Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကမ္ဘာအနှံ့သို့သွား၍ဟောပြောပါ

    “ကျွန်တော်အလုပ်လုပ်နေစဉ် ကျွန်တော့်နားထဲမှာ ဆက်တိုက် ကြားနေရတာက ‘အန္တရာယ်ကျတော့မယ့်ကမ္ဘာကြီးသို့သွား၍ ဟောကြားပါ’ ဆိုတာပဲဖြစ်တယ်။” “ငါသည် လူဆိုးအား၊ အိုလူဆိုး၊ အကယ် စင်စစ် သင်သည် အသေခံရမည်ဟုဆိုသောအခါ ဆိုးသော သူကို သူ၏လမ်းမှ လွှဲစေခြင်းငှာ သင်သည်သတိမပေးလျှင် ထိုလူဆိုး သည် မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင် သူ၏အသက် ကို သင်၌ငါတောင်းမည်” ဟူသောကျမ်းချက်ကို ကျွန်တော်အမြဲ သတိရနေမိသည်။ GCBur 350.3

    လူဆိုးတွေကို သွားပြီး သတိပေးမိရင် သူတို့ဟာ နောင်တ ရလာနိုင်တယ်။ သတိမပေးမိရင်တော့ သူတို့အသွေးကို ကျွန်တော့်ထံ မှာတောင်းလိမ့်မယ်လို့ ကျွန်တော်သိလာသည်။ လူသားတို့ထံ သွား၍ဟောပြောပါ။ သို့မဟုတ်လျှင် သူတို့ရဲ့အသွေးကို သင့်ထံမှာ ငါတောင်းမည်ဆိုသည့်စကားလုံးများကိုလည်း ထပ်ခါတလဲ သူကြား ယောင် နေမိသည်။ (၉) နှစ်ကြာသည့်တိုင်အောင် သူတုံ့နှေးနေခဲ့ပြီး ၁၈၃၁ ခုနှစ်တွင် ယုံကြည်ခြင်းပတ်သက်သည့် ကျိုးကြောင်းဆင်ခြင် မှုတရားဟောချက်ကို သူပထမဦးဆုံးဟောကြားခဲ့ပါသည်။GCBur 351.1

    သူသည် ထိုအချိန်တွင် အသက် (၅၀) နှစ်ရှိနေပြီဖြစ်ပြီး လူထုရှေ့တွင် ဟောပြောခြင်းများ၌လည်း၊ အလေ့အထမရှိသူဖြစ် သော်လည်း သူ၏လုပ်ဆောင်မှုကို ကောင်းချီးပေးခြင်းခံခဲ့ရသည်။ ပထမဦးဆုံး ဟောကြားသည့်တရားစကားများကြောင့် ဝိညာဉ်ရေး နိုးကြားမှုများ ဖြစ်လာကာ မိသားစု (၁၃) ခုမှပုဂ္ဂိုလ် (၂) ဦးမှလွဲ၍ ကျန်ပုဂ္ဂိုလ်အားလုံး ပြောင်းလဲလာကြပါသည်။ အခြားနေရာများသို့ သွားရောက်ဟောကြားရန် သူ့အား တိုက်တွန်းခဲ့ကြရာ သွားရောက် ဟောကြားသည့် နေရာတိုင်းလိုလို မှာပင် အပြစ်သားများ ပြောင်းလဲလာ ခဲ့ကြသည်။ ခရစ်ယာန်များသည် ကြီးမားသောဆက်ကပ်မှုများကို လုပ်ဆောင်ရန် နိုးကြားလာကြသည်။ ဒေးအစ်များနှင့် ဘုရားတရားမဲ့ သူများလည်း သမ္မာကျမ်းစာမှ အမှန်တရားများကို အသိအမှတ်ပြု လာကြသည်။ သူ၏တရားဟောချက်များသည် လူထု၏စိတ်ကို နိုး ကြားစေကာ တိုးတက်ကြီးပွားနေသော၊ လောကဆန်သော စိတ်ထား များနှင့် ကာမဂုဏ် ခံစားလိုစိတ်များကို လျော့ပါးသွားစေခဲ့သည်။GCBur 351.2

