Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ယုံကြည်ခြင်းအားဖြင့်သာ

    ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ် တော်၏ တန်ခိုးတော်အမအစကိုရယူကာ ဤအမှုကိုပြီးမြောက်စေနိုင် ပါသည်။ GCBur 505.2

    ခရစ်ယာန်များသည် အပြစ်ဒုစရိုက်ကျူးလွန်ဖို့ လှုံ့ဆော်မှု များနှင့် ရင်ဆိုင်ကြရ မည်ဖြစ်သော်လည်း ထိုအပြစ်ဒုစရိုက်များကို စိုက်လိုက်မတ်တတ်တိုက်လှန် ကြရမည်ဖြစ်သည်။ ဤနေရာတွင် ခရစ်တော်၏အမအစကိုလိုအပ်လာပါပြီ။ လူသား၏အားနည်းချက် ကိုဘုရားသခင်၏ခွန်အားဖြင့်ပေါင်းစပ်ကာ ယုံကြည်ခြင်းအားဖြင့် “ငါတို့သခင်ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်း အခွင့်ကိုပေး တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ကြီးလှစွာတကား” ဟုကြွေးကြော်ကြပါလိမ့်မည်။ ၁ကော၊ ၁၅:၅၇။GCBur 505.3

    သန့်ရှင်းခြင်းအရာသည် တဖြည်းဖြည်းတိုးတက်သောအရာ ဖြစ်ပါသည်။ အပြစ်သားများသည် စိတ်နှလုံးပြောင်းလဲသောအချိန် တွင်ဘုရားသခင်၌ ငြိမ်သက်ခြင်းကိုတွေ့ရှိသောအခါ သူ၏ခရစ် ယာန်အသက်တာ သည် အစပျိုးရုံသာရှိသေးသည်။ ယခုတွင် ထိုသူသည် “စုံလင်သောအဖြစ်သို့တက်ကာ” “ခရစ်တော်၏ပြည့်စုံ ခြင်းပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ၏အဖြစ်သို့ ရောက် ကြသည် တိုင်အောင်” ကြီးထွားကြရန်ဖြစ်သည်။ “ယေရှုခရစ်အား ဖြင့်ဘုရားသခင်သည် အထက်အရပ်မှခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကို ရခြင်းငှာ ပန်းတုံးတိုင်သို့ငါလိုက်ပြေး၏။” ဟေဗြဲ ၆:၂။ ဧဖက် ၄:၁၃။ ဖိ၊ ၃:၁၄။GCBur 505.4

    သမ္မာကျမ်းစာဖော်ပြပါသန့်ရှင်းခြင်းကို ခံစားရရှိသူများသည် နှိမ့်ချမှုကို ရရှိလိမ့်မည်။ ခရစ်တော်၏စုံလင်မှုနှင့် မိမိတို့၏မထိုက်တန်မှု များကို သူတို့ထင်ရှားစွာသိမြင်ကြလိမ့်မည်။ ပုရောဖက်ဒံယေလသည် စစ်မှန်သော သန့်ရှင်းခြင်းအတွက် နမူနာကောင်းတစ်ခုဖြစ်သည်။ ဂုဏ်ပြုခြင်းခံရသော ထိုပုရောဖက်ကြီးသည် မိမိကိုယ်ကိုဖြူစင်သန့် ရှင်းသည်ဟု ဖွင့်ဟခြင်းမပြုဘဲ သူကိုယ်စားပြုအသနားခံနေသည့် ဣသရေလများကဲ့သို့ပင် အပြစ်များကြောင်း ဝန်ခံခဲ့ပါသည်။ ဒံယေလ ၉:၁၅၊ ၁၈၊ ၂၀။ ၁၀:၈၊ ၁၁။GCBur 506.1

