Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၂၆)—သမ္မာတရားအတွက်ခုခံကာကွယ်သူများ

    နောက်ဆုံးသောကာလတွင်ဖြစ်ပျက်မည့် ဥပုသ်နေ့နှင့် ပတ် သက်သည့် ပြုပြင်ပြောင်းလဲမှုများအကြောင်းကို ဟေရှာယ အနာဂတ္တိ ကျမ်းတွင် ကြိုတင် ဟောကိန်းထုတ်ထားပါသည်။ “ထာဝရဘုရားမိန့် တော်မူသည်ကား၊ တရားကို စောင့်၍ ဖြောင့်မတ်စွာကျင့်ကြလော့။ ငါ၏ကယ်တင်ခြင်းကျေးဇူး ရောက်ချိန်နှင့် ငါ၏ဖြောင့်မတ်ခြင်းတရား ထင်ရှားချိန် ရောက်လုနီးပြီ။ ထိုသို့ ပြုသောသူ၊ အမြဲစွဲလမ်းသောလူသား သည် ဥပုသ်နေ့ကို မရှုတ်ချ။ စောင့်ရှောက်၍ ဒုစရိုက်ကိုမပြုမည် အကြောင်း မိမိလက်ကိုချုပ်တည်း လျှင်လည်း မင်္ဂလာရှိ၏။---ထာဝရ ဘုရားထံ၌ အမှုစောင့်ခြင်း၊ နာမတော်ကို ချစ်ခြင်း၊ ကျွန်တော်ရင်းဖြစ် ခြင်းအလို့ငှာ ထာဝရဘုရား၌မှီဝဲသော တစ်ပါး အမျိုးသားတို့ကိုလည်း ကောင်း၊ ဥပုသ်နေ့ကို မရှုတ်ချ။ စောင့်ရှောက်၍ ငါ၏ပဋိညာဉ်ကိုစွဲ လမ်းသောသူအပေါင်းတို့ကိုလည်းကောင်း ငါ၏သန့်ရှင်း သောတောင် သို့ ငါဆောင်ခဲ့၍ ငါ၏ပတ္ထနာအိမ်၌ ဝမ်းမြောက်စေမည်။” (ဟေရှာ၊ ၅၆:၁-၂၊ ၆-၇။)GCBur 485.1

    ဟေရှာ ၅၆:၈ အရ ဤစကားများသည် ဤခရစ်ယာန် ခေတ်နှင့်အကျုံးဝင်ပတ်သက်နေပါသည်။ ကိုယ်တော်၏တပည့်တော် များ ဟောကြားသည့် ဝမ်းမြောက်ဖွယ်ရာသတင်းစကားကြောင့် တစ် ပါးအမျိုးသားများတွင် ခရစ်ယာန်များအစုအဖွဲ့လိုက် ပေါ်ထွန်းလာ လိမ့်မည်။GCBur 485.2

    “ပညတ်တရားကိုတံဆိပ်ခတ်နှိပ်လော့” ဟု ထာဝရဘုရား မိန့် တော်မူ၏။” ဟေရှာ ၈:၁၆။ ဘုရားသခင့်ပညတ်တရား၏ တံဆိပ်ကို စတုတ္ထပညတ်တော်တွင် တွေ့ရပါသည်။ ပညတ်တော် (၁၀) ပါးအနက် ဤပညတ်တွင်သာ ပညတ်တော်ပေးသည့် ဘုရားသခင်၏ နာမတော် နှင့် ဘွဲ့တော်တို့ကို ဖေါ်ပြထားပါသည်။ ဥပုသ်နေ့ကို ရဟန်းမင်း၏ တန်ခိုး အာဏာဖြင့် ပြောင်းလဲပစ်သောအခါ ထိုတံဆိပ်သည်လည်း ပညတ်တော်မှ ဖယ်ရှားခြင်းခံလိုက်ရပါသည်။ GCBur 485.3

    ထိုကြောင့် အာဏာတော်၏ အထိမ်းအမှတ်နှင့် ဖန်ဆင်းရှင်၏ သတိရ အောက်မေ့စရာများအဖြစ် သတ္တမနေ့ဥပုသ်ကို ပြန် လည်ချီးမြှောက်ခြင်းအားဖြင့် ထိုဥပုသ်နေ့ကို ပုံမှန်အနေ အထားသို့ရောက်အောင် လုပ်ဆောင်ကြရန် တပည့်တော်များအား မိန့်မှာတော်မူပါသည်။GCBur 486.1

