Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စကင်ဒီနေးဗီးယားမှကလေးတရားဟောဆရာများ

    စကင်ဒီနေးဗီးယားတွင်လည်း ဒုတိယအကြိမ်ကြွလာခြင်း သတင်း စကားများကို ဟောကြားခဲ့ကြပါသည်။ လူများစွာတို့သည် အပြစ်များကိုဝန်ချတောင်းပန်ကာ ခရစ်တော်၏ နာမတော်အားဖြင့် အပြစ်လွှတ်ခွင့်တောင်းခံရန် နိုးကြားလာကြပါသည်။ သို့သော် ထို နိုင်ငံရှိအသင်းတော်မှ ဘာသာရေးခေါင်းဆောင်များက ထိုလှုပ်ရှားမှု ကိုဆန့်ကျင်ကာ သတင်းစကားဟောကြားသူများအား ထောင်ချခဲ့ ကြပါသည်။GCBur 390.4

    တရားဟောဆရာကြီးများကို နှုတ်ပိတ်ခဲ့သည့်နေရာတော် တော်များသို့ ကလေးတရားဟောဆရာများ စေလွှတ်ကာ သတင်းစကား ကို ဘုရားသခင်ဖြန့်ချိခဲ့ပါသည်။ ကလေးများသည် အသက်မပြည့်ကြ သေးသဖြင့် နိုင်ငံတော်အနေဖြင့် ၎င်းကိုချိန်းချုပ်ခွင့်မရှိရာ ၎င်းတို့ သည်အနှောင့်အယှက် ကင်းမဲ့စွာဖြင့် ဟောကြားနိုင်ခဲ့ကြသည်။GCBur 391.1

    အလုပ်သမားများ၏ တဲများတွင် သတိပေးစကားများကိုနာ ကြားရန် လူအများစုရုံးခဲ့ကြပါသည်။ တချို့ကလေးတရားဟောဆရာ ကလေးများသည် အသက် (၆) နှစ် (သို့မဟုတ်) (၈) နှစ်ထက်မ ကြီးကြသေးချေ။ GCBur 391.2

    ပရိတ်သတ် ရှေ့တွင်ထ၍ တရားဟောသောအချိန်တွင် ၎င်းတို့သည် ဘုရားဝိညာဉ်တော်၏ လွှမ်းမိုးမှုအောက်တွင် လှုပ်ရှား ခဲ့ကြခြင်းဖြစ်သည်။ သူတို့၏ အသံအနေအထားနှင့် ဟန်ပန်လက္ခဏာ များပြောင်းလဲသွားကာ “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ” ဟူသော သတိပေး စကားများကို ဣန္ဒြေကြီးစွာဖြင့် ဟောကြားခဲ့ကြသည်။GCBur 391.3

    ထိုလူတို့သည် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် နာကြား ခဲ့ကြသည်။ ဘုရား၏ဝိညာဉ်တော်သည စိတ်နှလုံးများနှင့် စကား ပြောနေရာ လူအများသည် ကျမ်းစာကိုလေ့လာလာကြပါသည်။ ချုပ်တည်းခြင်းမရှိသောအသက်တာ၊ စာရိတ္တဖေါက်ပြန်သော အ သက်တာ များမှ ပြောင်းလဲလာကြရာ ဤလှုပ်ရှားမှုတွင် ဘုရားသခင် ၏လက်တော်ပါဝင်ကြောင်း ထိုအသင်းတော်မှတရားဟောဆရာများ အသိအမှတ် ပြုလာသည့်အဆင့်အထိ ထူးခြားစွာအောင်မြင်လာပါ သည်။GCBur 391.4

    စကင်ဒီနေးဗီးယားတွင် ကြွလာခြင်းဆိုင်ရာသတင်းစကား ပျံ့နှံ့သွားရန် ဘုရားသခင်အလိုရှိတော်မူသည်။ ထိုကြောင့် ကလေး တရားဟော ဆရားများအပေါ်သို့ ဝိညာဉ်တော်သက်ဆင်းစေကာ အ မှုတော်ကို ထိုအရပ်တွင် ကြီးပွားစေခဲ့ပါသည်။ ယေရုရှလင်မြို့နားသို့ ခရစ်တော်ချဉ်းကပ်လာသော အချိန်တွင် ယဇ်ပုရောဟိတ်များနှင့် နယ် စားကြီးများ၏ ခြိမ်းခြောက်မှုကြောင့် လူအပေါင်းတို့သည် ဝမ်းသာ အားရ ကြိုဆိုကြွေးကြော်ခြင်းများကို ရပ်ခဲ့ကြ သော်လည်း ဗိမာန် တော်ဝင်းအတွင်းရှိ ကလေးငယ်များက “ဒါဝိဒ်၏သားတော် ဟောရှ ဏ္ဏဖြစ်စေသတည်းဟု ကြွေးကြော်ကာ ခရစ်တော်ကို ကြိုဆိုခဲ့ကြ သည်။GCBur 392.1

    ဘုရားသခင်သည် ခရစ်တော် ပထမအကြိမ်ကြွလာစဉ်က ကလေးငယ်များအားဖြင့် အမှုတော်ကိုပြုပြင်ခဲ့သလို ဒုတိယအကြိမ် ကြွလာခြင်း သတင်းစကားကို ဟောကြားရာတွင်လည်း ၎င်းတို့ကို အ သုံးပြုတော် မူခဲ့ပါသည်။GCBur 392.2