Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    “ကြယ်တို့သည်ကောင်းကင်မှကျကြလိမ့်မည်”

    ကယ်တင်ရှင်သည် မိမိ၏ဒုတိယအကြိမ်ကြွလာခြင်းအတွက် အထိမ်းအမှတ်အဖြစ် မိန့်ဆိုတော်မူခဲ့သော နိမိတ်လက္ခဏာသည် ၁၈၃၃ခုနှစ်တွင် ပြည့်စုံခဲ့ပါသည်။ “ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။” မဿဲ ၂၄:၂၉။ ဗျာဒိတ်ဆရာယောဟန်ကလည်း “သင်္ဘောသဖန်းပင်ကို ပြင်းစွာသောလေတိုက်လျှင် အချိန်မတန်သော အသီးကြွေသကဲ့သို့ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ကျ ကြလိမ့်မည်” ဟု ရေးသားခဲ့သည်။ ဗျာ ၆:၁၃။ ၁၈၃၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ထိုအနာဂတ္တိစကားသည် ပြည့်စုံခဲ့ ပါသည်။ GCBur 353.3

    “ထိုနေ့က ကြယ်များမြေပေါ်သို့ကြွေကျတာလောက် မိုးသည်းထန်တာမဖြစ်ခဲ့ဖူးချေ။ အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့တွင် အတူတူပင်ပြင်းထန်စွာကြယ်ကြွေခဲ့ပါသည်။ ကောင်းကင်ပြင်ကြီး တစ်ခုလုံးသည် လှုပ်ရှားရွေ့လျားနေသလိုဖြစ်နေ သည်။ ၂ နာရီအချိန်မှစ၍ အလင်းရောက်သည့်အချိန်အထိ ကောင်း ကင်ပြင်၌ မိုးသားတိမ်လိပ်များကင်းစင်ကာ သာယာနေပါသည်။ ကောင်းကင်တစ်ပြင်လုံး ၌လည်း မျက်စိကျိန်းလောက်အောင် တလက် လက်တောက်ပနေသော ကြယ်ကလေးများဖြင့် ထွန်းလင်းတောက် ပနေပါသည်။GCBur 353.4

    ကောင်းကင်ရှိကြယ်များကို ကျွန်ုပ်တို့၏ခေါင်းပေါ်တည့် တည့်ရှိကောင်းကင်ယံဝယ်စုစည်းကာ အလင်း၏အလျင်မျိုးဖြင့် မိုး ကုပ်စက်ဝိုင်း၏ နေရာအသီးသီးသို့ ဆက်တိုက်ပစ်လွှတ်လိုက်သည့် နှယ်ထောင်ပေါင်းများစွာ သော ကြယ်များသည် ထောင်ပေါင်းများစွာ သော လမ်းကြောင်းများအတိုင်း ဆက်တိုက်ကြွေကျခဲ့ပါသည်။ ထိုအ ဖြစ်အပျက်အတွက် ဖန်ဆင်းထားသည့် ကြယ်များသဖွယ်ဖြစ်နေပါ သည်။” “လေပြင်းတိုက်သဖြင့် သဖန်းပင်မှ သဖန်းသီးများကြွေကျ သည့်ပုံနှင့်တူနေပါသည်။ မြင်တွေ့ရန်မလွယ်သောရှုခင်းမျိုးလည်းဖြစ် ပါသည်။GCBur 354.1

    ၁၈၃၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်ထုတ် နယူးယောက် ကူးသန်းရောင်းဝယ်ရေးဂျာနယ်တွင် ထိုအကြောင်းကို ဆောင်းပါး တစ်ပိုဒ်အဖြစ် ရေးသားဖေါ်ပြခဲ့ပါသည်။ “ယမန်နေ့နံနက်က ဖြစ် ပျက်ခဲ့သည့် အဖြစ်အပျက် နှင့်တူသော အဖြစ်အပျက်တစ်ခုကိုမျှ အ တွေးအခေါ်ပညာရှိများက ပြောဆိုခြင်း၊ ရေးသားမှတ်တမ်းတင်ခြင်း မရှိခဲ့ဖူးပါ။ GCBur 354.2

    ကျွန်ုပ်တို့သည် ကြွေသောကြယ်များကိုအနက်ဖွင့်ရန် ကြယ်ကြွေခြင်းအကြောင်းကို နားလည်ဖို့ အခက်အခဲရှိခဲ့လျှင် ပုရော ဖက်တစ်ပါးက လွန်ခဲ့သောနှစ်ပေါင်း ၁၈၀၀ ကတည်းက ထိုအကြောင်း ကို တိတိကျကျကြိုတင်ဟောကိန်းထုတ်ခဲ့ပါသည်” ဟူ၍ဖြစ်၏။GCBur 354.3

    “ထိုအကြောင်းအရာအလုံးစုံတို့ကိုမြင်ရလျှင် လူသားသည် တံခါးဝ တိုင်အောင် အနီးသို့ရောက်တော်မူသည်ကို သိမှတ်ကြလော့” ဟုတပည့်တော်များအား ခရစ်တော်သတိပေးခဲ့သော ကြွလာခြင်း နှင့်ပတ်သက် သည့် နိမိတ်လက္ခဏာများတွင် အထက်ဖေါ်ပြပါ အ ကြောင်းအရာသည် နောက်ဆုံးသောနိမိတ်လက္ခဏာဖြစ်သည်။ ကိုယ် တိုင်တွေ့မြင်ခဲ့ရသူများက ထိုအဖြစ်အပျက်ကို ပြုလုပ်တော့မည့် တရားစီရင်ခြင်း၏ရှေ့ပြေးတစ်ခုအဖြစ် မှတ်ယူခဲ့ကြသည်။GCBur 355.1

    ၁၈၄၀ ခုနှစ်တွင်လည်း စိတ်ဝင်စားဖွယ် အနာဂတ္တိစကား ပြည့်စုံမှု တစ်ခုဖြစ်ခဲ့ပါသည်။ ဂျိုဇိုင်းယားလစ်ခ်သည် ၁၈၄၀ ခုနှစ်၊ ဩဂုတ်လထဲတွင် အော်တိုမင်အင်ပါယာ ကျဆုံးမည့်အကြောင်း ကြို တင်ဟောကိန်းထုတ်လျက် ဗျာဒိတ်ကျမ်း ၉ ဖွင့်ဆိုချက်ကို နှစ်နှစ် တင်ကြို၍ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။ ထိုဟောကိန်းထုတ်ထားသည့် အကြောင်း ဖြစ်ပျက်ရန်ရက်အနည်းငယ် အလိုတွင် “ကွန်စတန်တင် နိုပယ်မြို့ရှိ အော်တိုမင်တန်ခိုးအာဏာသည် ၁၈၄၀ ခုနှစ်၊ ဩဂုတ် လ ၁၁ ရက်နေ့တွင် ကျဆုံးလိမ့်မည်ဟု မြော်လင့်ရသည်” ဟု ရေး သားခဲ့ပါသည်။GCBur 355.2