Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဝေါလ်ဒင်းဆီးများကိုချေမှုန်းမည့်ရောမ၏ဆုံးဖြတ်ချက်

    တောင်တန်းနေအိမ်များတွင်နေထိုင်သည့် ဘုရားသခင်၏ လူများအပေါ် တိုက်ခိုက်မှုများသည် ယခုတွင်အစပြုချေပြီ။ စုံစမ်းရေး သမားများသည် သူတို့ကိုခြေရာကောက်မိချေပြီ။ မကြာခဏဆိုသလို ၎င်းတို့သည် အိမ်များ၊ လယ်ယာများကိုစွန့်ပစ်ထားခဲ့ရပြီး ၎င်းတို့၏ ဘုရားဝတ်ပြုကျောင်းများလည်း အဖျက်ဆီးခံခဲ့ရပါသည်။ စာရိတ္တ ပိုင်းဆိုင်ရာ အပြစ်တင်စရာမရှိသော်လည်း ရဟန်းမင်း၏ အလိုနှင့်အညီ ဘုရားသခင်ကို ဝတ်မပြုနိုင်ခြင်းသည် ၎င်းတို့အတွက် မဟာ ပြဿနာကြီး ဖြစ်နေပါသည်။ ပြစ်မှုတစ်ခုအဖြစ် ကင်ပွန်းတပ်ခံရသည့် ထိုပြဿနာကြောင့် လူနှင့်နတ်ဆိုးတို့ တီထွင်နိုင်သမျှသော စော်ကား မှုများ၊ ညှဉ်းပန်းမှုများကို ၎င်းတို့ရင်ဆိုင်ခဲ့ကြရပါသည်။GCBur 61.3

    ရောမအသင်းတော်သည် ၎င်းတို့မုန်းတီးသည့် ထိုအဖွဲ့ကို အမြစ် ပါမကျန် သုတ်သင်ပယ်ရှင်းရန် ဆုံးဖြတ်သောအချိန်တွင် ရဟန်းမင်း သည် ၎င်းတို့အား ဘာသာရေးဖေါက်ပြန်သူများအဖြစ် ရှုတ်ချကာ ဖမ်းဆီးသတ်ဖြတ်ရန် ပြန်တမ်းတစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ ဘုရား သခင်၏ ထိုသားသမီးများကို ပျင်းရိသူများ၊ မရိုးသားသူများ၊ ငြိမ်သက် မှုကို နှောင့်ယှက်သူများအဖြစ် စွဲချက်မတင်ဘဲ မှန်ကန်သောသိုးစုမှ သိုးများကို ဖြားယောင်းသည့် ဘုရားတရားရှိသည့်ပုံကိုပိုင်ဆိုင်ခြင်း ကြောင့် ထိုကဲ့သို့အမိန့် ပြန်တမ်းထုတ်ပြန်အရေးယူရကြောင်း ကြေညာ ခဲ့ပါသည်။ ၎င်းပြင် ရောမအသင်းဝင်အားလုံးကို ထိုဘာသာရေး ဖေါက်ပြန်သူများအား ချေမှုန်းခြင်းတွင် ပါဝင်ကြရန် ထိုအမိန့် ပြန်တမ်းက ဆင့်ခေါ်ပါသည်။ ဤတိုက်ပွဲတွင် ပါဝင်သူအားလုံး GCBur 62.1

    အပေါ် ကျိန်ဆိုခဲ့သောအကျိန်စကားများကို ဖျက်သိမ်းပေးမည် ဖြစ်ကြောင်း၊ တရားမဝင်ပိုင်ဆိုင်ထားသည့် ပစ္စည်းများအပေါ် တရား ဝင်ပိုင်ဆိုင်ကြောင်း၊ ဥပဒေပြုပေးမည်ဖြစ်ကြောင်း၊ ဘာသာရေး ဖေါက်ပြန်သူများကို သတ်ခြင်းကဲ့သို့သောအပြစ်များကို ဖြေလွှတ် ခွင့်ပြုမည်ဖြစ်ကြောင်း စသည်ဖြင့် ထိုဘာသာရေးတိုက်ပွဲထဲသို့ အားလုံး ပါဝင်လာရန် တွန်းအားပေးခဲ့ပါသည်။ ထုတ်ပြန်ခဲ့သော အမိန့် ပြန်တမ်းအားဖြင့် ဗိုဒိုအာနှင့်ချုပ်ဆိုခဲ့သော သဘောတူညီချက်အားလုံး ကိုဖျက်သိမ်းကာ ဗိုဒိုအာများအား မည်သူမဆိုမည်သည့်အကူအညီ မျှမပေးကြရန် တားမြစ်လိုက်သည်။ ၎င်းပြင် ဗိုဒိုအာများပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို မည်သူမဆို ရယူပိုင်ဆိုင်နိုင်ကြောင်း အခွင့် ပြုလိုက်သည်။ ဤအမိန့်သည် ခရစ်တော်၏ အသံမဟုတ်ဘဲ နဂါး ကြီး၏ ဟိန်းဟောက်သံသာ ဖြစ်ကြောင်း သိသာထင်ရှားနေပါသည်။ ခရစ်တော်ကိုကပ်တိုင်တင်ခဲ့သူ၊ တမန်တော်များကို လုပ်ကြံသတ်ဖြတ် ခဲ့သူ၊ သစ္စာရှိသူများကိုသတ်ရန် သွေးဆာနေသောနီရိုးဧကရာဇ်ကို လှုံ့ဆော်ပေးခဲ့သူတည်းဟူသော ထိုဝိညာဉ်သည် ဘုရားသခင်၏ ချစ် သားသမီးများကို ဤကမ္ဘာမှ ရှင်းလင်းသုတ်သင်ပစ်ရန် လုပ်ဆောင် နေပါသည်။ ဘုရားသခင်ကို ချစ်သော ဤလူစုသည် ၎င်းတို့အား ဆန့်ကျင်ကာ တိုက်ပွဲဝင်သတ်ဖြတ်နေသည့် ကြားမှပင် သမ္မာတရား အလင်းများကိုဖြန့်ဝေရန် သာသနာပြုများကို ဆက်လက်စေလွှတ်ခဲ့ကြ ပါသည်။ သူတို့သည် လိုက်လံသတ်ဖြတ်ခြင်းကို ခံရသော်လည်း ၎င်းတို့၏အသွေးများသည် ကြဲထားသောမျိုးစေ့များကို အပင်ပေါက် စေ၍ အသီးအပွင့်များကို သီးပွင့်စေခဲ့ပါသည်။GCBur 62.2

    ဤနည်းအားဖြင့် ဝေါလ်ဒင်းဆီးများသည် မာတင်လူးသာ မတိုင်မီနှစ်ပေါင်းများစွာအချိန်တွင် ဘုရားသခင်အကြောင်း သက်သေ ခံခဲ့ကြပါသည်။ ဝစ်ကလစ်အချိန်တွင်အစပျိုးပြီး၊ လူးသားသာအချိန်တွင် ကျယ်ကျယ်ပြန့်ပြန့်ကြီးထွားလာကာ ကမ္ဘာဆုံးသည့်အချိန်တိုင်အောင် လုပ်ဆောင်သွားမည့် ဘာသာရေးပြုပြင်ပြောင်းလဲခြင်း၏ မျိုးစေ့ များကိုသူတို့စိုက်ပျိုးပေးခဲ့ကြပါသည်။GCBur 63.1

    *****