Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဧဝံဂေလိတရားတော်ကို ပထမအကြိမ်သစ္စာဖေါက်ခြင်း

    ထိုအသင်းတော်သည် ဧဝံဂေလိတရားတော်ကို ပထမအ ကြိမ်အဖြစ် မည်သို့မည်ပုံသစ္စာဖေါက်ခဲ့သနည်း။ ခရစ်ယာန်ဘာသာ ကိုတစ်ပါးအမျိုးသားများ လက်ခံနိုင်အောင် ပြင်ဆင်သည့်အနေဖြင့် ရုပ်တု ကိုးကွယ်မှုများနှင့်ဆီလျော်လာအောင် ပြုပြင်ခြင်းအမှုအား ဖြင့်သစ္စာဖေါက်ခဲ့သည်။ GCBur 413.1

    “၂ ရာစုနောက်ပိုင်းအချိန်များတွင် အသင်းတော်များသည် ပုံစံအသစ်တစ်ခုကို ကျင့်သုံးခဲ့ပါသည်။ ရှေးတပည့်တော်ကြီးများ သည်အသစ်ဝင်ရောက်လာသည့် ယုံကြည်သူများနှင့်အတူ ပုံစံအသစ်ဖြင့် အမှုတော်ကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။” GCBur 413.2

    “အသင်းတော်ထဲသို့စီးဝင်လာသော ရုပ်တုကိုးကွယ်မှုဆိုင် ရာရေများနှင့်အတူ ၎င်းတို့၏အကျင့်ဓလေ့များ၊ ကျင့်ဆောင်မှုများ နှင့်ရုပ်တုများကို သယ်ဆောင်လာခဲ့ကြပါသည်။” ထိုကြောင့် ခရစ် ယာန်သာသနာသည် လောကမင်းများ၏ ထောက်ခံမှုကိုရခဲ့ပါသည်။ GCBur 413.3

    လူထုကြီးသည် ဖြစ်ရိုးဖြစ်စဉ်အတိုင်း လက်ခံခဲ့ကြသော် လည်းများစွာသော ထိုပြောင်းလဲသူများသည် ရုပ်တုများကို တိတ်တ ဆိတ် ကိုးကွယ်နေကြဆဲ ဖြစ်ပါသည်။GCBur 413.4

    ပရိုတက်စတင့်ဟု မိမိကိုယ်ကိုမှည့်ခေါ်နေကြသည့် အသင်း တော်တိုင်း လိုလိုသည် ထိုကဲ့သို့ဖြစ်နေခဲ့ကြသည် မဟုတ်ပါလား။ ပြုပြင်ပြောင်းလဲရေး အပေါ် စိတ်သဘောထားအမှန်ရှိသော ထိုတည် ထောင်သူများသည် ခရစ်တော်၌ အိပ်ပျော်ခဲ့ကြသည့်နောက် နောင် လာနောက်သားများက ထိုအမှုတော်ကို ပုံစံအသစ်ဖြင့်လုပ်ဆောင် ခဲ့ကြသည်။GCBur 414.1

    မိမိတို့၏ ဘိုးဘေးများ ကြိုတင်တွေ့ရှိ ခဲ့သည့် အမှန်တရား များကို မျက်စိစုံပိတ်ပြီးငြင်းဆန်လျက် ပြုပြင်ပြောင်းလဲရေးသမား ကြီးများ၏ သားမြေးများသည် လောကအလိုကို မလိုက်ခြင်း၊ ကိုယ်အ လိုကိုမလိုက်ခြင်းဆိုင်ရာ နမူနာပုံစံများကို ကျောခိုင်းခဲ့ ကြပါသည်။GCBur 414.2

    ရေပန်းစားနေသောအသင်းတော်များစွာတို့သည် သမ္မာ ကျမ်းစာ၏ စံကို ကျောခိုင်းခဲ့ကြပါတကား။ ငွေကြေးကိစ္စနှင့်ပတ် သက်၍ ဂျွန်ဝက်စလေက “စျေးကြီး၍ လိုသည်ထက်ပိုကောင်းနေ သည့်အဝတ်အစားများအတွက် တန်ဖိုးရှိလှသောငွေတစ်ပြားကိုမျှ မသုံးပါနှင့်။ GCBur 414.3

