Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ရော်ဂျာဝီလီယမ်

    ရှေးဦးအာဂန္တုများကဲ့သို့ပင် ရော်ဂျာဝီလီယမ်သည်လည်း ဘာသာရေး လွတ်လပ်မှုခံစားနိုင်ရန် ဤကမ္ဘာသစ်သို့လာခဲ့ပါသည်။ သို့ရာတွင် ဤလွတ်လပ်ခွင့်မှာ လူခပ်သိမ်းတို့ကွဲပြားခြားနားမှုမရှိ ဘဲခံစားခွင့်ရှိသော အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟူ၍ လူနည်းစုက သာသိရှိထားသည်ကို သူမြင်တွေ့ခဲ့သည်။ ဝီလီယမ်သည် သမ္မာတ ရားကို ကြိုးစားရှာဖွေသူဖြစ်ရုံ သာမက ဩတ္တပ္ပစိတ်၏ လွတ်လပ်မှု ဆိုင်ရာ ယုံကြည်ချက်အပေါ်တွင် “ပြည်သူ့အစိုးရကိုတည်ဆောက် သည့် ခေတ်သစ်ခရစ်ယာန်လောကမှ ပထမဦးဆုံးသော လူသားတစ် ဦးဖြစ်သည်။” GCBur 308.1

    “လူထုကသော်လည်းကောင်း၊ တရားသူကြီးများက သော်လည်းကောင်း လူတစ်ဦးက လူတစ်ဦးအပေါ် လုပ်ဆောင် ပေးရမည့်တာဝန်များကို ဆုံးဖြတ်ပေးနိုင်ကောင်း ပေးနိုင်ပေမည်။ သို့ သော် ဘုရားသခင့်အပေါ် တင်ကျန်နေသောတာဝန်များအကြောင်း ကိုသူတို့ဖေါ်ပြရန် ကြိုးစားလာသောအခါ သူတို့ဟာ မိုးသောက် ကြက်တင်း နေဝင်စပါးလှန်းသလိုဖြစ်နေသည်။ လုံခြုံမှုရှိသော နေရာမရှိနိုင်ချေ။ ထိုတရား သူကြီးမှာ အာဏာသာရှိခဲ့လျှင် သူဟာ ဒီနေ့မှာ ထင်မြင်ချက်၊ ယုံကြည်ချက် တစ်ပုံကြီးကိုထုတ်ပြန်ပြီး မနက်ဖြန်မှာ တစ်မျိုးထုတ်ပြန်လာနိုင်သည်။ အင်္ဂလန်မှာ နန်းတက် လာတဲ့ ဘုရင်၊ ဘုရင်မများဟာ အမိန့်တွေအမျိုးမျိုးထုတ်ခဲ့သလို ရောမအသင်းတော်က ခေါင်းဆောင်ဖြစ်လာတဲ့ ရဟန်းမင်းများဟာ အမိန့်တွေအမျိုးမျိုးထုတ်ခဲ့သလို သူလည်း ဒီနေ့တစ်မျိုး၊ မနက်ဖြန် တစ်မျိုး ထုတ်လာနိုင်တယ်” ဟု သူဖွင့်ဆိုခဲ့သည်။GCBur 308.2

    တည်ထောင်ဖွဲ့စည်းထားသော ဘုရားရှိခိုးကျောင်းများသို့ တက်ရောက်ဝတ်ပြုသူများသည် ဒဏ်ကြေးပေးခြင်း (သို့မဟုတ်) အကျဉ်းချခြင်းများနှင့် ရင်ဆိုင်ကြရသည်။ “ကွဲပြားခြားနားသော အယူဝါဒ ရှိသူများနှင့် အတင်းအကျပ်ပူးပေါင်းခိုင်းခြင်းသည် ၎င်းတို့၏ မွေးရာပါ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်း ဖြစ် သည်ဟု ဝီလီယမ်က မှတ်ယူခဲ့ပါသည်။ ဘာသာရေးမဆန်သော ဝတ် ပြုကိုးကွယ်ပွဲများသို့ စိတ်မပါဘဲ အတင်းအကျပ်တက်ခိုင်းခြင်းသည် ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်ခြင်းနှင့် တူနေသည်။ မည်သူ မဆိုမိမိအလိုနှင့်ဆန့်ကျင်တဲ့ ဝတ်ပြုကိုးကွယ်ခြင်းတွေကို မပြု လုပ်သင့်ဘူး” ဟု သူဖွင့်ဆိုခဲ့သည်။GCBur 309.1

    ရော်ဂျာဝီလီယမ်အား လေးစားခင်မင်ကြသော်လည်း ဘာ သာရေး လွတ်လပ်ခွင့်ရရန် တောင်းဆိုချက်ကိုမူ သီးမခံခဲ့ကြချေ။ အဖမ်းမခံရစေရန် အတွက် သူသည် ဆောင်းဥတု၏ အအေးဒဏ်နှင့် နှင်းမုန်တိုင်းများကြားမှ တောနက်ကြီးကိုဖြတ်ကာ ထွက်ပြေးတိမ်း ရှောင်ခဲ့ရသည်။GCBur 309.2

    “ကျွန်တော်ဟာ ပြင်းထန်တဲ့ရာသီဥတုဒဏ်ကိုခံစားရင်း ဘာစားပြီး၊ ဘယ်မှာအိပ်ရမှန်းမသိတဲ့ဘဝနဲ့ တစ်ဆယ့်လေးပတ်လုံး လုံးဖြတ်သန်းခဲ့ရတယ်။ ဒါပေမယ့် တောကျီးအတွေက တောထဲမှာ ကျွန်တော့်ကိုကျွေးမွေးပြုစုကြပြီး သစ်ပင်ကြီးတွေက ကျွန်တော် နားခိုရာ ဖြစ်ခဲ့ပါတယ်” ဟု သူရင်ဖွင့်ပါသည်။ သူသည် နှင်းတော ထဲတွင်လမ်းမရှိသော သစ်တောကြီးများကိုဖြတ်လျက် ပင်ပင်ပန်း ပန်းဆက်လက်ထွက်ပြေးခဲ့ရာ နောက်ဆုံးတွင် ယုံကြည်စိတ်ချပြီး ချစ် ခင်သနားသည့် အင်ဒီးယမ်းများထံတွင် ခိုနားခွင့်ရခဲ့ပါသည်။GCBur 309.3

    လူအသီးသီးတို့သည် မိမိတို့ရရှိသည့်အလင်းတရားအတိုင်း ဘုရားသခင်ကို လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်း အသိအမှတ်ပြု သည့် ခေတ်သစ်၏ ပထမပြည်နယ်အတွက် အုတ်မြစ်ကို သူချခဲ့ပါ သည်။ GCBur 310.1

    သူနေထိုင်ရာ ရော့ဒ်အိုင်လင်ဟုခေါ်သည့် ပြည်နယ်အငယ် ကလေးမှ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အခြေခံစည်းမျဉ်းများ သည်အမေရိကန်သမ္မတနိုင်ငံ၏ တိုက်ထောင့်ကျောက်ဖြစ်လာသည် အထိ တိုးတက်ကြီးပွားလာခဲ့ပါသည်။GCBur 310.2