Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သမ္မာကျမ်းစာနှင့်ရှေးဟောင်းနှောင်းဖြစ်အစီအစဉ်

    စကြဝဠာဆိုင်ရာ ငြိမ်းချမ်းစွာစိုးစံမှုနှင့် ဘုရားသခင်၏ နိုင်ငံတော် တည်ထောင်ခြင်းသည် ဒုတိယအကြိမ်ကြွလာပြီးမှဖြစ်ပျက် ကြမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက မီလာအား သက်သေပြုခဲ့သည်။ ထို့အပြင် ကမ္ဘာ့အခြေအနေ သည်လမ်း နောက်ဆုံးသောနေ့များ အတွက်ဖေါ်ပြသည့်အနာဂတ္တိဖေါ်ပြချက် များနှင့် ကိုက်ညီနေပါသည်။ ထိုကြောင့် ကမ္ဘာကြီးအတွက် ခွင့်ပြုထားသည့် အချိန်သည် ယခု လောလောဆယ်ကာလမှာပင် ကုန်ဆုံးတော့မည်ဟု သူမှတ်ချက်ချ ခဲ့ပါသည်။GCBur 342.1

    “ကျွန်တော့်စိတ်ထဲမှာ ထင်ထင်ရှားရှားစွဲနေတဲ့ အခြားသာဓက တစ်ခုကတော့ ကျမ်းစာထဲက ရှေးဟောင်းနှောင်းဖြစ်အစီအစဉ်တွေပဲ ဖြစ်တယ်။ GCBur 342.2

    ကြိုတင်ဟောကိန်းထုတ်ထားတဲ့ အဖြစ်အပျက်တွေဟာ အတိတ်တုန်းက ပြည့်စုံခဲ့ပြီးဖြစ်ပေမယ့် ပေးထားတဲ့အချိန်မှာ မကြာ ခဏဖြစ်ပျက်ခဲ့ကြတယ်။ တစ်ချိန်တုန်းက အနာဂတ္တိစကားသက် သက်သာဖြစ်နေတဲ့အဖြစ်အပျက်များဟာ ကြိုတင်ဟောကြားခဲ့တဲ့အ တိုင်းပဲ ပြည့်စုံခဲ့ကြတယ်” ဟု မီလာ ပြောဆိုခဲ့သည်။GCBur 342.3

    ခရစ်တော်ကြွလာမည့်အချိန်အထိ ရေးဆွဲဖေါ်ပြထားသော အချိန်ပိုင်း အစီအစဉ်များကို မီလာတွေ့သောအခါ မိမိ၏ကျွန်များအား ဘုရားသခင်ဖေါ်ပြသော “ခွဲဝေစီမံသောအချိန်ကာလ” များအဖြစ် ထိုအရာ များကို သဘောထားခဲ့သည်။ “ဖေါ်ပြတော်မူသောအရာတို့ သည် ကာလအစဉ် မပြတ် ငါတို့နှင့် ငါတို့သားသမီးတို့၏ အငန်းအ တာဖြစ်၏။” GCBur 342.4

    “ထာဝရ ဘုရားသည် မိမိကျွန်ပုရောဖက်တို့အား မဖေါ်မပြ ဘဲအဘယ်အမှုကိုမျှ စီရင်တော်မမူ။” တရားဟော ၂၉:၂၉။ အာမုတ် ၃:၇။ သမ္မာကျမ်းစာကို လေ့လာလိုက်စားသူများသည် ကျမ်းစာ တွင်ရှင်းလင်းစွာ ဖေါ်ပြထားသည့် လူ့သမိုင်းတွင်ဖြစ်ပျက်မည့် အံ့ဖွယ် သရဲအဖြစ်အပျက်များကို တွေ့ရလိမ့်မည်ဟု တစ်ထစ်ချမျှော်လင့်နိုင် ကြသည်။GCBur 343.1

