Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သမ္မာကျမ်းစာပါသန့်ရှင်းခြင်း

    သန့်ရှင်းခြင်းဟုဆိုရာတွင် ကိုယ်၊ စိတ်၊ ဝိညာဉ်သုံးပါးစလုံး ၏သန့်ရှင်းခြင်းကိုဆိုလိုပါသည်။ မိမိတို့၏ ကိုယ်ခန္ဓာကို “သန့်ရှင်း ခြင်းလက္ခဏာ၊ အသက်ရှင်ခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက် တော်မူဖွယ်သောလက္ခဏာ” အဖြစ် ဘုရားသခင်ထံတွင် ပူဇော်ကြ ရန်ခရစ်ယာန်များအား တိုက်တွန်းထားပါသည်။ ရောမ ၁၂:၁။ ခန္ဓာ ကိုယ် ခွန်အားနှင့် စိတ်တန်ခိုးများကို ကျဆင်းသွားစေမည့် အမူအကျင့် တိုင်းသည် ဖန်ဆင်းရှင်၏အမှုတော်တွင် ပါဝင်နေသော လူသားများ အတွက် မသင့်လျော်ချေ။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဘုရားသခင်ကို ချစ်သောသူများသည် အလိုတော်အတိုင်း ဆောင်ရွက်နိုင်ရန် လိုအပ် သည့်စွမ်းရည်များကို တိုးပွား စေသောပညတ်တော်နှင့်အညီ ကိုယ် စိတ်ဝိညာဉ်တန်ခိုးခွန်အားများကို ရအောင် အမြဲတမ်းကြိုးစားကြ လိမ့်မည်။ GCBur 509.1

    ထိုသူများသည် ဘုရားသခင့်ထံတော်တွင် ဆက်ကပ်ရ မည့်ယဇ်ကို အပျော်အပါး၊ အစားအသောက် လွန်ကျူးခြင်းအားဖြင့် မညစ်ညမ်းစေကြပါ။GCBur 509.2

    ဒုစရိုက်နှင့်ယှဉ်သော ပျော်ပါးစားသောက်မှုများသည် ဉာဏ နှင့်ဝိဉာဏစွမ်းအားများကို ထုံထိုင်းပျက်စီးစေသည်။ ထိုကြောင့် ဘုရားသခင်က သမ္မာကျမ်းစာအားဖြင့် ၂ကော၊ ၇:၁ တွင် မိန့်ဆို ထားသည်မှာ “ကိုယ်ခန္ဓာ၏အညစ်ကြေး၊ စိတ်ဝိညာဉ်၏ အညစ် အကြေး ရှိသမျှတို့နှင့် ကိုယ်ကိုကင်းစေလျက် ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း ပါရမီနှင့်ပြည့်စုံကြကုန်အံ့” ဟူ၍ဖြစ်သည်။GCBur 509.3

    မည်မျှများပြားသောခရစ်ယာန်များသည် အစားကြူး၊ အ သောက်ကြူး၊ အပျော်ကြူးခြင်းများဖြင့် ဘုရားသခင်နှင့်သဏ္ဌာန်တူ သည့် လူ၏ဂုဏ်ရည်များကိုနိမ့်ကျအောင်လုပ်နေကြသနည်း။ အသင်း တော်သည် ခရစ်တော်ကိုချစ်သည့် မေတ္တာတရားအထူးနည်းပါးနေ ပြီးဘဏ္ဍာရေး တောင့်တရန်အလို့ငှာ မကောင်းမှုများကိုပင် မကြာ ခဏအားပေးတတ်ပါသည်။ GCBur 510.1

