Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၁)—လေပွေစပါးကိုရိတ်သိမ်းခြင်း

    ဝီလီယံမီလာနှင့် သူ၏လက်ထောက်များသည် အသင်းတော် ၏စစ်မှန်သောမြော်လင့်ချက်နှင့် ပို၍နက်နဲသောခရစ်ယာန် အတွေ့ အကြုံရဖို့ လိုအပ်နေသည်ကို ဘာသာရေးဆရာကြီးများ ပြန်လည် သိရှိလာရန် ကြိုးစားခဲ့ ကြပါသည်။ မပြောင်းလဲသေးသောသူများအား နောင်တရကာ ပြောင်းလြလာဖို့လည်း သူတို့လုပ်ဆောင်ခဲ့ကြသည်။ “အသင်းအဖွဲ့တစ်ခုထဲသို့ လူများဝင်လာအောင် သူတို့မကြိုးစားခဲ့ ကြပါ။ အဖွဲ့အစည်းအသင်းအဖွဲ့ အားလုံးကြားမှာပင် သူတို့လုပ် ဆောင်ခဲ့ကြသည်။” “အားလုံးအကျိုးရှိဖို့လို့ ကျွန်တော်စဉ်းစားခဲ့တယ်။ GCBur 401.1

    ခရစ်ယာန်အားလုံးသည် ခရစ်တော်ကြွလာခြင်း ဆိုင်ရာ အမြင်အပေါ်မှာ လက်ခ့ကြိုဆိုကြသည်ဖြစ်စေ၊ ကျွန်တော့်အမြင် နှင့်မတူဘဲ ဤကြွလာခြင်းဆိုင်ရာယုံကြည်ချက်ကို ကိုင်စွဲထားသူ များအား အချစ်လျော့လာသည်ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ အသင်း ခွဲပြီးဘုရားရှိခိုးဖို့ လိုအပ်မည်ဟု ကျွန်တော်မထင်မိပါဘူး။ ကျွန် တော်၏လုပ်ဆောင်မှုများကြောင့် ပြောင်းလဲခဲ့ပြီးသူများမှ အများစု သည်တည်ရှိနေဆဲအသင်းတော်အသီးသီးနှင့် ပူးပေါင်းခဲ့ကြပါသည်” ဟုမီလာပြောခဲ့သည်။GCBur 401.2

    သို့စေကာမူ ဘာသာရေးခေါင်းဆောင်များသည် မြော်လင့် ခြင်းသတင်းစကားကိုဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့ကြသည့်အလျောက် ၎င်း တို့၏ အသင်းသားများကို ထိုသတင်းစကားအကြောင်း ဟောမည့်တ ရားပွဲများသို့ တက်ရောက်ခွင့်မပြုရုံသာမက ၎င်းတို့၏ဘုရားရှိခိုးကျောင်း များတွင် ထိုမြော်လင့်ခြင်းအကြောင်းကို ပြောခွင့်ပင်မပေးခဲ့ကြချေ။ ထိုယုံကြည်သူများသည် မိမိတို့၏အသင်းတော်များကိုချစ်ကြသည်။ သို့သော် ငြင်းပယ်ခြင်းခံရသော ထိုအနာဂတ္တိစကားကို ပြန်လည် ဆန်းစစ်ရန် မိမိတို့၌ အခွင့်ရှိကြောင်းသိမြင်ကာ ပြန်လည်ဆန်းစစ် ခဲ့ကြသည်။ ထိုနောက် ဘုရားသခင်ကို သစ္စာစောင့်သိရန်ဆုံးဖြတ်ကာ အသင်းခွဲခဲ့ကြရပါသည်။ ၁၈၄၄ ခုနှစ်နွေရာသီတွင် ယုံကြည်သူငါး သောင်းလောက်သည် ၎င်းတို့၏ အသင်းတော်အသီးသီးမှ လမ်းခွဲခဲ့ ကြပါသည်။GCBur 401.3

