Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၂)—အနာဂတ္တိစကားများပြည့်စုံခြင်း

    ခရစ်တော်ကြွလာမည်ဟု ကနဦးမျှော်လင့်ခဲ့သော ၁၈၄၄ ခုနှစ်၊ နွေဦးကာလကျော်လွန်သွားသောအခါ ကြွလာခြင်းကို မြော် လင့်နေကြသူများသည် သံသယဖြစ်လာကြသည်။ သို့ဖြင့် သမ္မာ ကျမ်းစာကို ဆက်လက်စူးစမ်းလေ့လာခဲ့ကြသည်။ မိမိတို့၏ ယုံကြည် ခြင်းအတွက် အထောက်အထားများကို ပြန်လည်ဆန်းစစ်ခဲ့ကြသည်။ ခရစ်တော်၏ကြွလာ ခြင်းသည် နီးကပ်နေပြီဖြစ်ကြောင်း ရှင်းလင်း၍ ဒွိဟမဖြစ်နိုင်သည့် အနာဂတ္တိစကားများက ပြညွှန်နေသည်။ ၎င်းပြင် အပြစ်သားများ၏ ပြောင်းလဲခြင်းနှင့် ခရစ်ယာန်များအကြား ဖြစ် ပေါ်လာသော ဝိညာဉ်ရေး နိုးကြားမှုများကလည်း ထိုသတင်းစကား သည် ဘုရားသခင့်ထံမှလာသော သတင်းစကားဖြစ်ကြောင်း သက် သေပြခဲ့ကြသည်။ GCBur 419.1

    ခရစ်တော်ကြွလာမည့် အချိန်နှင့်ပတ်သက်သည့် အနာဂတ္တိ စကားများနှင့် ရောယှက်နေသည့်အရာမှာ ထိုယုံကြည်ခြင်း၌ စိတ် ရှည်လက်ရှည်စောင့်နေကြရန် အားပေးနေသည့် သွန်သင်ချက်ပင် ဖြစ်သည်။ GCBur 419.2

    ယခုတွင် ဇဝေဇဝါဖြစ်နေသော ထိုယုံကြည်ခြင်း ကိုနောင်တွင်ရှင်းလင်းစွာ နားလည်လာလိမ့်မည်။ ဟဗက္ကုတ် ၂:၁-၄ တွင်လည်း ဤအနာဂတ္တိစကားကိုတွေ့ရသည်။ နှောင့် နှေးမှုတစ်ခုရှိမည့်အကြောင်း ထိုအနာဂတ္တိစကားတွင် ဖော်ပြထား သည်ကို မည်သူမျှသတိမထားမိခဲ့ကြချေ။ “ထိုရူပါရုံသည် ချိန်း ချက်သောအချိန်နှင့်ဆိုင်၍ အမှုကုန်ရသောကာလကို ဆိုလို၏။ မုသားနှင့်ကင်းလွတ်၏။ ဆိုင်းသော်လည်း မြော်လင့်လော့---- နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်။---ဖြောင့်မတ်သောသူ မူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။”GCBur 419.3

    ယေဇကျေလ အနာဂတ္တိစကားများကလည်း ယုံကြည်သူများကို နှစ်သိမ့်စေပါသည်။ “အရှင်ထာဝရဘုရား၏အမိန့်တော်ကို ဆင့် ဆိုရမည်မှာ----နေ့ရက်ကာလနီးပြီ။ ခပ်သိမ်းသောဗျာဒိတ်ရူပါရုံ လည်းပြည့်စုံကြလိမ့်မည်ဟု ပြောလော့။ ---- ငါပြောလျှင်ပြော သည်အတိုင်း ပြည့်စုံလိမ့်မည်။ ပြည့်စုံချိန်လည်း မရွေ့ရ။” “ငါပြော သည်အတိုင်းလည်း ပြည့်စုံစေမည်။” ယေဇကျေလ ၁၂:၂၃-၂၅၊ ၂၈။GCBur 420.1

