Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်ကစာတန်အားဆုံးမတော်မူခြင်း

    ဘုရားသခင်က “အိုစာတန်၊ ထာဝရဘုရားသည် သင့်ကို ဆုံးမပါစေသော။ ယေရုရှလင်မြို့ကိုရွေးချယ်ပြီးသော ထာဝရ ဘုရား သည် ဆုံးမပါစေသော။ ဤသူသည် မီးထဲကနုတ်သောထင်းစဖြစ် သည်မဟုတ်လော” ဟု စာတန်အားမိန့်တော်မူ၏။ ဇာခရိ ၃:၂။ ခရစ်တော်သည် “အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည် တို့နှင့် လွတ်လပ်သဖြင့် အသရေတင့်တယ်လျက်ရှိသော အသင်း တော်” ကို ခမည်းတော်ဘုရားထံ၌ ဆက်ကပ်အံ့သောငှာ မိမိ၏သစ္စာ ရှိတပည့်များအား မိမိ၏ဖြောင့်မတ်ခြင်း ဝတ်ရုံဖြင့် လွှမ်းခြုံ ပေးတော်မူလိမ့်မည်။ ဧဖက် ၅:၂၇။GCBur 523.1

    “ငါသည် သူတို့အပြစ်များကိုသည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်။” “ထိုကာလအခါ ဣသရေလ အပြစ်ကိုစစ်ကြောသော်လည်း အပြစ်မပေါ်ရာ။ ယုဒဒုစရိုက်တို့ကို ရှာ၍မတွေ့ရာ။ ငါချန်ထားသော သူတို့၏အပြစ်ကိုငါဖြေရှင်းမည်။” “ဇိအုန်တောင်မှာကျန်ကြွင်း၍ ယေရုရှလင်မြို့၌နေရစ်သောသူတည်း ဟူသော အသက်စာစောင်ဝင်သမျှသော ယေရုရှလင်မြို့၌နေရစ် သောသူတည်း ဟူသော အသက်စာစောင်ဝင်သမျှသော ယေရုရှလင် မြို့သားတို့သည် သန့်ရှင်းခြင်း ရှိကြလိမ့်မည်” ဟူသော ပထမပဋိညာဉ် နှင့်ဆိုင်သည့် ကတိတော်များကို ဤအချက်က ပြည့်စုံစေခဲ့ပါသည်။ ယေရမိ ၃၁:၃၄။ ၅၀:၂၀။ ဟေရှာ ၄:၃။GCBur 523.2