    မရှိလျှင်လည်းဖြစ်နေသော လက်ဝတ်ရတနာများအ တွက်လည်း ငွေတစ်ပြားမှမသုံးပါနှင့်။ အိမ်ကို အလှပြင်ဖို့နှင့် တန်ဖိုး ကြီးလှသော ပရိဘောဂများအတွက်လည်း ငွေကိုမဖြုန်းပါနှင့်။ တန် ဖိုးကြီးပြီး ဗန်းပြကောင်းသည့်ပန်းချီကားများအတွက်လည်း မဖြုန်း ပါနှင့်။ GCBur 414.4

    သင်သည် ဝတ်ကောင်းစားလှများကို ဆင်ယင်ကာ နေ့စဉ် နှင့်အမျှ ခမ်းခမ်းနားနားကျွေးမွေးခဲ့မည်ဆိုလျှင် သင်၏ရက်ရောမှု၊ ဧည့်ဝတ်ကျေပွန်မှု နှင့် ကြီးကျယ်ခမ်းနားမှုများကို သေချာပေါက် ချီးမွမ်းကြပေလိမ့်မည်။ သို့သော် ဘုရားသခင်ထံမှလာသည့် ဂုဏ် ပြုခြင်းကိုရရှိမှသာ ပို၍ကျေနပ်သင့်ပါသည်” ဟု သွန်သင်ခဲ့ပါသည်။GCBur 414.5

    အုပ်ချုပ်သူမင်းများ၊ နိုင်ငံရေးသမားများ၊ ဥပဒေပညာရှင် များ၊ ဆရာဝန်များ၊ ကုန်သည်များတို့သည် ၎င်းတို့၏လောကီအ ကျိုးအလို့ငှာ အသင်းတော်ထဲသို့ဝင်လာကြပါသည်။ ထိုဘာသာရေး အဖွဲ့အစည်းများသည် နှစ်ခြင်းခံလာသည့် ထိုအထင်ကရ ပုဂ္ဂိုလ် များ၏စည်းစိမ်များဖြင့် ပံ့ပိုးကူညီ မှုကြောင့် ပို၍ရေပန်းစားလာပါ သည်။ GCBur 415.1

    ကြီးကျယ်ခမ်းနားသည့် ဘုရားကျောင်းများကို တည်ဆောက် ခဲ့ကြသည်။ လူထုကိုဖြေဖျော်ရန် တရားဟောကောင်းသည့် တရား ဟောဆရာများကို လစာကောင်းကောင်း ပေးခဲ့သည်။ သူမ၏တရား ဟောချက်များသည် အများကိုအကြိုက်တွေ့စေမည့် နားဝင်ချိုသည့် တရားဟောချက်များဖြစ်ရပါမည်။ ဤနည်းအားဖြင့် ခေတ်မီသော ဒုစရိုက်များကို ဘုရားဝတ်၌မွေ့လျော်သည့် ဟန်ဆောင်မှု အောက် တွင်ဖုံးကွယ်ထားခဲ့သည်။GCBur 415.2

    “ယုံကြည်သူနှင့် မယုံကြည်သူများအကြား ခွဲခြားထားသည့် လိုင်းကလေးသည် မှေးမှိန်သွားလိုက်သည်မှာ ရေးရေးကလေးသာ မြင်ရပါတော့သည်။ နှစ်ဖက်စလုံးတွင်ရှိနေသော စိတ်အားထက်သန် သူများသည် ပြုမူလုပ်ဆောင်မှုခြားနားချက်များကို ရှင်းထုတ်ပစ်ရန် ကြိုးစားနေကြသည်” ဟု နယူးရော့အင်ဒီပင်းဒင့်တွင် ဖေါ်ပြခဲ့သည်။GCBur 415.3

    လောကသာယာမှုကိုရှာဖွေနေသည့် ဤဒီလှိုင်းဒဏ်ကြောင့် ခရစ်တော် အတွက်အနာခံရန် စိတ်ဓါတ်များသည် လုံးလုံးကွယ်ပျောက် လုမတတ် ဖြစ်နေပါသည်။ “ရန်ပုံငွေလိုလျှင် ထည့်ဝင်ဖို့ မည်သူ့ကိုမျှ ခေါ်စရာမလိုပါဘူး။ လုံးဝမလိုပါဘူး။ ဈေးအရောင်းပွဲတော်ကလေး ကျင်းပလိုက်၊ သရုပ်ဖေါ်ပြဇာတ် တိုလေးတစ်ခုပြလိုက် (သို့မဟုတ်) ရှေးဟောင်း ညစာစားပွဲကလေးကျင်းပလိုက်၊ လူတွေရဲ့စိတ်ကိုမြူးကြွ သွားစေမည့်တစ်ခုခုကို စီစဉ်ပေးလိုက်ရင် ရန်ပုံငွေရနိုင်တယ်” ဟုလည်း ဖေါ်ပြထားပါသည်။GCBur 415.4