    ကပ်တိုင်၏အရိပ်အောက်တွင် လျှောက်လှမ်းအက်ရှင် နေသူများ၏ ကဏ္ဍတွင် အပြစ်ဒုစရိုက်မှလွတ်ခြင်းအခွင့်ရသည့်အ တွက်မိမိကိုယ်ကို ချီးမြှောက်စရာ၊ ဝါကြွားစရာမရှိနိုင်ပါချေ။ ခရစ် တော်၏နှလုံးသာကို ကွဲစေကာ ဝမ်းနည်းမှုကိုဖြစ်စေသောအရာ မှာမိမိတို့၏ အပြစ်သားများသာဖြစ်ကြောင်း သူတို့သိရှိလျက် ထိုအသိ ကလေးက ၎င်းတို့အား စိတ်နှလုံးနှိမ့်ချလာစေပါ လိမ့်မည်။ ခရစ် တော်နှင့် အနီးကပ်ဆုံး အသက်ရှင်နေထိုင်သူများသည် လူသားများ ၏အပြစ်ဒုစရိုက်နှင့် အားနည်းမှုများကို အထင်ရှားဆုံး သိမြင်လာ ကြကာ ၎င်းတို့၏တစ်ခုတည်းသော မြော်လင့်ချက်မှာ အသေခံ၍ ရှင်ပြန်ထမြောက်တော်မူသည့် ခရစ်တော်၏ကောင်းမှုကုသိုလ်၌သာ ဖြစ်၏။GCBur 506.2

    ယနေ့ခေတ်ဘာသာရေးလောကတွင် ထင်ရှားလူသိများ လာသော သန့်ရှင်းခြင်းသည် ကိုယ်ကိုကိုယ်ချီးမြှောက်သည့် စိတ်ဓါတ် များဖြင့်ပြီလျက် ဘုရားသခင်၏ ပညတ်တော်ကို အလေးမထား ကြချေ။ GCBur 507.1

    သန့်ရှင်းခြင်းဆိုသည်မှာ ရုတ်ခြည်းဖြစ်ပေါ်လာသောအရာ တစ်ခုဖြစ်ပြီး ယုံကြည်ခြင်းအားဖြင့် စုံလင်သော သန့်ရှင်းခြင်းအဆင့် သို့ရောက်သည်ဟု အထက်ဖေါ်ပြပါ သဘောတရားကိုထောက်ခံသူ များက ဖွင့်ဆိုနေကြသည်။ “ယုံကြည်ရင်ပြီးရော၊ ကောင်းချီးမင်္ဂလာ ကိုခင်ဗျားရမယ်” ဟု သူတို့ပြောဆိုနေကြသည်။ ပညတ်တော်ကို စောင့်ရှောက်ရမည့်တာဝန်မှ လွတ်ငြိမ်းခွင့်ရပြီးဖြစ်သဖြင့် သန့်ရှင်း ခြင်းကို ရရှိထားသူများအနေဖြင့် မည်သည့်ကြိုးစားမှုမျိုးကိုမျှ လုပ် ဆောင်စရာ မလိုဟုဆိုကာ သူတို့သည် ပညတ်တော်ကိုငြင်းဆိုနေကြ ပါသည်။ သို့ရာတွင် ဘုရားသခင်၏သဘာဝနှင့် အလိုတော်ကိုဖေါ် ပြသည့် စည်းမျဉ်းများနှင့်ကိုက်ညီသောအသက်တာမရှိလျှင် သန့်ရှင်း သည်ဟု ပြောဆိုနိုင်ပါမည်လား။GCBur 507.2

    ဘုရားသခင့် နှုတ်ကပတ်တော်၏ သက်သေခံချက်မှာ အကျင့်နှင့်ကင်းသောယုံကြည်ခြင်းတည်းဟူသော အန္တရာယ်များသည့် ဤယုံကြည်ခြင်း နှင့်ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ကရုဏာတော် ထားရန် အခြေခံနှင့် မဆီလျော်သည့် အမအစများကို ဘုရားသခင် ထံမှတောင်းခံနေခြင်းသည် ယုံကြည်ခြင်းမဟုတ်ပါ။ ထိုအရာသည် ရဲရင့်သောဒုစရိုက်ပြုခြင်းသာ ဖြစ်ပါသည်။ ယာကုပ် ၂:၁၄-၂၄။GCBur 507.3

