Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အမှန်တရား၏စည်းမျဉ်းများကိုတန်ဖိုးထားခြင်း

    သူတို့သည် အမှန်တရားဆိုင်ရာစည်းမျဉ်းများကို အသက် အပါအဝင် အိမ်၊ လယ်၊ ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေများတို့ထက် ပို၍တန်ဖိုးထားသည်။ ပညတ်တော်၏အလိုအတိုင်း အသက်ရှင်နေ ထိုင်ကြရန် လူငယ်များအား ကလေးဘဝမှစ၍ သွန်သင်ခဲ့ကြသည်။ သမ္မာကျမ်းစာအုပ်သည် အလွန်ရှားပါးသည်ဖြစ်ရာ နှုတ်ကပတ်တော် ကိုအာဂုံဆောင်ထားကြပါသည်။ လူအများစုသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်ကျမ်းစလုံးမှ ကျမ်းပိုဒ်များစွာကို အလွတ်ရွတ်ဆိုနိုင် ကြပါသည်။GCBur 51.1

    ကြမ်းတမ်းသောဘဝလမ်းကိုလျှောက်လှမ်းကာ ကိုယ့်ဘာသာ ကိုယ်တွေးခေါ်လုပ်ဆောင်တတ်ရန် ငယ်စဉ်အခါမှစ၍ သူတို့အား မိဘများက ပညာပေးထားပါသည်။ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်အတွက်သော် လည်းကောင်း၊ အပြောအဆိုဆင်ခြင် ရန်အတွက်သော်လည်းကောင်း၊ ဆိတ်ဆိတ်နေခြင်းနှင့်စပ်ဆိုင်သည့် ပညာကိုနားလည်ရန်အတွက်သော် လည်းကောင်း သူတို့ကိုသွန်သင် ထားပါသည်။ ဆင်ခြင်မှုကင်းသော စကားတစ်လုံးကို ရန်သူများ ကြားသွားပါလျှင် ရောင်းရင်းများ၏အသက်များ ရာနှင့်ချီ၍ဆုံးရှုံး သွားနိုင်ပါသည်။ အကြောင်းမှာဝံပုလွေက သားကောင်ကိုလိုက်လံ ချောင်းမြောင်းနေသလို အမှန်တရားကိုရန်ဘက်ပြုသူများသည် ဘာသာရေး ယုံကြည်မှုလွတ်လပ်ခွင့်တောင်းဆိုရဲသူများကို လိုက်လံ ဖမ်းဆီးနေသောကြောင့် ဖြစ်သည်။GCBur 51.2

    ဇွဲနပဲနှင့်ပြည့်စုံသော ထိုဝေါလ်ဒင်းဆီးများသည် သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက်လည်း တပင်တပန်းလုပ်ဆောင်ကြရပါသည်။ တောင်ပေါ်ရှိထွန်လို့ ရသည့် မြေကွက်တိုင်းကို သတိကြီးစွာဖြင့် ထွန်ယက်စိုက်ပျိုးကြရပါသည်။ ချွေတာခြိုးခြံခြင်းနှင့် အပျော်အပါး များကိုရှောင်ကြဉ်ခြင်းသည် သူတို့ရရှိသောပညာရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ လုပ်ဆောင်မှု အဆင့်ဆင့်သည် ခက်ခဲပင်ပန်းစွာ လုပ်ဆောင်ရသည့်အရာများဖြစ်သော်လည်း အပြစ်တင်ကျဆုံး နေသောလူသားများ လိုအပ်နေသောကျန်းမာရေး ခွန်အားများကိုမူ သူတို့ရရှိကြပါသည်။ မိမိတို့၌ရှိသောခွန်အားများကို ဘုရားသခင်ပိုင် တော်မူကြောင်း၊ ထိုခွန်အားများကို ကိုယ်တော်၏ အမှုတော်မြတ် အတွက်သုံးရမှာဖြစ်ကြောင်းကိုလည်း လူငယ်များအား သွန်သင် ထားသည်။GCBur 52.1