    ရောဘတ်အက်တကင်းသည် အင်္ဂလန်ပြည်၏ဝိညာဉ်ရေး ကျဆင်းခြင်း သရုပ်ဖေါ်သည့် ရုပ်ပုံတစ်ခုကိုရေးဆွဲပါသည်။ “အယူဝါဒ ဖေါက်ပြန်ခြင်း ဆိုသည့် စကားလုံးများကို ဘုရားကျောင်းတိုက်၏ရှေ့ တွင် ရေးသားစိုက်ထူ ထားသည်။ ဒါကိုသူတို့သိပြီး သဘောပေါက် ရင်သူတို့မှာမြော်လင့်ချက် ရှိသေးတယ်။ ဒါပေမယ့် သူတို့က ငါတို့ ဟာချမ်းသာတယ်။ ဥစ္စာပစ္စည်းတွေ တိုးပွားနေတယ်။ ဘာမှမလို ဘူး” ဟု အော်နေကြပါတကား။GCBur 416.1

    ဗာဗုလုန်အစွပ်စွဲခံရသောအပြစ်ကြီးတစ်ခုမှာ “မိမိမတရားသော မေထုန်၏ အဆိပ်အတောက်တည်းဟူသော စပျစ်ရည်စစ်ကို လူမျိုးအပေါင်း တို့အား တိုက်” သည့်အပြစ်ဖြစ်သည်။ ထိုခွက်ဖလား သည် လောကနှင့်မိတ်ဖွဲ မိသဖြင့် သူမရရှိခဲ့သည့် မှားယွင်းသော ယုံကြည်ချက်များကို ပုံဆောင်ပါသည်။ သမ္မာကျမ်းစာ၏ ရှင်းလင်း သောဖွင့်ဆိုချက်များနှင့်ဆန့်ကျင်သည့် ယုံကြည်ချက်များကို သွန်သင် ခြင်းဖြင့် သူမက ကမ္ဘာကြီးအား ဖေါက်ပြန်ပျက်စီးသောဩဇာလွှမ်း မိုးမှုတစ်ခုကို တစ်ပြန်ဖြစ်စေပါသည်။GCBur 416.2

    လူထုကြီးသည် ဗာဗုလုန်၏စပျစ်ရည်ဖြင့် မယစ်မူးခဲ့ဘူးဆို လျှင်နှုတ်ကပတ်တော်မှရှင်းလင်းသော အမှန်တရားများကို သဘော ပေါက်ကာ ပြောင်းလဲလာခဲ့ကြလိမ့်မည်။ သို့ရာတွင် မည်သည့်အရာ ကိုယုံကြည်ရမည်ကို ဝေခွဲခြင်းငှာ မတတ်နိုင်လောက်အောင် ဘာသာ ရေးဆိုင်ရာ ယုံကြည်ချက် များသည် ရှုပ်ထွေးနေပါသည်။ နောင်တမရ ခြင်းအပြစ်သည် အသင်းတော် တံခါးဝတွင်စုပုံနေပါသည်။GCBur 416.3

    ဒုတိယကောင်းကင်တမန်၏သတင်းစကားသည် ၁၈၄၄ ခုနှစ် တွင် လုံးလုံးပြည့်စုံခြင်းသို့မရောက်ခဲ့သေးပါ။ မြော်လင့်ခြင်းသတင်း အလင်းတရား များကို ငြင်းပယ်ခဲ့ကြသဖြင့် အသင်းတော်များသည် ကိုယ်ကျင့်တရားများ ဖေါက်ပြန်ပျက်စီးခဲ့သည်မှာမှန်သော်လည်း ကျ ဆုံးခြင်းသည် အဆုံးတိုင် မရောက်သေးပါ။ အထူးသတင်းစကားကို လက်ခံရန် ဆက်၍ငြင်းပယ်လေ၊ ဆက်၍နိမ့်ကျသွားလေဖြစ်နေ ပါသည်။ GCBur 417.1