    ယနေ့အသင်းတော်များသို့ ခရစ်တော်ရောက်ရှိလာကာ ဘာသာရေးအရေခြုံပြီး ကျင်းပနေသည့် ပွဲလမ်းများကို မြင်တွေ့သွား ပါလျှင် ငွေလဲလှယ်သူများအား ဗိမာန်တော်ထဲမှမောင်းထုတ်ခဲ့သကဲ့သို့ ထိုအသရေ ရှုတ်ချသူများကို အသင်းတော်မှနှင်ထုတ်လိမ့်မည်မ ဟုတ်ပါလား။GCBur 510.2

    “သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော သင်တို့အထဲ၌ ကိန်းဝပ်၍ သန့်ရှင်းသော ဝိညာဉ်တော်၏ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကိုလည်းကောင်း မသိကြသလော။ သင်တို့သည် အဖိုး နှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့် ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ် တော်ကို ထင်ရှားစေကြလော့။” ၁ကော၊ ၆:၁၉-၂၀။ သန့်ရှင်းသော ဝိညာဉ်တော် ကိန်အောင်းရာ ခန္ဓာကိုယ်များကို ညစ်ညမ်းပျက်စီးစေမည့် အမူအကျင့်များ၏ ကျေးကျွန်ဘဝသို့ ခရစ်ယာန်များမရောက် သင့်ကြချေ။ လူ၌ရှိသော တန်ခိုးစွမ်းအားများကို ဘုရားသခင်ပိုင်တော်မူ သည်။ လူ၏လက်ဝယ်ရှိနေသည့် ဥစ္စာပစ္စည်းများသည်လည်း ဘုရား သခင်၏ ပစ္စည်းများသာဖြစ်၏။ ထိုကြောင့် လူသည်မိမိ၌ အပ်နှံ ထားသည့်ရင်းနှီးမြှုပ်နှံ မှုများကို ဖြုန်းတီးပစ်ခွင့်မရှိပါချေ။GCBur 510.3

    ခရစ်ယာန်များသည် အကျိုးမဲ့စားသောက်နေထိုင်မှုများအ တွက်များလှစွာသောငွေကြေးများကို နှစ်စဉ်ဖြုန်းတီးလျက်ရှိသည်။ ဧဝံဂေလိ အမှုတော်နှင့် ဆင်းရဲသားများကိုထောက်ပံ့သည့် ငွေကြေး ပမာဏထက် များစွာသောငွေကြေးများကို အပျော်အပါး လွန်ကျူး မှုများတွင်အသုံးပြုကာ ဘုရားသခင်ထံသို့ ပူဇော်ရမည့် အလှူငွေ နှင့်ဆယ်ဖို့တစ်ဖို့များကို တလွဲအသုံး ပြုနေကြသည်။ အကယ်၍ သာခရစ်ယာန်များသည် အမှန်တကယ် သန့်ရှင်းစင်ကြယ်ခဲ့ကြမည် ဆိုလျှင် ၎င်းတို့၏ဥစ္စာဓနများကို မလိုအပ်သော နေရာတွင် အလဟ ဿသုံးဖြုန်းမည့်အစား ဘုရားသခင်၏ဘဏ္ဍာတိုက်ထဲသို့ ထည့်ကြ လိမ့်မည်။ ချုပ်တည်းခြင်းနှင့် အနစ်နာခံခြင်းများအတွက်လည်း နမူ နာပြကြလိမ့်မည်။ ၎င်းပြင် လောက၏အလင်းလည်းဖြစ်လာကြ လိမ့်မည်။GCBur 511.1

    “ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်းနှင့် လောကီ စည်းစိမ်၌ ဝါကြွားခြင်း” များသည် လူတို့အား ထိန်းချုပ်ထားသည်။ ထိုကြောင့် “သင်တို့သည် ထိုသူတို့အထဲမှထွက်၍ အသီးအခြားနေ ကြလော့။ GCBur 511.2