    နေရာအတော်များများရှိ ပရိုတက်စတင့်အသင်းတော်များမှ တရားဟောဆရာများက သူ့အားဖိတ်ခေါ်ခဲ့ကြသည်။ မဖိတ်ခေါ်သော နေရာသို့ သွား၍ တရားမဟောခြင်းမှာ သူ၏စည်းမျဉ်းဖြစ်သော် လည်းမကြာမီမှာပင် ဖိတ်ခေါ်မှု၏ တစ်ဝက်ကိုပင် သူမဖြည့်စွမ်းနိုင် သည်ကိုတွေ့ရပါသည်။ ခရစ်တော်ကြွလာခြင်းသည် သေချာ၍ နီးကပ်နေပြီဖြစ်ကြောင်း၊ ၎င်းတို့ အနေဖြင့် ပြင်ဆင်ကြဖို့လိုအပ်နေ ကြောင်း လူအများကသဘောပေါက်ခဲ့ ပါသည်။ မြို့ကြီးများရှိ တချို့ နေရာများတွင် အရက်ဆိုင်ပိုင်ရှင်များသည် သူတို့၏အရက်ဆိုင်ကို တရားဟောကြားရန်အခန်းအဖြစ် ပြောင်းလဲပစ်လိုက် ကြပါသည်။ GCBur 352.1

    ကစားဝိုင်းအခန်းများကိုလည်း ဖျက်သိမ်းလိုက်ကြသည်။ ဘုရားတရားမဲ့သူများနှင့် အပျော်အပါးလိုက်စားသူများသည်လည်း ပြောင်းလဲ လာကြပါသည်။ အသင်းတော်များတွင် ဆုတောင်းစည်း ဝေးပွဲများကို နာရီတိုင်းကျင်းပခဲ့ရာ စီးပွားရေးသမားများပင် မွန်းတည့် ချိန်ဆုတောင်း စည်းဝေးပွဲသို့တက်ရောက်ကာ ချီးမွမ်းထောမနာ ပြုခဲ့ကြပါသည်။ GCBur 352.2

    သို့သော် အလွန်အကျွံစိတ်လှုပ်ရှားမှုမျိုးတော့မရှိခဲ့ပါ။ သူ၏လုပ်ဆောင်မှုသည် ကနဦး ပြုပြင်ပြောင်းလဲရေးသမားများနည်း တူသူတစ်ပါးအားစိတ်လှုပ်ရှားအောင် လုပ်ဖို့ထက် သမ္မာတရားကို နားလည်သဘောပေါက်ကာ ဩတ္တပ္ပစိတ်ကို နိုးထစေရန် ဖြစ်ပါသည်။GCBur 352.3

    မီလာသည် ၁၈၃၃ ခုနှစ်တွင် နှစ်ခြင်းအသင်းတော်မှ တရား ဟောခွင့်လိုင်စင်ကို လက်ခံရရှိခဲ့သည်။ ၎င်း၏အသင်းတော်မှ တရား ဟောဆရာများကလည်း ၎င်း၏လုပ်ဆောင်မှုကို ထောက်ခံခဲ့ကြ သည်။ GCBur 353.1

    ၎င်းတို့၏လုပ်ရိုးလုပ်စဉ် ခွင့်ပြုချက်အမိန့်ဖြင့် မီလာသည် အမှုတော်ကိုဆက်လက်ဆောင်ရွက်ခဲ့သည်။ သူသည် မနားတမ်းခရီး သွားကာ တရားလှည့်လည်ဟောကြားခဲ့ရသော်လည်း ထောက်ပံ့ငွေ မှာကုန်ကျစရိတ်ကိုမကာမိသဖြင့် ကိုယ်ပိုင်ပစ္စည်းများကို ထိခိုက်လာ ခဲ့ပါသည်။GCBur 353.2