ပညတ် တော်များထက်ပို၍ မြှောက်စားခြင်းခံရသည့် ဘုရားတရားမဲ့အာဏာ ရှင်က ဘာသာရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုရေးငြိမ်ဝပ်ပိပြားမှု၊ မိသားစုအရေးမှစ၍ နိုင်ငံတော်နှင့် အသင်းတော်များအားလုံးကို ထိုးနှက်လိုက်ပါသည်။GCBur 299.2

    တွင်းနက်ကြီးထဲမှတက်လာသော ဘုရားကိုစော်ကားသူ သား ရဲက ကွပ်မျက်ခဲ့သော သက်သေခံများသည်လည်း ကြာရှည်စွာ ငြိမ်မနေ နိုင်ကြချေ။ “ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင် ဘုရားသခင့် အထံတော် က အသက်ဝိညာဉ်သည် သူတို့၌ဝင်သဖြင့် သူတို့သည် မတ်တတ်ထ၍ မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံ့ကြ၏။” ဗျာဒိတ်ကျမ်း ၁၁:၁၁။ GCBur 300.1

    ပြင်သစ်လွှတ်တော်က သမ္မာကျမ်းစာကို ဘေးဖယ်ထားရန် ၁၇၉၃ ခုနှစ်တွင် အတည်ပြုခဲ့သည်။ နောင်သုံးနှစ်ခွဲကြာသောအချိန် တွင် ထိုလွှတ်တော်ကပင် ထိုအတည်ပြုချက်ကို ပယ်ဖျက်ခဲ့ပါသည်။ ကောင်းသောသီလနှင့် စာရိတ္တများ တို့၏ အခြေခံအဖြစ် ..................... ဘုရားသခင်နှင့်တကွ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ယုံကြည် မှ ဖြစ်တော့မည်ကို သူတို့အသိအမှတ်ပြုခဲ့ကြပါသည်။GCBur 300.2

    “ကောင်းကင်ကထွက်သော အသံကြီးကား၊ ဤအရပ်သို့ တက်ကြလော့ဟု မိမိတို့အားပြောဆိုသည်ကို သူတို့သည်ကြားလျှင် မိုးတိမ်ဖြင့် ကောင်းကင်သို့တက်၍ ရန်သူတို့သည်မြင်ကြ၏” ဟူ၍ ထိုသက်သေခံနှစ်ပါး နှင့်ပတ်သက်၍ ရှင်ယောဟန်ကဖွင့်ဆိုခဲ့ပါသည်။ ဗျာ၊ ၁၁:၁၂။ ဘုရားသခင်၏ သက်သေခံနှစ်ပါးတည်းဟူ သောဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများသည် မကြုံစဖူးအောင် အ မြှောက်စားခံခဲ့ရပါသည်။ ဗြိတိသျှနှင့် နိုင်ငံခြားကျမ်းစာ အသင်းကြီးကို ၁၈၀၄ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည်။ ဥရောပတိုက်တွင် ထိုအဖွဲ့အစည်းမျိုးကို ဆက်တိုက်ဖွဲ့စည်းခဲ့ကြသည်။ ၁၈၁၆ ခုနှစ်တွင် အမေရိကန် ကျမ်းစာအ သင်းကို တည်ထောင်ခဲ့သည်။ ထိုအချိန်ကတည်းကပင် သမ္မာကျမ်းစာကို ဘာသာစကားပေါင်းများစွာဖြင့် ဘာသာပြန်ဆိုပြီးဖြစ်သည်။GCBur 301.1

    ၁၇၉၂ ခုနှစ် မတိုင်မီကာလများတွင် နိုင်ငံခြားသာသနာပြု လုပ်ငန်းများကို အာရုံအပြုနည်းခဲ့ကြသည်။ သို့သော် ၁၈ ရာစုနှစ် ကုန်ခါနီးတွင် ပြောင်းလဲမှုများအကြီးအကျယ်ရှိခဲ့သည်။ လူတို့သည် ကျိုးကြောင်းဆင်ခြင်ရေး ဝါဒအပေါ်တွင် ကျေနပ်မှုမရှိကြတော့ဘဲ ဘု ရားသခင်ထံမှဖွင့်ဆိုချက်နှင့် စမ်းသပ်မှုခံနိုင်သည့် ဘာသာအယူဝါဒ များလိုအပ်ကြောင်း သဘောပေါက်လာကြသည်။ ထိုအချိန်မှစ၍ နိုင်ငံခြားသာသနာ လုပ်ငန်းများသည် အစဉ်အလာမရှိသော တိုးတက် မှုများကို ရရှိခဲ့ကြသည်။GCBur 301.2

    ပုံနှိပ်ခြင်းအတတ်ပညာတိုးတက်လာခြင်းသည်လည်း သမ္မာ ကျမ်းစာ ဖြန့်ချိမှုအရှိန်အဟုန်ကို အားကောင်းစေခဲ့သည်။ အာဃာတ စိတ်များလျော့နည်းသွားခြင်းနှင့် ရှင်ဘုရင်များအပေါ်မှာသက်ရောက် ခဲ့သည့် ရဟန်းမင်း၏ ဩဇာအာဏာကျဆင်းလာခြင်းများသည် နှုတ်ကပတ်တော် ဖြန့်ချိမှုအတွက် လမ်းပွင့်သွားစေပါသည်။ ယခုတွင်မူ သမ္မာကျမ်းစာကို ကမ္ဘာအနှံ့သို့သယ်ဆောင်သွားနိုင်ခဲ့ချေပြီ။GCBur 301.3

    “ပုဂ္ဂိုလ် (၁၂) ဦးက ခရစ်ယာန်ဘာသာကိုတည်ထောင်ခဲ့ တယ်လို့ လူတွေထပ်ခါတလဲပြောနေတာကြားရတာ နားထောင်ငြီး နေပြီ။ ဒီအယူဝါဒကို ဖျက်ဆီးပစ်ဖို့ လူတစ်ယောက်ဆို လုံလောက် တယ်ဆိုတာကို ကျွန်တော် သက်သေပြမယ်” ဟု ဘုရားတရားမရှိသူ ဗေါလ်တာရီကပြောခဲ့သည်။ သမ္မာကျမ်းစာကို တိုက်လှန်သည့်စစ် ပွဲမှာလူသန်းပေါင်းများစွာပါဝင်ခဲ့ ကြပါသည်။ သမ္မာကျမ်းစာကို ဖျက် ဆီးပစ်နိုင်ဖို့နေနေသာသာ ဗေါလ်တာရီ အချိန်တုန်းက ကျမ်းစာအုပ်ရေ တစ်ရာလောက်ပဲရှိခဲ့ပေမယ့် ယခုအချိန်မှာ သိန်းချီရှိနေပေပြီ။ သမ္မာ ကျမ်းစာသည် လူအတော်များများကို ပျက်စီးသွားစေသည့် ပေတုံးတစ် တုံးဖြစ်ပါသည်။GCBur 302.1

    လူသားများ၏ အာဏာတန်ခိုးအပေါ်တွင် တည်ဆောက်သမျှ တို့သည် ပျက်စီးသွားကြမည်ဖြစ်သော်လည်း နှုတ်ကပတ်တော် ကျောက်အပေါ်မှာ တည်ဆောက်သမျှတို့သည် ထာဝရတည်မြဲကြ လိမ့်မည်။GCBur 302.2

    *****