Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    “အချိန်ပြည့်စုံပြီ”

    “အချိန်ပြည့်စုံပြီ။ ဘုရားသခင်၏နိုင်ငံတော်သည် တည်လု နီးပြီ။ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့” ဟူသော သတင်း စကားနှင့်အတူ တမန်တော်များကို ခရစ်တော် စေ လွှတ်တော်မူခဲ့သည်။ မာကု ၁:၁၅။ ထိုသတင်းစကားသည် ဒံယေလ အခန်းကြီး ၉ ကို အခြေပြုထားပါသည်။ “ခရစ်တော်သခင်၏ လက် ထက်တိုင်အောင် ၆၉ သီတင်း ကြာလိမ့်မည်။” ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်ရန် ယေရုရှလင်မြို့၌ မေရှိယ၏ နိုင်ငံတော် တည်ထောင် မည့်အရေးကို တမန်တော်များ မှန်းမျှော်ခဲ့ ကြပါသည်။GCBur 366.3

    သူတို့သည် သတင်းစကား၏အဓိပ္ပါယ်ကို နားမလည်ကြသော် လည်း ၎င်းတို့၌အပ်နှံထားသော ထိုသတင်းစကားကို ဟောပြောကြ ပါသည်။ ၎င်းတို့ကြွေးကြော်နေသောအရာသည် ဒံယေလ ၉:၂၅ ကိုအခြေပြု ထားသော်လည်း “ခရစ်တော်သည် အသေသတ်ခြင်းကို ခံရလိမ့်မည်” ဆိုသော နောက်ကျမ်းချက်ကို သူတို့မတွေ့မြင်ခဲ့ကြ ချေ။ GCBur 366.4

    လောကအင်ပါယာကြီး၏ ဘုန်းစည်းစိမ်ကိုသာ သူတို့တောင့် တနေကြရာ ဤသဘောထားသည် သူတို့၏ နားလည်တတ်သော ဝိညာဉ်ရေးမျက်စိကိုကွယ်စေခဲ့သည်။ ဒါဝဒ်၏သလွန် ထက်ဝယ် ခရစ် တော်နန်းတက်မည်ဟု သူတို့မျှော်လင့်ထားသောအချိန်တွင် ကိုယ် တော်အဖမ်းခံရခြင်း၊ အရိုက်ခံရခြင်း၊ အစော်ကားခံရခြင်း၊ ကပ်တိုင် ပေါ်ကိုတင်ပြီး အသတ်ခံရခြင်းများကိုသာ မြင်ခဲ့ကြရာ ထိုတမန် တော်များသည် အလွန်စိတ်ပျက်အားငယ်သွားခဲ့ကြပါသည်။GCBur 367.1

    ခရစ်တော်သည် ကြိုတင်ဟောကိန်းထုတ်ခဲ့သည့်အချိန်တွင် တိတိကျကျရောက်ရှိလာခဲ့သည်။ သမ္မာကျမ်းစာ၏ဖွင့်ဆိုချက်များ သည်အသေးစိတ်ကအစ ပြည့်စုံခဲ့ပါသည်။ ခရစ်တော်ဆောင်ရွက်မည့် ဘုရားအမှုတော်မြတ်အကြောင်းကို နှုတ်ကပတ်တော်နှင့် ဝိညာဉ်တော် ဘုရားက အတူတကွသက်သေခံခဲ့ကြပါသည်။ သို့စေကာမူ တမန် တော်များ၏ စိတ်တွင် သံသယရှိဆဲဖြစ်ပါသည်။ ယေရှုသည် မေရှိယ မှန်လျှင် ၎င်းတို့အား ထိုကဲ့သို့ ဝမ်းနည်းစရာ၊ စိတ်ပျက်စရာများနှင့် ရင်ဆိုင်စေခဲ့မည်လား။ ဤမေးခွန်းသည် ခရစ်တော်၏သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြား မြော်လင့်ချက်ကင်း နေသောဥပုသ် နေ့တွင် ၎င်းတို့၏စိတ်နှလုံးကို ဒုက္ခပေးခဲ့သော မေးခွန်းဖြစ်သည်။GCBur 367.2