    မစင်ကြယ်သောအရာကို လက်နှင့်မျှမတို့ကြနှင့်” ဟု ခရစ် ယာန်များအား ဘုရားသခင်မိန့်မှာထားပါသည်။ ၂ကော၊ ၆:၁၇။ ထို မိန့်မှာချက်နှင့်အညီ အသက်ရှင်နေထိုင်သူများအား “သင်တို့ကိုငါ လက်ခံမည်။ သင်တို့၏အဘ ဖြစ်မည်။ သင်တို့သည်လည်း ငါ၏ သားသမီးဖြစ်ကြလိမ့်မည်” ဟု ထာဝရဘုရား မိန့်တော်မူ၏။ ၂ကော၊ ၆:၁၈။GCBur 511.3

    ယုံကြည်ခြင်းနှင့် နားထောင်ခြင်းတို့၏ ခြေလှမ်းတိုင်းသည် ထိုသူအား လောက၏အလင်းတော်နှင့် ပို၍ပို၍နီးကပ်စေပါသည်။ တရားတော်နေမင်း၏ အလင်းတန်းများသည် ဘုရားသခင်၏ကျွန် များအပေါ်သို့ ကျရောက်နေရာ ထိုသူများသည် ထိုအလင်းတန်းများ ကိုပြန်လည်ထွန်းလင်းကြရန်ဖြစ်သည်။ ကောင်းကင်တွင်ရှိတော်မူ သည့်အလင်းတော်တစ်ခုကြောင့် မိမိတို့သည် အလင်းများထွန်းလင်း နေသည်ဟု ကြယ်ကလေးများက ကျွန်ုပ်တို့အား ကြားပြော၏။ ထို နည်းအတူ ခရစ်ယာန်များသည်လည်း ကောင်းကင် ပလ္လင်တော်ပေါ်တွင် စံမြန်းနေတော်မူသည့် ဘုရားသခင်၏စာရိတ္တတော်သည် ချီးမွမ်း အတုယူထိုက်ကြောင်း မိမိတို့အသက်တာအားဖြင့် ပြန်လည်ထင်ရှား စေကြရန်ဖြစ်သည်။GCBur 512.1

    ခရစ်တော်၏ကောင်းမှုကုသိုလ်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ပလ္လင်တော်အနီးသို့ ချဉ်းကပ်ခွင့်ရကြပါပြီ။ “မိမိ သားတော် ရင်းကို မနှမြောဘဲ ငါတို့ရှိသမျှအဖို့အလို့ငှာ စွန့်တော်မူသော သူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အား မ ပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။” “သင်တို့သည် အဆိုးဖြစ် လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံး၌ရှိတော် မူသော သင်တို့အဘသည် ဆု တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပေး တော်မူမည်မဟုတ်လော” ဟုလည်း ခရစ်တော်မိန့်ဆိုထားပါသည်။ “သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်း လျှင် တောင်းသည့်အတိုင်း ငါပြုမည်။” “သင်တို့သည် ဝမ်းမြောက် စရာအကြောင်းစုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်း လျှင်ရကြလိမ့်မည်။” ရောမ ၈:၃၂။ လုကာ ၁၁:၁၃။ ယောဟန် ၁၄:၁၄။ ၁၆:၂၄။GCBur 512.2

    ထိုကဲ့သို့ဘုရားသခင်က ကြိုဆိုလက်ခံကောင်းချီးပေးမည့် အသက်တာဖြင့်နေထိုင်ရန် လူတိုင်း၌ အခွင့်အရေးရှိနေပါသည်။ ပြစ် ဒဏ် စီရင်ခြင်းနှင့် အမှောင်ထုကြားတွင် အမြဲတမ်းကျွန်ုပ်တို့နေထိုင် သည်ကို ထာဝရဘုရား အလိုတော်မကျပါ။ ဦးခေါင်းကို ညွှတ်ထား သော်လည်း နှလုံးသား၌ အတ္တသဘောအပြည့်ရှိခြင်းတွင် စစ်မှန် သောနှိမ့်ချမှုအတွက် မည်သည့်အထောက်အထားကိုမျှ မတွေ့ရပါ။ ကျွန်ုပ်တို့သည် ခရစ်တော်ထံသို့ သွားကာ အပြစ်ဆေးကြောခြင်းခံ လျက်ရှက်ခြင်း၊ သံဝေဂရခြင်းနှင့်ကင်းစွာ ပညတ်တော်ရှေ့တွင် ရပ် ထလိုက ရပ်ထနိုင်ကြပါသည်။GCBur 513.1