    “အသံမလျှော့ဘဲ ကြွေးကြော်ကြလော့။ တံပိုးကဲ့သို့ အသံ ကိုလွှင့်၍ ယာကုပ်အမျိုးသားဖြစ်သော ငါ၏လူတို့အား သူတို့ဒုစရိုက် အပြစ်ကို ဖေါ်ပြလော့။” ဟေရှာ ၅၈:၁။ “ငါ၏လူတို့” ဟု ဘုရားသခင် က သတ်မှတ် ထားသည့်လူတို့သည် ၎င်းတို့ပြုခဲ့သော ဒုစရိုက်အပြစ် များအတွက် အဆုံးမခံကြရပါမည်။ GCBur 486.2

    ထိုသူများသည် ဘုရားသခင်၏ အမှုတော်တွင် ဖြောင့်မတ် သူများဟု ကိုယ့်ကိုကိုယ် အထင်ရှိနေသူများဖြစ်ကြသည်။ သို့သော် ၎င်းတို့သည် ပညတ်တော်ကိုချိုးဖောက်သူများဖြစ်နေကြောင်း ဘုရားသခင်၏ ဆုံးမစကားများက သက်သေပြုနေပါသည်။GCBur 486.3

    “သင်၏အမျိုးအနွယ်သည် ရှေးပြိုပျက်ရာတို့ကို ပြုပြင်ကြ လိမ့်မည်။ ရှေးကာလ၌တည်ဖူးသော တိုက်မြစ်များအပေါ်မှာ ထပ် ဆင့်၍တည်ဆောက် ကြလိမ့်မည်။ သင်သည်လည်း ပြိုပျက်သောမြို့ ရိုးကို ပြုပြင်သောသူ၊ လူနေရာ လမ်းများကို ပြင်ဆင်သောသူဟူ၍ သမုတ်ခြင်းကိုခံရလိမ့်မည်။ သင်သည် ဥပုသ်နေ့ကို မရှုတ်ချ။ ငါသန့်ရှင်းသောနေ့မှာ ကိုယ်အလိုသို့မလိုက်။ ဥပုသ်နေ့ကို မွေ့လျော် ရာနေ့၊ ထာဝရဘုရားအဖို့ သန့်ရှင်းသောနေ့၊ ရိုသေဖွယ်သောနေ့ဟူ ၍ခေါ်သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ်အလိုသို့မလိုက်၊ ကိုယ် စကားကိုမပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင် သင်သည် ထာဝရ ဘုရား၌ပျော်မွေ့ရလိမ့်မည်။” ဟေရှာ ၅၈:၁၂-၁၄။GCBur 486.4

    ရောမ၏တန်ခိုးအာဏာများကိုအသုံးပြုကာ ဥပုသ်နေ့ကို ပြောင်း လဲ ပစ်လိုက်သောအချိန်တွင် ပညတ်တော်မြို့ရိုးကြီးကျိုးပဲ့ ပျက်စီးပါ သည်။ သို့ရာတွင် ထိုပြိုပျက်သွားသောမြို့ရိုးကို ပြန်လည်ပြင်ဆင်ဖို့ အချိန်ရောက်ရှိလာပါပြီ။GCBur 487.1

    ထိုဥပုသ်နေ့ကို အပြစ်ကင်းစင်သောအာဒံသည် ဧဒင်ဥယျာဉ် တွင် စောင့်ရှောက်ခဲ့သည်နည်းတူ အပြစ်ကြောင့် နှင်ထုတ်ခံရသော်လ ည်း နောင်တရသောအာဒံသည် ဧဒင်ဥယျာဉ်အပြင်သို့ ရောက်သွား သောအချိန်တွင်လည်း ဆက်လက်စောင့်ရှောက်ခဲ့သည်။ အာဗေလ မှစ၍ နောဧ၊ အာဗြဟံ၊ ယာကုပ် အစရှိသည့် ရှေးဘိုးဘေးများသည် ထိုသတ္တမနေ့ဥပုသ်ကိုပင် စောင့်ရှောက်ခဲ့ ကြသည်။ ဣသရေလများ အား အီဂျစ်ပြည်မှထုတ်ဆောင်လာသော အချိန်တွင်လည်း ထိုလူထု ကြီးအား ထိုပညတ်ကိုစောင့်ရန် နှုတ်ဖြင့် ကိုယ်တော်ရှင်မြွက်ဆိုတော် မူခဲ့သည်။GCBur 487.2