    သို့သော် ကိုယ်တော်သည် သူတို့ကိုစွန့်ပစ်ထားတော်မမူချေ။ “ငါသည် မှောင်မိုက်၌ထိုင်ရသော်လည်း ထာဝရဘုရားသည် ငါ၏အလင်းဖြစ်တော်မူလိမ့်မည်။---ငါ့ကို အလင်းထဲသို့ထုတ်၌ နေရာပေးတော်မူသောအားဖြင့် ဖြောင့်မတ်ခြင်းပါရမီတော်ကို ငါ မြင်ရလိမ့်မည်။” “သဘောဖြောင့်သောသူတို့အဖို့ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။” “သူတို့ရှေ့မှာ မှောင်မိုက်ကိုလင်းစေ မည်။ ကောင်သောလမ်းကိုလည်း ဖြောင့်စေမည်။ ထိုသို့သောကျေးဇူး ကိုပြုမည်။ သူတို့ကိုမစွန့်ပစ်။” မိက္ခာ ၇:၈-၉။ ဆာလံ ၁၁၂:၄။ ဟေရှာယ ၄၂:၁၆။GCBur 367.3

    “အချိန်ပြည့်စုံပြီ။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ” ဟူသော တမန်တော်များ၏ ကြွေးကြော်မှုသည် မှန်ကန်လှ၏။ ခရစ် တော်၏ လက်ထက် တိုင်အောင် ကြာမည့်သီတင်း ၆၉ ပတ်အ ဆုံးတွင်ခရစ်တော်သည် နှစ်ခြင်းဆရာယောဟန်ထံတွင် နှစ်ခြင်း မင်္ဂလာယူပြီးနောက် ဝိညာဉ်တော်ဘုရား၏ ဘိသိက်ပေးခြင်းကို ခံတော်မူ၏။ GCBur 368.1

    “ဘုရားသခင်၏ နိုင်ငံတော်” မှာ ၎င်းတို့အား ယုံကြည်ဖို့ သွန်သင်ထားသလို လောကအင်ပါယာကြီး မဟုတ်သည့်အပြင် “မင်း ကြီးအပေါင်းတို့ တိုးဝင် ကျွန်ခံမည့်” မသေမပျောက်နိုင်သည့် အနာ ဂတ်နိုင်ငံတော်ကြီးလည်း မဟုတ်ပါချေ။ ဒံယေလ ၇:၂၇။GCBur 368.2

    “ဘုရားသခင်၏နိုင်ငံတော်” ဟုဆိုရာ၌ ကျေးဇူးတော်နိုင် ငံတော်နှင့် ဘုန်းဝင်စားမည့်နိုင်ငံတော်နှစ်ခုစလုံးကို ဆိုလိုခြင်းဖြစ် ပါသည်။ “ငါတို့သည် သနားခြင်းကရုဏာကိုလည်းကောင်း၊ တော် လျော်သောမစခြင်းကျေးဇူး တော်ကိုလည်းကောင်း ခံရမည်အ ကြောင်းရဲရင့်သောစိတ်နှင့် ကျေးဇူးတော် ပလ္လင်သို့ တိုးဝင်ချဉ်းကပ် ကြကုန်အံ့” ဟု တမန်တော်ရှင်ပေါလုက ပြောခဲ့ပါသည်။ ဟေဗြဲ ၄:၁၆။ ပလ္လင်တော်တည်ရှိခြင်းသည် နိုင်ငံတော်တည်ရှိခြင်းကိုဆိုလို ပါသည်။ ခရစ်တော်သည် လူသားများ၏ နှလုံးသားများအပေါ်တွင် လှုပ်ရှားနေသော ကျေးဇူးတော်ကိုညွှန်ပြရန် “ကောင်းကင်နိုင်ငံတော်” ဟူသောအသုံးအနှုန်းကို အသုံးပြုတော်မူခြင်းဖြစ်သည်။ ထိုနည်းနှင်နှင် ဘုန်းတော်ပလ္လင်သည်လည်း ဘုန်းတော်ဝင်စားမည့်နိုင်ငံတော်ကို ကိုယ်စား ပြုခဲ့ပါသည်။ မဿဲ ၂၅:၃၁-၃၂။ ဤနိုင်ငံတော်သည် အနာ ဂတ်တွင်သာ ရှိနေသေးရာ ခရစ်တော်ဒုတိယအကြိမ်ကြွမလာမီတိုင် အောင် မတည်ထောင်သေးချေ။GCBur 368.3

    ခရစ်တော်သည် အသက်တော်ကိုစွန့်တော်မူစဉ်က ဧဒင် ဥယျာဉ်မှ အပြစ်သားစုံတွဲအားပြုခဲ့သော ကယ်တင်ခြင်းဆိုင်ရာ က တိတော်ကို အတည်ပြုသည့်အနေဖြင့် “အမှုပြီးပြီ” ဟူ၍ ဟစ်ကြွေး ခဲ့ပါသည်။ ကတိတော် အားဖြင့် ရှေးမဆွကတည်ရှိပြီးသားဖြစ်သော ကျေးဇူးတော်နိုင်ငံတော်ကို ထိုအချိန်တွင် တည်ထောင်ခဲ့ပါသည်။GCBur 369.1