    “ဘုရားသခင်၏ လမ်းပြုပြင်မှုအောက်တွင် ရေးသားထား သောကျမ်းစာများသည် အကျိုးရှိကြောင်း၊ ဤကျမ်းစာများကို သန့်ရှင်း သောဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် သန့်ရှင်းသူများက ရေးသား ခဲ့ကြခြင်းဖြစ်ကြောင်း၊ ၎င်းပြင် ကျွန်တော်တို့လေ့ကျက်ဖို့ ထိုသို့ ရေး သားခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မာကျမ်းစာ၏နှစ်သိမ့်မှုနှင့် သည်းခံမှုများ အားဖြင့် ကျွန်တော်တို့သည် မျှော်လင့်ချက်ရှိနိုင်ကြောင်း ကျွန်တော် တကယ် သဘောပေါက်သွားပါပြီ။ ဒါကြောင့် ကျွန်တော်တို့ကိုဖေါ် ပြဖို့အသင့်လျော်ဆုံး အရာတွေကို ကရုဏာတော်အားဖြင့် ဘုရား သခင်တွေ့ရှိထားတဲ့အရာတွေကို နားလည်အောင်ကြိုးစားရာမှာ အနာ ဂတ္တိဆိုင်ရာအချိန်တွေကို လျစ်လျူရှုထား ပိုင်ခွင့်မရှိဘူးလို့ ကျွန်တော် ခံစားရတယ်” ဟု မီလာပြောကြားခဲ့ပါသည်။GCBur 343.2

    ခရစ်တော်ကြွလာခြင်းနှင့်ပတ်သက်သော အချိန်များကို ဖေါ်ပြရာတွင် ဒံယေလ ၈:၁၄ သည် အရှင်းလင်းဆုံးအနာဂတ္တိ စကားဖြစ်သည်။ “ရက်ပေါင်း နှစ်ထောင့်သုံးရာတိုင်တိုင်တည်လိမ့် မည်။ ထိုနောက် သန့်ရှင်းရာဌာနတော်ကို တစ်ဖန်ဆေးကြော သုတ် သင်ကြလိမ့်မည်။” သမ္မာကျမ်းစာကို သမ္မာကျမ်းစာကပင် အနက် ထုတ်စေသောအခါ နေ့ရက်တစ်ရက်သည် တစ်နှစ်တာကို ပုံဆောင် ကြောင်း မီလာသိလာရသည်။ GCBur 343.3

    ထိုနှစ်ပေါင်းနှစ်ထောင့်သုံးရာ အနာဂတ္တိနှစ်များသည် ယုဒနှင့်ပတ်သက်၍ ဘုရားသခင် သတ်မှတ်ထားသည့်ဥပဒေတည် သောကာလအဆုံးကို များစွာ ကျော်လွန်သွားကြောင်း၊ ထိုကြောင့် ဤအနာဂတ္တိနှစ်များသည် ယုဒတို့အတွက် ဘုရားသခင်သတ်မှတ် ထားသည့်ကာလနှင့် ပတ်သက်သောတဲတော်ကို ရည်ညွှန်းထားခြင်း မဟုတ်ကြောင်း သူတွေ့မြင်ခဲ့သည်။GCBur 344.1

    ခရစ်ယာန်ခေတ်မှာ ကမ္ဘာကြီးသည် တဲတော် (ဗိမာန်တော်) ဖြစ်သည် ဆိုသည့် ယေဘုယျအမြင်ကို မီလာလက်ခံထားသည်။ ထိုကြောင့် ဗိမာန်တော်ကို ဆေးကြောမည်ဟု ဒံယေလ ၈:၁၄ တွင် ဖေါ်ပြထားချက်သည် ကိုယ်တော်ဒုတိယအကြိမ်ကြွလာသောအခါ ကမ္ဘာကြီးကို မီးဖြင့်ဆေးကြောမည် ဆိုသည့်သဘောသက်ရောက် သည်။ အကယ်၍သာ ထိုနှစ်ပေါင်းနှစ်ထောင့် သုံးရာ၏အစကို မှန်ကန် စွာရှာနိုင်လျှင် ဒုတိယအကြိမ်ကြွလာမည့်အချိန်ကို ဖေါ်ပြနိုင်တော့ မည်။GCBur 344.2