Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သတိဝီရိယရှိသောရန်သူတစ်ဦး

    သတိဝီရီယရှိသော ထိုရန်သူကြီးသည် အိမ်တိုင်း၊ လမ်း တိုင်း၊ ဘုရားကျောင်းတိုင်း၊ အမျိုးသားကောင်စီတိုင်း၊ တရားရုံးတိုင်း တွင် ကျူးကျော်ရောက်ရှိနေပြီး လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုး သမီးအားလုံးကို စိတ်ရှုပ်စေလျက်ရှိသည်။ လှည့်ဖြားလျက်ရှိသည်။ သွေးဆောင် ဖြားယောင်းကာ ဖျက်ဆီးလျက်ရှိသည်။ သူသည်အိမ် ထောင်များကို ကွဲပြဲစေလျက် မုန်းတီးခြင်း၊ တိုက်ခိုက်ခြင်း၊ ကွဲပြဲခြင်း နှင့်သတ်ဖြတ်ခြင်း မျိုးစေ့များကိုကြဲနေပါသည်။ လောကရှိလူတို့က ထိုအရာများကို ဘုရားသခင်၏အလိုတော်ဟု မှတ်ယူနေကြသယောင် ဖြစ်နေသည်။ GCBur 550.4

    ခရစ်တော်၏နောက်လိုက်ဟု အသတ်မှတ်မခံရသူများသည် စာတန်၏တပည့် တော်များဖြစ်သည်။ ထာဝရဘုရားကိုမယုံကြည် သောလူ့အသိုက်အဝန်းများ တွင်နေထိုင်အသက်ရှင်ရန် ခရစ်ယာန် များရွေးချယ်သောအချိန်တွင် ၎င်းတို့သည် စုံစမ်းနှောင့်ယှက်ခြင်းခံ ရမည့်အခြေအနေတွင် မိမိကိုယ်ကို ထားရှိခြင်းဖြစ်သည်။ စာတန်မှာမူ ကန့်လန့်ကာနောက်ကွယ်မှ လှည်ဖြားခြင်း လုပ်ရပ်များကို ချုပ်ကိုင် နေပါသည်။GCBur 551.1

    လောကီနှင့်ဆိုင်သော ဓလေ့ထုံးစံများအတိုင်း နေထိုင်အ သက်ရှင် ခြင်းကြောင့် လောကသည် ခရစ်တော်ထံ၌ ပြောင်းလဲမှုရှိ လာခြင်းမရှိဘဲ အသင်းတော်သည်သာ လောကထဲသို့ရောက်သွား တတ်ပါသည်။ GCBur 551.2

    အပြစ်တရား နှင့်ရင်းနှီးနေခြင်းသည် အပြစ်တရားကို ရွံရှာမှု နည်းပါးလာစေသည်။ တာဝန် ထမ်းဆောင်ရာတွင် မကျေပွန်မှုများ ကြောင့် ဒုက္ခနှင့်ရင်ဆိုင်ရသော အချိန်တွင် ကျွန်ုပ်တို့အား ထာဝရ ဘုရားသခင်ကာကွယ်တော်မူမည်မှာ သေချာသော်လည်း မိမိတို့အလို အတိုင်း စုံစမ်းနှောင့်ယှက်ခံရမည့်နေရာတွင် သွားရောက် နေထိုင်ပါ ကကျွန်ုပ်တို့သည် အနှေးနှင့်အမြန် ကျဆုံးကြပေလိမ့်မည်။GCBur 551.3

    စာတန်၏ထိန်းချုပ်မှုအောက်တွင်ရှိသည်ဟု သူတစ်ပါးသံသယ နည်းသောအရာများအားဖြင့် မကြာခဏစာတန်အောင်ပွဲဆင်နေ တတ်ပါသည်။ GCBur 552.1