    အသင်းတော်များစွာတို့တွင် လောကနှင့်တူလာမှုများ နှစ်နှင့် ချီ၌ဖြည်းဖြည်းချင်းတိုးပွားလာရာ ဝိညာဉ်ရေးပိုင်းတွင် ကျဆင်း လျက်ရှိပါသည်။ ထိုတိုင်းပြည်ရှိ အသင်းတော်အားလုံးနီးပါး၌ ထင်ရှား သောယုတ်လျော့ကျဆင်း မှုတစ်ခုအတွက် အထောက်အထားများကို ထိုနှစ်တွင်တွေ့ရပါသည်။ ဤအချက်ကို ပုံနှိပ်တိုက်များနှင့် တရား စင်မြင့်နှစ်ခုစလုံးမှ ကျယ်ကျယ် ပြန့်ပြန့် ထောက်ခံပြောဆိုခဲ့ပါသည်။GCBur 402.1

    ဖီလီဒေးဖီးယားမှ ဋီကာဆရာ၊ တရားဟောဆရာတစ်ဦး ဖြစ်သူဆန်းစ်က “အခုအချိန်မှာ ဘာသာရေးနိုးကြားမှုလုံးဝမရှိဘူး။ ဝိညာဉ်ရေး ပြောင်းလဲမှုလည်းလုံးဝမရှိဘူး။ ယုံကြည်သူများဟာ ကျေးဇူးတော်၌ ကြီးထွားမှုမရှိဘူး။ ဝိညာဉ်ကယ်တင်ခြင်းအကြောင်းကို ပြောဆိုဆွေးနွေးဖို့ သူ့ထံသို့မည်သူမှလာပြီးမလေ့လာကြဘူး။ လော ကီဘက်ကိုစိတ်ညွှတ်မှုသည် တိုးပွားနေသည်။ အသင်းတော်တိုင်း လိုလိုမှာ ဤကဲ့သို့ဖြစ်နေသည်” ဟု ရေးသားတင်ပြခဲ့သည်။GCBur 402.2

    ထိုနှစ်ဖေဖေါ်ဝါရီလတွင် အိုဘာလင်းကောလိပ်မှ ပါမောက္ခ ဖင်လေက “များသောအားဖြင့် ကျွန်တော်တို့နိုင်ငံမှာရှိနေသည့် အသင်းတော်များသည် စာရိတ္တပြုပြင်ပြောင်းလဲရေးကိစ္စအားလုံးနီးပါး ကို လျစ်လျူရှုလျှင် လျစ်လျူရှုသည်၊ လျစ်လျူမရှုပါလျှင်လည်း ဖီလာ ဆန့်ကျင် နေကြသည်။ ဝိညာဉ်ရေးဆိုင်ရာကိစ္စများအပေါ် ဥပေက္ခာ ပြုခြင်းသည် ကြောက်စရာကောင်းလောက်အောင် ဆိုးရွားနေ ကြောင်းတစ်နိုင်ငံလုံးရှိ ဘာသာရေးဆိုင်ရာ သတင်းစာများက သက်သေခံထားကြသည်။ GCBur 402.3

    အသင်းသားများသည်လည်း ဖက်ရှင်နောက်သို့လိုက်နေ ကြကာပါတီပွဲများ၊ ကပွဲများ၊ ပျော်ပွဲရွှင်ပွဲများတွင် မယုံကြည်သူများ နှင့်လက်တွဲနေကြသည်။ အသင်းတော်များကို ခြုံကြည့်လိုက်လျှင် ဝမ်းနည်းစရာကောင်းလောက်အောင် နိမ့်ကျညံ့ဖျင်းနေပါသည်။ သူတို့ သည်သခင်ဘုရားနှင့် အလွန်ဝေးသောနေရာသို့ သွားနေကြပြီဖြစ်ရာ ကိုယ်တော်ရှင်သည် ၎င်းတို့ထံမှ ဆုတ်ခွာတော်မူပြီဖြစ်သည်” ဟု ပြော ဆိုခဲ့ပါသည်။GCBur 403.1