Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အနာဂတ္တိစကားပြည့်စုံခြင်း

    ကြိုတင်ဟောကိန်းထုတ်ထားသည့်နေ့ရက်မှာပင် တူရကီ တို့သည် ဥရောပမဟာမိတ်တပ်ဖွဲ့၏ကာကွယ်မှုကို လက်ခံခဲ့ရာ ခရစ် ယာန်နိုင်ငံများ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားခဲ့ပါသည်။ ထိုအဖြစ်အပျက်သည် ကြိုတင်ဟောကိန်းထုတ်ထားသည့်အတိုင်း တိတိကျကျပြည့်စုံခဲ့ပါသည်။ လူထုကြီးသည် မီလာနှင့် သူ၏လက် ထောက်များ လိုက်နာကျင့်သုံးခဲ့သော အနာဂတ္တိစကားအနက် ဖွင့် ခြင်းဆိုင်ရာနိယာမများကို သဘောပေါက်လာကာ အထူးသဖြင့် ပညာတတ်အဆင့်မြင့်အရာရှိကြီးများသည် မီလာ၏အမြင်များကို ဟောကြားခြင်းနှင့် ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်လာကြပါသည်။ ၁၈၄၀ ခုနှစ်မှ ၁၈၄၄ ခုနှစ်အတွင်း အမှုတော်သည် အလျင်အမြန်တိုးတက်ခဲ့ပါသည်။GCBur 355.3

    ဝီလီယမ်မီလာသည် ခိုင်မာသောစိတ်တန်ခိုးကို ပိုင်ဆိုင်ပြီး ဘုရားသခင်နှင့် အဆက်အသွယ်ပြုခြင်းအားဖြင့် အထက်မှဉာဏ် ပညာများ ကိုပါ ပိုင်ဆိုင်ထားသူဖြစ်သည်။ သမာဓိနှင့် အကျင့်စာရိ တ္တကောင်းမြတ်ခြင်းကို တန်ဖိုးထားသူတိုင်းအားသူလေးစားသည်။ ယဉ်ကျေးသိမ်မွေ့၍ ရင်းရင်း နှီးနှီး နေတတ်သူဖြစ်သည်။ GCBur 356.1

    သူတစ်ပါး၏ တင်ပြချက်များကို လေးလေးစားစား နားထောင် တတ်ပြီး အလေးပေးစဉ်းစားတတ်သူဖြစ်သည်။ သီအိုရီအားလုံးကို နှုတ်ကပတ်တော်နှင့် စစ်ဆေးတတ်ပြီး သူ၏ကျမ်းစာတတ်ကျွမ်း နားလည်မှုကြောင့် အမှားအယွင်းများကို ဖယ်ရှားနိုင်သူတစ်ဦး ဖြစ်သည်။GCBur 356.2

    သို့စေကာမူ သူတင်ပြခဲ့သောအမှန်တရားများကို နာမည်ကြီး ဘာသာရေးဆရာများက လက်မခံခဲ့ကြချေ။ ၎င်းတို့သည် မိမိတို့၏ ရပ်တည်မှုမှန်ကန်မကြောင်း သမ္မာကျမ်းစာဖြင့် သက်သေမပြနိုင်ကြ သောအခါ လူတို့တီထွင်ထားသော ယုံကြည်ချက်နှင့် မိရိုးဖလာ၊ ရိုးရာ ဓလေ့များကို အားကိုးလာကြပါသည်။ သို့သော်နှုတ်ကပတ်တော် ကိုတစ်ခုတည်းသော သက်သေခံအဖြစ် ကြွလာခြင်းဆိုင်ရာ အမှန်တရားကိုဟောကြားသူများက လက်ခံခဲ့ကြသည်။ ခရစ်တော် ကြွလာခြင်း ကို ဝမ်းမြောက်ဝမ်းသာမျှော်လင့်လျက် သန့်ရှင်းသော အသက်တာအားဖြင့် အသက်ရှင်နေထိုင်ရန်ကြိုးစားကာ ကြွလာ ခြင်းအတွက် မိမိကိုယ်ကိုပြင်ဆင် နေသူများအား အမနာပပြောဆို နေမှုများကြောင့် ထိုသူများသည် ပြောင်လှောင် ပြက်ရယ်ပြုခြင်းများ နှင့်ရင်ဆိုင်ခဲ့ကြရသည်။ GCBur 356.3

    ခရစ်တော်ကြွလာခြင်းနှင့် ကပ်ကာလကုန်ဆုံးခြင်းနှင့် ဆိုင်သောအနာဂတ္တိစကားများကို လေ့လာလိုက်စားခြင်းကို အပြစ် တစ်ခုအဖြစ် ထင်လာအောင် လုပ်ဆောင်နေ ကြသည်။ ဤသို့လုပ် ဆောင်ခြင်းအားဖြင့် ရေပန်းစားနေသော အမှုတော် လုပ်ငန်းသည် နှုတ်ကပတ်တော်၌ ယုံကြည်ခြင်းကို အလေးမထားခဲ့ချေ။ GCBur 357.1

    ၎င်းတို့၏ သွန်သင်ချက်များကြောင့် လူတို့သည် ဘုရားတရား ကိုမကြည်ညိုသူများဖြစ်လာကာ ကာမဂုဏ်ခံစားမှုလမ်းစဉ်ကို လိုက် လျှောက်ခဲ့ကြသည်။ ထိုအချိန်တွင် ထိုသူများက ထိုဒုစရိုက်မှုများ အတွက် မြော်လင့်ခြင်းအသင်း သားများအပေါ် အပြစ်ပုံလာကြ ပြန်သည်။GCBur 357.2

    ဘာသာရေးဆိုင်ရာပုံနှိပ်တိုက်များကလည်း ပညာတတ်အ သိုက်အဝန်း မှ တရားနာပရိသတ်ကို ဆွဲဆောင်ရေးသားရာတွင် မီလာ၏နာမည်ကို ပြက်ရယ်ပြုသောနေရာများမှလွဲ၍ အခြားနေရာ များတွင် ဖေါ်ပြခဲလှသည်။ ဘာသာရေးဆရာများ၏ အားပေးမှုကို ရရှိသော ဘုရားတရားမဲ့ပုဂ္ဂိုလ်များက မီလာ၏ အမှုတော်လုပ်ငန်း အပေါ် ဘုရားသခင်ကိုစော်ကားသော အလိမ္မာသုံး ဝါဒများအားအ သုံးပြုကာ တိုက်ခိုက်ခဲ့ကြသည်။ နီးကပ်လာပြီဖြစ်သော တရားစီ ရင်ခြင်းအကြောင်း သတိပေးစကားများကို မိမိစရိတ်ဖြင့် လှည့်လည် ဟောကြားရန် ကိုယ်ပိုင်အိုးအိမ်များကိုစွန့်ပစ်ခဲ့သည် ခေါင်းဖြူ မီလာကိုအယူသီးသူ၊ တစ်ယူသန်သူအဖြစ် လူသိရှင်ကြားကြေညာ နေကြပါသည်။GCBur 357.3