Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၃)—ဗိမာန်တော်၌ဖွင့်ဟထားသောနက်နဲသည့်အရာ

    ကြွလာခြင်းနှင့်ဆိုင်သော ယုံကြည်ခြင်း၏အုတ်မြစ်နှင့် အရာ အားလုံး၏အထက်တွင်ရှိပြီး ဗဟိုကျောက်တိုင်ကြီးဖြစ်သော သမ္မာ ကျမ်းစာက “ရက်ပေါင်းနှစ်ထောင့်သုံးရာတိုင်တိုင်တည်လိမ့်မည်။ ထိုနောက် သန့်ရှင်းရာဌာနကို တစ်ဖန်ဆေးကြောသုတ်သင်ကြလိမ့် မည်” ဟု ဖွင့်ဆိုထားသည်။ ဒံယေလ ၈:၁၄။ ဤစကားလုံးများ သည်ကြွလာခြင်းကို မြော်လင့်နေသူများအားလုံးနှင့် ရင်းနှီးနေသော စကားလုံးများဖြစ်သည်။ GCBur 435.1

    သို့သော် ခရစ်တော်ကြွလာတော်မမူသေးပါ။ နှုတ်ကပတ် တော်သည် မမှားယွင်း နိုင်သော်လည်း အနာဂတ္တိစကားကို အနက်ပြန် ဆိုမှုတွင် အမှားအယွင်း ရှိနိုင်သည်ဟု ယုံကြည်သူများသဘောပေါက် ကြသည်။GCBur 435.2

    ကြွလာခြင်းဆိုင်ရာလှုပ်ရှားမှုတွင် ယုံကြည်သူများကို ထာဝရ ဘုရား လမ်းပြခဲ့သည်။ ထိုကြောင့် ကိုယ်တော်သည် ထိုအမှုတော်ကြီး ကိုစိတ်ပျက် ဝမ်းနည်းခြင်းနှင့်လည်းကောင်း၊ တစ်ယူသန်သူများအဖြစ် ယုံကြည်သူများကို အပြစ်တင်ခြင်းများဖြင့်လည်းကောင်း အဆုံးမ သတ်စေလိုတော်မူပါ။ လူများစွာ တို့သည် အနာဂတ္တိဆိုင်ရာ အချိန် ရေတွက်မှုများကို ဆက်မလုပ်ကြရုံသာမက မြော်လင့်ခြင်းဆိုင်ရာ လှုပ်ရှားမှုများကိုလည်း၊ ငြင်းပယ်လာကြသော်လည်း တချို့မှာမူ ဝိညာဉ်တော်နှင့်တကွ သမ္မာကျမ်းစာက ထောက်မထားသည့် ယုံကြည် ခြင်းနှင့် အတွေ့အကြုံဆိုင်ရာ အချက်အလက်များကို ငြင်းပယ်ရန် ဆန္ဒ မရှိကြချေ။ ရရှိထားပြီးသာအမှန်တရားများကို ကိုင်စွဲထားရန်မှာ မိမိတို့၏တာဝန်သာဖြစ်သည်ဟု မှတ်ယူကာ မှားယွင်းမှုများကို ရှာဖွေပြင်ဆင်ရန် ဆုတောင်းလျက် ကျမ်းစာကိုလေ့လာခဲ့ကြပါ သည်။ အနာဂတ္တိ ဆိုင်ရာ အချိန်သတ်မှတ်ခြင်းများတွင် အမှားအယွင်း မရှိကြောင်း သူတို့တွေ့ရှိ သောအခါ ဗိမာန်တော်အကြောင်းအ ရာများကိုအနီးကပ်ဆန်းစစ်ခဲ့ကြပါသည်။GCBur 435.3

    ဤကမ္ဘာကြီးသည် သန့်ရှင်းသောဗိမာန်တော်ဖြစ်သည်ဟူ သောအမြင်ကို ထောက်ခံထားသည့် အထောက်အထားများ သမ္မာ ကျမ်းစာတွင် မရှိကြောင်း သူတို့လေ့လာတွေ့ရှိခဲ့ကြပါသည်။ ဗိမာန် တော်နှင့်ပတ်သက်သည့် သဘာဝတည်နေရာနှင့် အခမ်းအနားများ အကြောင်း ပြည့်စုံသောရှင်းလင်း ချက်များကို ဟေဗြဲ ၉:၁-၅ တွင် သူတို့တွေ့ရှိခဲ့ကြသည်။GCBur 436.1

    “တစ်နည်းကား ပထမပဋိညာဉ်တရားသည် ဝတ်ပြုရာစီမံ ချက်နှင့် လည်းကောင်း၊ လောကီသန့်ရှင်းရာဌာနတော်နှင့်လည်း ကောင်း စပ်ဆိုင်သည်။ အဘယ်သို့နည်းဟူမူကား၊ အဂျာဟုခေါ်သော ပထမတဲတော်သည် ဆီမီးခုံ၊ စားပွဲ၊ ရှေ့တော်မုန့်နှင့် ပြင်ဆင် လျက်ရှိ၏။ GCBur 436.2

    ဒုတိယကန့်လန့်ကာအတွင်း၌ ဟဂျာဟဂျုန်ဟုခေါ်ဝေါ် သောတဲတော်ရှိ၏။ ထိုတဲတော်၌ ရွှေလင်ပန်းနှင့် ရွှေဖြင့်မွမ်းမံသော ပဋိညာဉ်တရားသေတ္တာရှိ၏။ ထိုသေတ္တာရှိ မန္နကိုထားသော ရွှေအိုး၊ အပွင့်ပွင့်သောအရုန်၏လှံတံ၊ ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့သည်ရှိကြ၏။ ထိုသေတ္တာပေါ်မှာ ဘုန်းကြီးသော ခေရု ဗိမ်တို့သည် အပြစ်ဖြေရာပလ္လင်ကိုလွှမ်းမိုးလျက် ရှိကြ၏။ ထိုအရာ များကို ယခုသေချာစွာပြောစရာအကြောင်းမရှိ။”GCBur 436.3

    ထိုသန့်ရှင်းရာဌာနတော် (သန့်ရှင်းရာဗိမာန်တော်) သည် လောကတွင် ဘုရားသခင်ကိန်းဝပ်ရာဖို့ အမိန့်တော်အတိုင်း မောရှေ ဆောက်လုပ်ခဲ့သည်တဲတော်ပင်ဖြစ်သည်။ “ငါသည် သင်တို့တွင် ကိန်းဝပ်ရာဖို့ သန့်ရှင်းရာဌာနတော်ကိုလုပ်ကြစေ” ဟူသော အမိန့် တော်မှာ မောရှေအား ဘုရားသခင်ညွှန်ကြားခဲ့သော အမိန့်တော် ဖြစ်၏။ (ထွက် ၂၅:၈)။ တဲတော်မှာ ကြီးကျယ်ခမ်းနားသည့် အဆောက်အအုံတစ်ခုဖြစ်သည်။ GCBur 436.4

    အပြင်ပရိဝုဏ် ပါရှိသည့်အပြင် လှပတင့်တယ်သောကန့်လန့် ကာနှင့်ခြားထားသည့် သန့်ရှင်းရာ အခန်းနှင့် အသန့်ရှင်းဆုံးအခန်း ဟုခေါ်သော အခန်းနှစ်ခန်းအတွင်းတွင် ပါရှိပါသည်။ သန့်ရှင်းရာအခန်း အဝင်ပေါက်ကိုလည်း တင့်တယ်သော ကန့်လန့်ကာတစ်ခုဖြင့် ကာပိတ် ထားပါသည်။GCBur 437.1