    အစမှအဆုံးတွင် သိတော်မူသည့်ဘုရားသခင်က ၎င်းတို့အား မြော်လင့်ချက်ပြန်လည်ရှင်သန်စေသဖြင့် မြော်လင့်ခြင်းအသင်းသား များသည် ဝမ်းမြောက်ခဲ့ကြသည်။ ထိုအားပေးစကားများသာ သမ္မာ ကျမ်းစာတွင် မပါရှိခဲ့လျှင် ၎င်းတို့၏ယုံကြည်ခြင်းသည် မှေးမှိန်ကွယ် ပျောက် သွားပေလိမ့်မည်။GCBur 420.2

    မဿဲ ၂၅ တွင်ဖေါ်ပြထားသည့် အပျို (၁၀) ယောက်အ ကြောင်းသည် မြော်လင့်ခြင်းအသင်းသားများ၏ အတွေ့အကြုံကို ပုံဖေါ်ထားသည်။ နောက်ဆုံးသောခေတ်ကာလ၌တည်ရှိမည့် အသင်း တော်၏ပုံရိပ်လည်း ဖြစ်သည်။ ၎င်းတို့၏အတွေ့အကြုံများကို အ ရှေ့တိုင်းလက်ထပ်ထိမ်းမြားခြင်း တစ်ခုအားဖြင့် ပုံဖေါ်ထားပါသည်။GCBur 420.3

    “ထိုအခါ ကောင်းကင်နိုင်ငံတော်သည်ကား မင်္ဂလာဆောင် လုလင်ကို ခရီးဦးကြိုပြုအံ့သောငှာ မီးခွက်ကိုကိုင်ယူ၍ ထွက်သွား သောသတို့သမီး တစ်ကျိပ်နှင့်တူ၏။ ထိုသတို့သမီးတို့တွင် ငါးယောက် သည် ပညာသတိရှိ၏။ ငါးယောက်မူကား၊ အမိုက်ဖြစ်ကြ၏။ မိုက် သောသူ တို့သည် မီးခွက်တို့ကိုသာယူ၍ ဆီကိုမယူကြ။ ပညာသတိ ရှိသောသူတို့မူကား မီးခွက်နှင့်တကွ ဘူး၌ပါသော ဆီကိုလည်း ယူ ကြ၏။ မင်္ဂလာဆောင် လုလင်သည် မလာဘဲနေစဉ် ထိုသတို့သမီး အပေါင်းတို့သည် ငိုက်၍အိပ်ပျော် ကြ၏။ သန်းခေါင်ယံ၌ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည်လာပြီ။ ခရီးဦးကြို ပြုခြင်းငှာ ထွက်သွား ကြ၏။” မဿဲ ၂၅:၁-၆။GCBur 420.4

    ပထမကောင်းကင်တမန်အားဖြင့် ကြွေးကြော်ခဲ့သည့် ခရစ် တော်၏ ကြွလာခြင်းအကြောင်းကို ထိုမင်္ဂလာဆောင်လုလင်လာ ခြင်းနှင့် ပုံဆောင်ထားကြောင်း နားလည်သဘောပေါက်ကြသည်။ ခရစ် တော်မကြာမီ ကြွလာမည်ဟူသော ကြွေးကြော်မှုဖြင့် နေရာအနှံ့ဖြစ် နေသော ဘာသာရေး ပြုပြင်ပြောင်းလဲရေးများသည် သတို့သမီးများ ထွက်ခွာသွားကြခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဤပုံပြင်ကလေးထဲတွင် သတို့သမီးတစ်ကျိပ်လုံးသည် သမ္မာကျမ်းစာကို ပုံဆောင်ထားသည့် မီးခွက်ကိုယူကာ မင်္ဂလာဆောင်လုလင် နှင့်တွေ့ရန် ထွက်သွားခဲ့ကြ သည်။ GCBur 421.1