    ဘုရားသခင်၏တောင်းဆိုချက်များမှ တောင်းဆိုချက်တစ်ခု ကိုမိမိဆန္ဒအလျောက်ချိုးဖေါက်နေစဉ်မှာပင် သန့်ရှင်းခြင်းအသက်တာ ကိုရရှိနိုင်သည်ဟု ကိုယ့်ကိုကိုယ်မလှည့်စားကြပါနှင့်။ သိလျက်နှင့် ကျူးလွန်သောအပြစ်များသည် ဝိညာဉ်တော်၏သက်သေခံသံကို တိတ်စေ၍ ထိုပုဂ္ဂိုလ်အား ဘုရားသခင်နှင့်ကွဲကွာသွားစေပါသည်။ ရှင်ယောဟန်သည် ချစ်ခြင်းမေတ္တာအကြောင်းကို ပြည့်စုံစွာဖွင့်ဆို နေစဉ်မှာပင် ပညတ်တော်ကို လွန်ကျူးစဉ်မှာပင် သန့်ရှင်းခြင်းရှိသည် ဟုဟစ်ကြွေးနေသောလူတန်းစား တစ်ခု၏ စစ်မှန်သောစာရိတ္တကို ဖွင့်ဆိုရန် မနှောင့်နှေးခဲ့ပါချေ။ “ထိုသခင်ကို ငါသိ၏ဟု ပညတ်တော် တို့ကိုမစောင့်ဘဲလျက် ဆိုသောသူသည် မုသားကို သုံးသောသူဖြစ်၍ ထိုသူ၌သစ္စာမရှိ၊ ထိုသခင်၏စကားတော်ကိုနားထောင်သော သူ မည်သည်ကား ဘုရားသခင်ကိုချစ်ခြင်းနှင့်အမှန်ပြည့်စုံ၏။” ၁ယော၊ ၂:၄-၅။ GCBur 507.4

    ဤတွင် လူသားများ၏ဖွင့်ဟချက်များအပေါ် စမ်းသပ်နေပါ သည်။ အကယ်၍ လူတို့သည် ဘုရား၏ပညတ်များကို သေးသိမ်အောင်၊ ပေါ့ပေါ့တန်တန်ဖြစ်အောင် လုပ်လျှင်သော်လည်းကောင်း၊ “အငယ်ဆုံးသော ပညတ်ကို ကိုယ်တိုင်လွန်ကျူး၍ သူတစ်ပါးအား လည်း ထိုအတူသွန်သင်လျှင် သော်လည်းကောင်း” ၎င်းတို့၏ဖွင့်ဆို မှုများ၌ အခြေအမြစ်မရှိကြောင်း ကျွန်ုပ်တို့သိရှိနိုင်ကြပါသည်။ မဿဲ ၅:၁၈-၁၉။GCBur 508.1

    အပြစ်ကင်းသည်ဟု ကြွေးကြော်နေခြင်းသည် ထိုကြွေးကြော် နေသူ အနေဖြင့် သန့်ရှင်းခြင်းနှင့်များစွာကွာလှမ်းနေကြောင်း သက် သေအထောက် အထားဖြစ်သည်။ (တစ်နည်းအားဖြင့် မသန့်ရှင်းသူ များသည် မိမိကိုယ်ကို အပြစ်ကင်းသည်ဟု ပြောတတ်ကြသည်)။ ထိုသူ၌ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းအပေါ် အမြင် မကြည်မှုများရှိနေပြီး အပြစ်ဒုစရိုက်၏ မကောင်းမှုနှင့် ဆိုးရွားမှု များကိုလည်း အမြင်မရှင်းမှုများရှိနေသည်။ သူနှင့်ခရစ်တော်အကြား ကွာဝေးမှု များပြားသွားသည်နှင့်အမျှ ကိုယ့်ကိုကိုယ်ဖြောင့်မတ်သည်ဟု အထင်ပိုရှိလာပါသည်။GCBur 508.2