    ဗိုဒိုအာအသင်းတော်များ (The Voudois Churches) သည် တမန်ခေတ်က အသင်းတော်များနှင့်တူနေပါသည်။ ၎င်းတို့သည် ရဟန်းမင်းကြီး၏ တန်ခိုးအာဏာလွှမ်းမိုးကြီးစိုးခြင်းကို လက်မခံဘဲ သမ္မာကျမ်းစာကိုသာ တစ်ခုတည်းသောမမှားနိုင်သည့် အာဏာတန်ခိုး အဖြစ်သူတို့စွဲကိုင်ခဲ့ကြပါသည်။ ဗိုဒိုအာအသင်းတော်မှ အသင်းအုပ် ဆရာများသည် ရဟန်းမင်းကြီး၏အသင်းတော်မှ ယဇ်ပုရောဟိတ် များကဲ့သို့ ဟန်ကြီးပန်ကြီးမလုပ်ကြဘဲ မိမိ၏သိုးများကို စိမ်းလန်း သောကျက်စားရာအရပ်နှင့် နှုတ်ကပတ်တော်အသက်စမ်းရေရှိရာ အရပ်များသို့ပို့ဆောင်ကာ ကျွေးမွေးပြုစုကြ၏။ သူတို့သည် ကြီးကျယ် ခမ်းနားသည့် ဘုရားကျောင်းများတွင် စုရုံးကြခြင်းမဟုတ်ဘဲ အယ်လ်ပ်စ် တောင်တန်းမှ လျှိုမြောင်များတွင်လည်းကောင်း၊ အန္တရာယ် ရှိသော အချိန်များတွင် ကျောက်ဆောင်ခိုအောင်းကျင်းများ၌ လည်းကောင်း ခရစ်တော်၏ ကျွန်များဟောကြားမည့်တရားတော်ကို နာကြားရန် စုရုံးကြပါသည်။ ထိုအသင်းအုပ်ဆရာများသည် တရား ဟောရုံသက်သက် သာမက စည်းလုံးညီညွတ်မှုနှင့် ညီအစ်ကိုချစ်ခြင်း မေတ္တာများတိုးပွားလာရန် နာမကျန်းသူများထံ သွားရောက်လည်ပတ် ကြပါသည်။ တဲရှင်ချုပ်၍ အမှုတော်ထမ်းဆောင်သည့် ပေါလုကဲ့သို့ လူတိုင်းကိုယ်စီသည် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် အမှုတော်ဆောင်နိုင် ရန် အသက်မွေးဝမ်းကျောင်းအလုပ်များကိုလည်း လေ့ကျက်ကြပါ သည်။GCBur 52.2

    လူငယ်များသည် ၎င်းတို့၏အသင်းအုပ်များထံမှ ညွှန်ကြား ချက်များကိုရယူကြပါသည်။ သမ္မာကျမ်းစာသည် ၎င်းတို့အဓိကထား ၍လေ့လာသောအရာဖြစ်သည်။ ရှင်မဿဲခရစ်ဝင်နှင့် ရှင်ယောဟန် ခရစ်ဝင်ကျမ်းများကို အခြားဩဝါဒစာများနှင့်အတူ အလွတ်ကျက်မှတ် ကြပါသည်။GCBur 53.1

    တစ်ခါတစ်ရံတွင် မြေလိုဏ်ဂူကြီးများတွင် မီးဒုတ်များကို ထွန်းကာ သမ္မာကျမ်းစာမှကျမ်းချက်တစ်ချက်စီကို မမောတမ်း မပန်းတမ်း ကူးယူရေးသားကြပါသည်။ ကောင်းကင်နိုင်ငံမှ ကောင်းကင်တမန်များသည် သစ္စာရှိဤလုပ်သားများအား ခြံရံလျက် ရှိနေကြပါသည်။GCBur 53.2

