Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လောကနှင့်ပူးပေါင်းခြင်း

    ပရိုတက်စတင့်အသင်းတော်များစွာတို့သည် ရောမ၏ပုံစံ နမူနာကို လိုက်လျှောက်ခဲ့ကြသည်။ အစိုးရကအသိအမှတ်ပြုထားသည့် အသင်းတော် များသည် နိုင်ငံတော်၏အစိုးရမင်းများနှင့် ဆက်သွယ် ခြင်းအားဖြင့် လည်းကောင်း၊ ဂိုဏ်းဂဏများသည် လောက၏ ထောက်ခံမှုရအောင် ကြိုးစားခြင်းအားဖြင့်လည်းကောင်း လောကီ ရှင်ဘုရင်များနှင့် အဆက်အသွယ် ပြုခဲ့ကြသည်။ မိမိတို့၏ယုံကြည်ချက် များကို သမ္မာကျမ်းစာမှရယူလျက်ရှိကြောင်း ဝန်ခံလျက် တစ်ခုနှင့် တစ်ခုမဆီလျော်သည့် ယုံကြည်ချက်အသေးအဖွဲကလေးများအထိ မရေတွက်နိုင်အောင် ခွဲခြမ်းစိတ်ဖြာနေသည့် ဘာသာရေးအဖွဲ့ အစည်းကို ရှုပ်ထွေးခြင်းဟုအနက်ရသော၊ ဗာဗုလုန်ဟူသော အသုံး အနှုန်းကို သုံးထားခြင်း ဖြစ်နိုင်သည်။GCBur 411.3

    “ရောမအသင်းတော်သည် သန့်ရှင်းသူများနှင့် စပ်ဆိုင်သော ရုပ်တု များကို ကိုးကွယ်ခြင်းကြောင့် အပြစ်ရှိသည်ဟုဆိုလျှင် သူ၏ သမီးဖြစ်သူ အင်္ဂလန်အသင်းတော်သည်လည်း ထိုအပြစ်မျိုးကို ကျူး လွန်နေပါသည်။ ခရစ်တော်အတွက် ဆက်ကပ်ထားသည့် ဘုရား ကျောင်းတစ်ခုရှိတိုင်း မယ်တော်မာရိအတွက် ဆက်ကပ်ထားသည့် ဘုရားကျောင်းဆယ်ကျောင်း ရှိနေပါသည်” ဟု ကာတိုလိတ်အသင်း တော်က ငြင်းချက်ထုတ်ထားပါသည်။GCBur 412.1

    “ခရစ်ယာန်ဆန့်ကျင်ရေးစိတ်ဓါတ်နှင့် ဓလေ့အကျင့်များကို ရောမ အသင်းတော်တစ်ခုတည်းက ကျင့်ဆောင်နေသည်ဟုပြောဆို ရန်မှာ ယထာဘူတကျမည်မဟုတ်ချေ။ ပရိုတက်စတင့်အသင်းတော် များ၌လည်း ထိုစိတ်ဓါတ်မျိုးနှင့်အကျင့်ဓလေ့များရှိနေသည့်ပြင် ဖေါက်ပြန်ပျက်စီးမှုနှင့် ဆိုးညစ်မှုများကို လုံးလုံးကြီးပြုပြင်နိုင်ဖို့ရန် ခရီးဝေးကွာနေပါသေးသည်” ဟု ဒေါက်တာဟုတ်ကင်းက ကြွေးကြော် ခဲ့သည်။GCBur 412.2

    ရောမအသင်းတော်မှ ပရက်စ်ဆက်တီးရီးယန်းအသင်းတော် ကြီး ခွဲထွက်လာခြင်းနှင့်ပတ်သက်၍ ဒေါက်တာဂူးသီးယာက “ကျွန် တော်တို့ အသင်းတော်သည် မိမိ၏အလံပေါ်မှာ သမ္မာကျမ်းစာ ကိုဖွင့်လျက် ‘သမ္မာကျမ်းစာကိုစေ့စေ့ကြည့်ရှုကြလော့’ ဟူသော ဆောင်ပုဒ်ကိုရင်ဝယ်ပိုက်လျက် လွန်ခဲ့သောနှစ်ပေါင်းသုံးရာအချိန်က ရောမ၏ ဂိတ်ထဲကထွက်ခဲ့ပါသည်” ဟု ဖွင့်ဆိုခဲ့သည်။ ထိုနောက် “သူတို့ဟာ ဗာဗုလုန်ထဲက လုံးလုံးကြီးထွက်ခဲ့ကြသလား” ဟူသော အရေးကြီးသည့် မေးခွန်းတစ်ခုကို သူမေးခဲ့သည်။GCBur 412.3