    အစွမ်းသတ္တိနှင့်ယဉ်ကျေးမှုများသည် ဘုရားပေးဆုကျေးဇူး များဖြစ်သည်။ သို့ရာတွင် ထိုအရာများသည် လူသားများအား ဘုရား သခင်နှင့်ဝေးကွာစေသော အချိန်တွင် ထောင်ချောက်တစ်ခုဖြစ်လာပါ သည်။ ယဉ်ကျေးသိမ်မွေ့၍ နှစ်လို့ဖွယ်သောလက္ခဏာနှင့် ပြည့်စုံသူ တော်တော်များများသည် စာတန်၏ လက်ထဲတွင် ဝင်းလက်နေသည့် ပစ္စည်းများဖြစ်သည်။GCBur 552.2

    ဝိညာဉ်တော်အားဖြင့် ခေတ်အဆက်ဆက်ဖွင့်ဟခဲ့သော သတိပေးစကားများကို မည်သည့်အခါမျှမမေ့လျော့ကြပါနှင့်။ “သမ္မာ သတိ ရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်း ဟူသော မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။” “မာရ်နတ်၏ ပရိ ယာယ်တို့ကို ဆီးတားနိုင်မည့်အကြောင်း ဘုရားသခင်ပြင်ဆင်တော် မူသောလက်နက်စုံကို ဝတ်ဆောင်ကြလော့။” ၁ပေ၊ ၅:၈။ ဧဖက် ၆:၁၁ ကျွန်ုပ်တို့၏ မဟာရန်သူ ကြီးသည် သူ၏နောက်ဆုံးစစ်ဆင်ရေးအ တွက်ပြင်ဆင်လျက်ရှိရာ ခရစ်တော်၏ နောက်လိုက်အားလုံးသည် ထိုရန်သူနှင့်မလွဲမသွေတိုက်လှန်ကြ ရပါမည်။ GCBur 552.3

    ခရစ်တော်နှင့်ပို၍တူအောင် ကြိုးစားသောခရစ်ယာန်တစ်ဦး သည် မိမိကိုယ်ကိုစာတန်၏ တိုက်ခိုက်ရေးပစ်မှန်ဖြစ်အောင် လုပ် ဆောင်နေခြင်း ဖြစ်သည်။ (ခရစ်တော်နှင့်တူလေ၊ စာတန်၏အတိုက်အ ခိုက်ကိုခံရလေ ဖြစ်သည်။)GCBur 552.4

    စာတန်သည် ခရစ်တော်အား ပြင်းထန်၊ ယုတ်မာသောစုံစမ်း ခြင်း များဖြင့် တိုက်လှန်နေသော်လည်း တိုက်လှန်မှုတိုင်းတွင် သူရှုံး ခဲ့ပါသည်။ ခရစ်တော်၏ ထိုအောင်ပွဲများသည် ကျွန်ုပ်တို့အားအောင် ပွဲဆင်နိုင်ဖို့ရန် လမ်းခင်းပေးခြင်းဖြစ်သည်။ ကိုယ်တော်ထံ၌ ခွန်အား တောင်းသောသူများကို ခရစ်တော်သည် ခွန်အားပေးတော်မူလိမ့် မည်။ သဘောတူလိုက်လျောမှု မရှိသော မည်သည့်လူသားကိုမှ စာ တန်သည် သွေးဆောင်ဖြားယောင်းနိုင်ခြင်းမရှိပါ။ လူတစ်ယောက် အားအပြစ်ကျူးလွန်အောင် အတင်းအကျပ်လုပ်နိုင်သော တန်ခိုး စာတ န်၌မရှိပါ။ သူသည် လူသားများအား စိတ်ဒုက္ခရောက်အောင် လုပ်နိုင်သော်ငြားလည်း ညစ်ညမ်းသွားအောင်မလုပ်နိုင်ချေ။ ခရစ်တော် ရယူခဲ့သောအောင်ပွဲသည် စာတန်နှင့်အပြစ်တရားကို တွန်းလှန်တိုက် ခိုက် နေသော ခရစ်တော်၏နောက်လိုက်များအတွက် ရဲဆေးတစ် ခွက်ဖြစ်ပါသည်။GCBur 553.1

    *****