    သမ္မာတရားဆိုင်ရာနှုတ်ကပတ်တော်ကို အယူသီးမှုများနှင့် မှားယွင်းသောယုံကြည်ချက်များဖြင့်ဖုံးအုပ်ပစ်ရန် ရဟန်းမင်းနှင့် အဖွဲ့အား စာတန်က အားပေးအားမြှောက်ပြုသော်လည်း အမှောင် ခေတ်အဆက်ဆက်တွင် သမ္မာကျမ်းစာကို မပျောက်မပျက်ရအောင် အံ့ဩဖွယ်ထိန်းသိမ်းနိုင်ခဲ့ကြပါသည်။ လှိုင်းထနေသောပင်လယ်နက် ၏ ရေပြင်ပေါ်တွင် ခုတ်မောင်းသွားသောသင်္ဘောကြီးကဲ့သို့ ဘုရား သခင်၏နှုတ်ကပတ်တော်သည် ဖျက်ဆီးရန်ခြိမ်းခြောက်နေသော မုန်တိုင်းကို ဖြတ်ကျော်ခရီးနှင်နေပါသည်။ သတ္တုမိုင်းများရှိ ရွှေကြော၊ ငွေကြောများသည် မြေကြီးမျက်နှာပြင်အောက်ထဲတွင်ရှိနေသကဲ့သို့ နှုတ်ကပတ်တော်၌ရှိသော သမ္မာတရားရတနာများသည်လည်း စိတ်နှလုံးနှိမ့်ချ၍ ဆုတောင်းပတ္ထနာ ပြုသူများအတွက်သာဖြစ်၏။ ဘုရားသခင်သည် သမ္မာကျမ်းစာအား မိမိ၏အကြောင်းကိုဖေါ်ပြသည့် သင်ခန်းစာ စာအုပ်တစ်အုပ်အဖြစ် လူသားအားလုံးလေ့ကျက်ရန် ရည်ရွယ်တော်မူခဲ့ပါသည်။ သိမြင်နားလည်သမျှ သမ္မာတရားတစ်ခုစီ သည် ဘုရားသခင်၏အကျင့်တော်ကိုဖွင့်ဆိုထားသည့် နှစ်လိုဖွယ် သတင်းများဖြစ်၏။ ထိုတောင်တန်းသာသနာ ကျောင်းများမှ တချို့လူငယ်များသည် ပြင်သစ်၊ အီတလီစာသင်ကျောင်းများသို့ သွားရောက်လေ့ကျက်ရန် စေလွှတ်ခြင်းခံကြရသည်။ ထိုတိုင်းပြည် များတွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့်သူတို့လေ့လာခွင့်ရခဲ့ကြသော်လည်း စုံစမ်းနှောင့်ယှက် ခြင်းများနှင့် ပိုမိုရင်ဆိုင်ခဲ့ကြရပါသည်။ ကောက်ကျစ် သောအယူမှားမှုများနှင့် အန္တရာယ်ကြီးသောလိမ်လည်မှုများကို သူတို့ ရင်ဆိုင်ကြရသော်လည်း ငယ်စဉ်အရွယ်မှစ၍ ရရှိခဲ့သောပညာရေး ကြောင့် သူတို့ကြံ့ကြံ့ခံနိုင်ခဲ့ကြပါသည်။GCBur 54.1

    တက်ရောက်သင်ယူနေသော ကျောင်းများတွင် သူတစ်ပါးအား အယုံသွင်းကြရန် သွားရောက်သင်ယူနေခြင်းမဟုတ်ကြပါ။ သို့ရာတွင် သမ္မာတရားကို ဆာငတ်နေသူများနှင့်ကြုံကြိုက်လျှင် ကျမ်းချက်တချို့ ကို မျှဝေ နိုင်ရန်အလို့ငှါ ကျမ်းစာများကိုဝှက်ထား၍ သယ်ဆောင်နိုင် မည့် ဝတ်ရုံများကို ပြင်ဆင်ချုပ်လုပ်ကာ ဝတ်ဆင်ကြပါသည်။ ထိုကျောင်းများမှ ကျောင်းသားများသည် ယုံကြည်ခြင်းဘက်သို့များစွာ ပြောင်းလဲလာကြပြီး သမ္မာကျမ်းစာ၏ အဓိကအချက်များသည်လည်း တစ်ကျောင်းလုံးတွင် နှံ့နှံ့စပ်စပ်စိမ့်ဝင်သွားခဲ့ပါသည်။ သို့စေကာမူ ရဟန်းမင်း၏ ခေါင်းဆောင်များမှာ ဖေါက်ပြန်သူများဟု ၎င်းတို့က ကင်ပွန်းတပ်သည့် ထိုယုံကြည်ချက်များ၏ လုပ်ဆောင်မှုများကို ခြေရာ မကောက်နိုင်ခဲ့ကြချေ။GCBur 55.1