    သို့ရာတွင် မိုက်သောသတို့သမီးများသည် မီးခွက်ပါသော် လည်းမီးခွက်ထဲတွင်ဆီမပါခဲ့ချေ။ ပညာသတိရှိသော သတို့သမီးများ မှာမူကားဆီပါသောမီးခွက်များကိုယူလာခဲ့ကြသည်။ ထိုပညာသတိရှိ သူများသည် သမ္မာတရားကိုလေ့ကျက်ရန် နှုတ်ကပတ်တော်ကို လေ့ လာခဲ့ကြသဖြင့် စိတ်ပျက်စရာများ၊ နှောင့်နှေးမှုများကြောင့် ယုံကြည် ခြင်း ပျက်ပြားသွားခြင်း မရှိသူများကို ကိုယ်စားပြုသည်။ အခြားသူများ မှာမူ ထိုသတင်းစကားကြောင့် ဖြစ်ပေါ်လာသည့် စိတ်လှုပ်ရှားမှု၊ စိုးရိမ် ကြောက်ရွံ့မှု အပေါ်တွင်သာ မိမိတို့၏ယုံကြည်ခြင်းကို အခြေပြုထား သူများအား ပုံဆောင်ထားပါသည်။ ၎င်းတို့သည် သမ္မာတရားကို လည်းကောင်း၊ နှလုံးသားထဲတွင် လှုပ်ရှားနေသော ကျေးဇူးတော် ဆိုင်ရာ လုပ်ဆောင်မှုများ အကြောင်းကိုလည်းကောင်း ကျေကျေညက် ညက် နားမလည်ဘဲ ညီအစ်ကိုများ၏ ယုံကြည်ခြင်းအပေါ်မှာသာ အ မှီပြုနေကာ စိတ်လှုပ်ရှားမှု ကြောင့် ဖြစ်လာသည့် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်ကလေးနှင့် ရောင့်ရဲ နေကြပါသည်။ ဤသူများသည် ဆုလက်ဆောင်များကို ချက်ချင်းရရှိမည် အထင်နှင့် ဘုရားသခင်ကို ကြိုဆိုရန် ထွက်သွားခဲ့ကြသော်လည်း နှောင့်နှေးမှုနှင့် စိတ်ပျက်စရာ များအတွက် အသွင်မရှိကြသေးချေ။ သို့ဖြင့် ၎င်းတို့၏ယုံကြည်ခြင်း သည် ပျက်ပြားခဲ့ရသည်။GCBur 421.2

    “မင်္ဂလာဆောင်လုလင်သည် မလာဘဲနေစဉ် ထိုသတို့သမီး အပေါင်း တို့သည် ငိုက်၍အိပ်ပျော်ကြ၏။” မင်္ဂလာဆောင်လုလင်၏ ကြန့်ကြာမှုသည် အချိန်ကုန်လွန်သွားခြင်းကို ပုံဆောင်ပါသည်။ စိတ် ပျက်ဝမ်းနည်းမှုနှင့် နှောင့်နှေးပုံပေါ်နေခြင်းများကိုလည်း ပုံဆောင်ပါ သည်။ သမ္မာကျမ်းစာကို ကိုယ်တိုင်ကိုယ်ကျနားလည်သိကျွမ်းမှုဖြင့် တည်ဆောက်ထားသော ယုံကြည် ခြင်းရှိသူများသည် စိတ်ပျက်ခြင်း လှိုင်းတံပိုးကဖယ်ရှားပစ်ခြင်းငှာ မစွမ်းဆောင်နိုင်သောကျောက်ပေါ်တွင် ရပ်နေကြပါသည်။ GCBur 422.1

    “ထိုသတို့သမီး အပေါင်းတို့သည် ငိုက်၍အိပ်ပျော်ကြ၏” ဟုဆိုရာ၌ ၎င်းတို့အထဲမှတစ်ဖွဲ့သည် ယုံကြည်ခြင်းကို စွန့်လွှတ်ခဲ့ ကြသော်လည်း ကျန်တစ်ဖွဲ့မှာမူ ပို၍ထင်ရှားသော အလင်းတရား ရရှိသည်တိုင်အောင် သည်းခံ၍စောင့်စားခဲ့ကြသည်။ အောင်မြင်လိုသူ များဖြစ်လိုပါလျှင် အခြားညီအစ်ကိုများ၏ ယုံကြည်ခြင်း အပေါ်တွင် ကြာရှည်စွာအားထား၍မရနိုင်ဘဲ ကိုယ့်ဘာသာကိုယ်ရပ်တည်ကြ ရပါမည်။ သို့မဟုတ်ပါက ကျဆုံးသွားနိုင်ပါသည်။GCBur 422.2