Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကောင်းကင်နိုင်ငံမှနှင်ထုတ်ခံရခြင်း

    မိမိတို့အား ပြစ်တင်ရှုတ်ချခြင်းမပြုလုပ်ခဲ့လျှင် မိမိတို့အနေ ဖြင့်မည်သည့်အခါမျှ ထာဝရဘုရားအား အန်တုပုန်ကန်ကြလိမ့် မည်မဟုတ်ဟု စာတန်နှင့် အပေါင်းပါများက ၎င်းတို့၏ပုန်ကန်ခြား နားခြင်းအတွက် ခရစ်တော်ကိုအပြစ်တင်ခဲ့ကြသည်။ ခေါင်းမာပြီး အာခံတတ်ရုံသာမက ချုပ်ချယ်အာဏာပြမှု၌ အပြစ်ကင်းသော သား ကောင်များအဖြစ် ကိုယ့်ကိုကိုယ် ဖွင့်ဆိုတတ်သည့် စာတန်နှင့်အပေါင်း ပါများသည် ကောင်းကင်မှ နှင်ထုတ်ခြင်းကို ခံခဲ့ရပါသည်။GCBur 543.1

    စာတန်သည် ကမ္ဘာပေါ်ရှိ နားထောင်မှုမရှိသည့်သားသမီးများ အားလည်း ပုန်ကန်ခြားနားလိုစိတ်များကို ဖြစ်ပေါ်စေလျက်ရှိ သည်။ ထိုသူများသည်လည်း ပညတ်တော်ကို လွန်ကျူးခြင်းအားဖြင့် လွှတ်ခြင်း အခွင့်ကိုရနိုင်သည်ဟု စာတန်ပြောဆိုစည်းရုံးနေကြပါသည်။ အပြစ်ကိုဖော်ပြ ဆုံးမခြင်းသည် အမုန်းတရားကိုဖြစ်ပေါ်စေဆဲဖြစ်ပါ သည်။ GCBur 543.2

    မိမိကိုယ်ကို ဖြောင့်မတ်အောင်လုပ်ကာ အပြစ်တွင်ရှိစဉ် သူ တစ်ပါး၏သနားကြင်နာမှုကို ကြိုးစာရယူရန် လူသားများအား စာ တန်လမ်းပြနေပါသည်။ သူတို့သည် ကိုယ့်အမှားကိုကိုယ်ပြုပြင်ရမည့် အစား အပြစ်ဖော်ပြဆုံးမသူကို ပြဿနာကောင်အဖြစ်မြင်ကာ အ မျက်ဒေါသထွက်တတ်ကြပါသည်။GCBur 543.3

    စာတန်သည် ဘုရားသခင်အား ညှာတာမှုမရှိသူ၊ နိုင်လိုမင်း ထက် လုပ်တတ်သူ အဖြစ်ပုံဖော်ကာ ကောင်းကင်နိုင်ငံတွင် သူကျင့် သုံးခဲ့သည့်နည်း များကိုသုံးလျက် လူသားများအား အပြစ်လုပ်ရန် သွေး ဆောင်ခဲ့ပါသည်။ ဘုရားသခင်၏ တရားမျှတမှုကင်းသော ဖိနှိပ် ချုပ်ချယ်မှုများကြောင့် လူသားများ အပြစ်တွင်ကျဆုံးခဲ့ရသည်ဟုလည်း သူဖွင့်ဆိုခဲ့သည်။GCBur 544.1

    ထာဝရဘုရားသည် စာတန်နှင့်အပေါင်းပါများကို ကောင်း ကင်မှနှင်ထုတ်ခြင်းအရာတွင် မိမိ၏တရားမျှတခြင်းနှင့် ဂုဏ်အသ ရေကို ဖော်ပြခဲ့ ပါသည်။ သို့ရာတွင် လူသားများအပြစ်ကျူးလွန်သော အချိန်တွင်မူ လူသားများကိုယ်စား အသေခံရန် သားတော်အားစွန့် ပစ်တော်မူခြင်းအားဖြင့် မဟာမေတ္တာတော်အတွက် အထောက်အထား တစ်ခုကို ဘုရားသခင်ပေးတော် မူခဲ့သည်။ ထိုအပြစ်ဖြေခြင်းတွင် ဘုရား၏စာရိတ္တတော်သည် ထင်ရှားလျက် ရှိ၏။ အပြစ်အတွက် ဘု ရားသခင်၏ အုပ်ချုပ်မှုကို စွဲချက်တင်စရာစိုးစဉ်းမျှ မရှိသည်ကို ကပ် တိုင်ပေါ်မှဖွင့်ဆိုခဲ့သည့် တန်ခိုးပါသောစကားများက ထင်ရှားစေ ပါသည်။ GCBur 544.2