    အပြစ်တွင်ကျဆုံးနေသော အာဒံ၏သားသမီးများသည် ခရစ်တော် အားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်လာကြပါသည်။ ကိုယ်တော်ရှင်သည် “ထိုသူတို့ကို ညီအစ်ကိုဟူ၍ခေါ်ခြင်းငှာ ရှက် ကြောက်တော်မမူ။” ခရစ်ယာန် အသက်တာသည် ယုံကြည်ခြင်း၊ အောင်မြင်ခြင်းနှင့် ဘုရားသခင်၌ ဝမ်းမြောက်ခြင်းနှင့် ပြည့်ဝသော အသက်တာဖြစ်သင့်သည်။ “ထာဝရဘုရား ပေးတော်မူသောအခွင့်နှင့် အားယူ၍ဝမ်းမြောက်ကြလော့။” “အစဉ်မပြတ် တမ်းမြောက်ခြင်းရှိကြ လော့။ မခြားမလပ်ဆုတောင်းပဋ္ဌနာပြုကြလော့။ အရာရာ၌ ကျေးဇူး တော်ကိုချီးမွမ်းကြလော့။ အကြောင်းမူကား သင်တို့သည် ထိုသို့ကျင့် စေခြင်းငှာ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏။” ဟေဗြဲ ၂:၁၁။ နေဟမိ ၈:၁၀။ ၁သက်၊ ၅:၁၆-၁၈။GCBur 513.2

    ဤကဲ့သို့သောအရာများသည် သမ္မာကျမ်းစာနှင့်ကိုက်ညီ သည့်ပြောင်းလဲခြင်းနှင့် သန့်ရှင်းခြင်းတို့၏ အသီးအပွင့်များဖြစ်သည်။ သို့ရာတွင် ပညတ်တရားတွင် ဖေါ်ပြထားသည့် ဖြောင့်မတ်ခြင်း စည်း မျဉ်းများကို ဂရုမထားကြသဖြင့် ဤအသီးအပွင့်များကို မြင်ရခဲခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်း၏အကြောင်းရင်းမှာ ဝိညာဉ်တော်၏လှုပ် ရှားမှုကို ထိထိမိမိမခံစားရသေးခြင်းပင် ဖြစ်ပါသည်။GCBur 513.3

    ကျွန်ုပ်တို့သည်ကြည့်ခြင်းအားဖြင့် ပြောင်းလဲလာကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ဖွင့်ပြထားသည့် စာရိတ္တတော်၏ စုံလင်သန့် ရှင်းခြင်း ဆိုင်ရာ မွန်မြတ်သောပညတ်များကို လျစ်လျူရှုကာ လူသား များတီထွင်သော သီအိုရီများနှင့် သွန်သင်ချက်များအပေါ် စွဲလမ်းသွား ကြသဖြင့် အသင်းတော် ထဲ၌ ဘုရားတရားရှိခြင်းများ ကျဆင်းလာ ခဲ့ပါသည်။ ထိုကြောင့် ဘုရားသခင်၏ ပညတ်တရားကို ၎င်း၏နေရာ မှန်သို့ ပြန်လည် ရောက်စေနိုင်မှသာ ခရစ်ယာန်များ၌ ရှေးခေတ်ယုံ ကြည်ခြင်းနှင့် ဘုရားဝတ်၌ မွေ့လျော်ခြင်းများ ပြန်လည်နိုးကြားလာ နိုင်ပါသည်။GCBur 514.1

    *****