    မြော်လင့်ခြင်းပျက်ပြားမှုတစ်ခုအဖြစ် တမန်တော်များရှုမြင် ခဲ့ကြသော ခရစ်တော်၏သေခြင်းသည် ထိုကျေးဇူးတော်နိုင်ငံတော်ကို ထာဝရမြဲမြံစေပါသည်။ GCBur 369.2

    ကိုယ်တော်၏အသေခံခြင်းသည် အထူးစိတ်ပျက်စရာတစ်ခု ဖြစ်ခဲ့သော်လည်း ၎င်းတို့၏ယုံကြည်ခြင်းသည် မှန်ကန်မှုရှိကြောင်း သက်သေဖြစ်ပါသည်။ ၎င်းတို့အား စိတ်ပျက်အားလျော့ စေခဲ့သည့် ထိုဖြစ်ရပ်သည် ဘုရားသခင်၏ခေတ်အဆက်ဆက် သစ္စာရှိသူများ အတွက် မြော်လင့်ခြင်းတခါးကိုဖွင့်စေခဲ့ပါသည်။GCBur 369.3

    ခရစ်တော်အပေါ်ထားရှိသော တမန်တော်တို့၏မေတ္တာတည်း ဟူသော ရွှေစင်သည် အတ္တဆန်သောရည်ရွယ်ချက်များတည်းဟူသော အညံ့စားသတ္တုနှင့် ရောနှောနေပါသည်။ ၎င်းတို့၏အာရုံတွင် ပလ္လင်၊ သရဖူနှင့် ဘုန်းတန်ခိုးများနှင့်သာပြည့်ဝနေပါသည်။ ၎င်းတို့၏ မာန ထောင်လွှားသော နှလုံးနှင့် လောကဘုန်းအသရေကို ဆာငတ်ခင် မွတ်ခြင်း များသည် နိုင်ငံတော်နှင့်ပတ်သက်သည့် စစ်မှန်သော သ ဘာဝကိုဖေါ်ပြနေသည့် ကိုယ်တော်၏နှုတ်ထွက်စကားများကို လည်း ကောင်း၊ အသေသတ်ခံခြင်းကို ညွှန်ပြနေသော မိန့်တော်မူချက် များကိုလည်းကောင်း သတိမမူမိအောင် ဖြစ်သွားပါသည်။ GCBur 369.4

    ၎င်းတို့၏ စာရိတ္တကိုပြင်ဆင်ပေးနိုင်ရန် ခွင့်ပြုတော် မူလိုက် သည့်စမ်းသပ်မှုတွင် ဤအမှားများပေါ်ထွက်လာခဲ့ပါသည်။ ထိုတမန် တော်များလက်သို့ ထမြောက်တော်မူသော သခင်ဘုရား၏ ဧဝံဂေလိ တရားမြတ်ကို အပ်နှံရန်ဖြစ်ရာ ၎င်းတို့အားပြင်ဆင်နိုင်ရန်အလို့ငှာ ခါးသီးပုံပေါ်သော ထိုအတွေ့အကြုံကို ၎င်းတို့အားခံစားစေခဲ့ပါသည်။GCBur 370.1

    ခရစ်တော်သည် ရှင်ပြန်ထမြောက်ပြီးနောက် ဧမောက်သို့ သွားနေသော တပည့်တော်များအား ကိုယ်ထင်ပြကာ “ကိုယ်တော်ကို ရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။” လုကာ ၂၄:၂၇။ ကိုယ်တော်၏ရည်ရွယ်ချက်မှာ “သာ၍မြဲမြံသော အနာဂတ္တိစကားများ” အပေါ်ထားရှိသည့် ၎င်းတို့၏ ယုံကြည်ချက်ကို ပို၍ခိုင်မာစေရန်ဖြစ်ပါသည်။ ၂ပေ၊ ၁:၁၉။ GCBur 370.2

    ထိုသို့ဆိုရာ၌ မိမိ၏ပုဂ္ဂလိကသက်သေခံချက်ကြောင့်သာ မဟုတ်ဘဲ ဓမ္မဟောင်းကျမ်းပါ အနာဂတ္တိများအားဖြင့် ထိုသူများ၏ ယုံကြည်ခြင်းကို ခိုင်မာစေရန်ဖြစ်ပါသည်။ ဤဗဟုသုတကို မျှဝေရန် ပထမခြေလှမ်းအဖြစ် ဓမ္မဟောင်းကျမ်းမှ မောရှေနှင့် ပုရော ဖက်များကိုခရစ်တော် ပြညွှန်တော်မူခဲ့ပါသည်။GCBur 370.3