    ခရစ်တော်၏ လောကအမှုတော်ကာလအတွင်းတွင် စာ တန်၏ဇာတိရုပ်မှန်များသည် ပေါ်လွင်ခဲ့ပါသည်။ မိမိအား ရှိခိုးဦး ချရန်တရားမဲ့တောင်းဆိုမှုသည်လည်းကောင်း၊ ခရစ်တော်သွား သည့်နေရာတိုင်းသို့ လိုက်ကာ မလိုမုန်းထားစိတ်ဖြင့် မအိပ်မနေ ကြိုး စားခြင်း “ကိုယ်တော်ကို ကပ်တိုင်တင်ပါ” ဟု ဟစ်ကြွေးလာရန် ယုဒ များနှင့် ယဇ်ပုရောဟိတ်များ၏ စိတ်နှလုံးကို လှုံ့ဆော်ခြင်းများသည် လည်းကောင်း စကြဝဠာတစ်ခုလုံးအား အံ့အားသင့်ကာ ဒေါသ ထွက်စေပါသည်။ စာတန်သည် ခရစ်တော်ကိုသတ်ရန် အစွမ်း အားလုံးနှင့် ကောက်ကျစ်မှုအလုံးစုံတို့ကို အသုံးချခဲ့ပါသည်။ ခရစ်တော် ၏အသက်တာကို ဒုက္ခဆင်းရဲခြင်း၊ ပူဆွေးဝမ်းနည်းမှုများနှင့် ပြည့်ဝ စေရန် လူများကို ကိုယ်စားလှယ်အဖြစ် သူအသုံးချခဲ့ပါသည်။ ခရစ် တော်အပေါ် ထားသည့် ငြူစူခြင်း၊ မလိုမုန်းထားခြင်း၊ မုန်းတီးခြင်း၊ လက်တုံ့ပြန်လိုခြင်း စသည့်မျိုသိပ်ထားသည့်စိတ်ဓါတ်များသည် ကပ်တိုင်ထက်တွင် ပေါက်ကွဲ ပါတော့သည်။GCBur 544.3

    ယခုတွင် စာတန်ကျူးလွန်ခဲ့သည့်အပြစ်များအတွက် စောဒက တက်စရာ မလိုတော့ချေ။ ပညတ်တော်နှင့်ပတ်သက်၍ လိမ်ညာစွပ်စွဲ ခဲ့ခြင်းများသည် ထင်ရှားပေါ်လွင်လာကာ ၎င်း၏ဇာတိရုပ်မှန်သည် လည်း မြင်သာလျက်ရှိချေပြီ။ ဝေနေယျသတ္တဝါများက ပြောသမျှ စကားကို လက်ခံ နားထောင်လာရန် ဘုရားသခင်သည် ကိုယ့်ကိုကိုယ် မြှောက်စားနေသည်ဟူ၍ လည်းကောင်း၊ ကိုယ်အလိုကို ငြင်းပယ်ဖို့ သူတစ်ပါးကို ခိုင်းစေနေသော်လည်း ကိုယ်အလိုကို ငြင်းပယ်ခြင်း ဆိုင်ရာစည်းမျဉ်းကို ဖန်ဆင်းရှင်ကိုယ်တိုင်က မကျင့်သုံးပါဟူ၍လည်း ကောင်း စာတန်က ထာဝရဘုရားအား စွပ်စွဲခဲ့ပါသည်။ ယခုတွင်မူ စကြဝဠာအရှင် “ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်” မဟာဆက်ကပ်မှုတစ်ခုကို ပြုတော်မူခဲ့သည်ကိုမြင်တွေ့ကြရပါပြီ။ (၂ကော၊ ၅:၁၉)။ ခရစ်တော်သည် အပြစ်ကိုချေမှုန်းရန် အလို့ငှာ မိမိကိုယ်ကိုနှိမ့်ချကာ သေခြင်းနှင့်ရင်ဆိုင်သည်အထိ ဘုရားသခင်၏ စကားကို နားထောင် လိုက်လျှောက်ခဲ့ပါသည်။GCBur 545.1