    သို့ရာတွင် “မိမိမတရားသောမေထုန်၏ အဆိပ်အတောက် တည်းဟူသော စပျစ်ရည်စစ်ကို လူမျိုးအပေါင်းတို့ကို တိုက်သော ကြောင့် ဗာဗုလုန်မြို့ကြီးပြိုလဲသွားပြီ” ဟုတော့ မပြောနိုင်သေးပါ ချေ။ ပရိုတက်စတင့်အသင်းတော်များပင် ဒုတိယကောင်းကင်တမန် ၏သတင်းစကားကို ငြင်းပယ်သည့်အထဲတွင် ပါဝင်နေပါသည်။ သို့ ရာတွင် အယူဝါဒဖေါက်ပြန်မှုမှာ အဆုံးတိုင်သို့မရောက်ရှိသေးပါ။GCBur 417.2

    ခရစ်တော်ကြွလာခြင်းမတိုင်မီတွင် စာတန်သည် “ပြုပြင် သောအားဖြင့် မုသားနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ် လက္ခဏာ၊ အံ့ဖွယ်သောအမှုအမျိုးမျိုးနှင့်လည်းကောင်း၊ ပျက်စီး ခြင်းသို့ရောက်သော သူတို့တွင် မတရားသောလှည့်ဖြားခြင်းအမျိုးမျိုး နှင့်လည်းကောင်း လာလိမ့်မည်။ ကယ်တင်ခြင်းသို့ရောက်အံ့သော ငှာသမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံယူသူများသည်----မုသားစကားကိုယုံစိမ့်သောငှာ မိစ္ဆဒိဌိပြုပြင်အားထုတ်ခြင်းအခွင့် ကိုသူတို့၌ ဘုရားသခင်လွှတ်တော် မူလိမ့်မည်။” ၂သက်၊ ၂:၉-၁၁။ အသင်းတော်သည် လောကနှင့်မပေါင်းစည်းမီ ဗာဗုလုန်၏ပြိုလဲမှု သည်ဆုံးခန်းတိုင်သို့မရောက်သေးချေ။ ပြောင်းလဲမှုများမှာ တိုးတက် လျက်ရှိပြီ ဗျာ၊ ၁၄:၈ တွင် ဖွင့်ဆိုထားချက်၏ လုံးလုံးပြည့်စုံမှုမှာ အနာဂတ်တွင် ရှိနေဆဲဖြစ်သည်။GCBur 417.3

    ဗာဗုလုန်ဟုခေါ်သည့် အသင်းတော်များတွင် ဝိညာဉ်ရေး မှောင်မိုက် ကျရောက်နေသော်ငြားလည်း ခရစ်တော်၏နောက်လိုက် အစစ်အမှန်များစွာ တို့ကို ထိုလူအုပ်ထဲတွင်တွေ့နိုင်ဆဲဖြစ်သည်။ လူများစွာတို့သည် ဤခေတ်ဤအခါအတွက် အရေးကြီးသည့် အမှန် တရားများကို တစ်ခါမျှ မတွေ့ဖူးကြချေ။ ပို၍ရှင်းလင်းပြတ်သားသော အလင်းတရားကို တောင့်တသော သူတို့မှာလည်း မနည်းလှချေ။ ထိုသူတို့သည် ၎င်းတို့နှင့် ဆက်နွှယ်နေသော ဘုရားကျောင်းများမှာ ရှိသည့် ခရစ်တော်၏ရုပ်တုများကို အချည်းနှီးမျှော်ကြည့်နေကြပါ သည်။GCBur 418.1

    ဘုရားသခင်၏သားသမီးများကို ဗာဗုလုန်ထဲမှခေါ်ထုတ်မည့် အချိန်ကို ဗျာဒိတ်၊ ၁၈ တွင်ဖေါ်ပြထားပါသည်။ ကမ္ဘာသို့ပေးသော သတင်းစကားများတွင် နောက်ဆုံးဖြစ်သောထိုသတင်းစကားသည် ၎င်း၏အမှုတော်ကိုအဆုံးသတ် ပြီးမြောက်စေလိမ့်မည်။ စိတ်နှလုံး ဖွင့်ထားသူများအပေါ်သို့ ထိုသမ္မာတရား အလင်းသည်ကျရောက်ကာ ဗာဗုလုန်ထဲတွင်ရှိနေဆဲဖြစ်သော ကိုယ်တော်၏ သားသမီးများသည် “ငါ၏လူမျိုးတို့၊---သူ၏အထဲကထွက်ကြလော့” ဟူသော အမိန့် သံကိုနာခံကြလိမ့်မည်။ ဗျာဒိတ်၊ ၁၈:၄။GCBur 418.2

    *****