Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    သမ္မာတရားအားဖြင့်သန့်ရှင်းစေခြင်း

    မိမိဖျက်ဆီးပစ်ရန် ကြိုးစားနေသည့် လူအသီးသီးတို့၏ ခြား နားသော အလိုနှင့်ဆီလျော်ကိုက်ညီသည့် မိစ္ဆာအယူဝါဒများကို စာ တန်ပြင်ဆင်ထားပြီး ဖြစ်ပါသည်။ သံသယစိတ်နှင့် မယုံကြည်မှုများ ကိုဖြစ်ပေါ်စေသည့် မရိုးသားမှု နှင့် တိုးတက်ဖွံ့ဖြိုးမှုကို အဟန့်အ တားပြုသည့်အရာများကို အသင်းတော်ထဲတွင် ပေါက်ဖွားရင့်သန် လာအောင် လုပ်ဆောင်ရန်မှာ စာတန်၏ အကြံအစည်ဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်မယုံကြည်သူအများသည်လည်း ခရစ်ယာန်ဘာသာဝင်အဖြစ်ခံယူကာ သမ္မာတရားဆိုင်ရာစည်းမျဉ်း နိယာမများကို သဘောတူလက်ခံကြရာ ထိုနည်းအားဖြင့် မှားယွင်း မှုများကိုလည်း ကျမ်းစာပါယုံကြည်ချက်များအဖြစ် နိဒါန်းပျိုးရန် အခြေအနေ ပေးလာပါသည်။ မေတ္တာကိုအခြေခံပြီး လက်ခံယုံကြည် သော သမ္မာတရားသည် လူတို့အား သန့်ရှင်းစေနိုင်သည်ဆိုသည့် အ ချက်ကို စာတန်သိထားပါသည်။ ထိုကြောင့် မှားယွင်းသော သီအိုရီ များယုံတမ်းစကားများနှင့် ခရစ်တော် မဟောခဲ့သည့် အခြားဧဝံဂေ လိတရားများဖြင့်အစားထိုးရန် သူကြိုးစားနေ ပါသည်။ ဘုရားသခင် ၏ကျွန်တို့သည် အစအဦးကတည်းက ဆရာအတုအယောင်များအား ရက်စက်သူများအဖြစ်ဖြင့်သာမက အသက်ဝိညာဉ်များအား သေတွင်း သို့ပို့ဆောင်မည့် မှားယွင်းသောတရားများကို အသဲစွဲသွားအောင် သွန်သင်နိုင်သူများအဖြစ် သိရှိမှတ်ယူကာ ဆန့်ကျင်တိုက်လှန်ခဲ့ကြ ပါသည်။ GCBur 564.3

    ဧလိယ၊ ယေရမိနှင့် ပေါလုတို့သည် လူတို့အား နှုတ်က ပတ်တော်မှလမ်းလွဲစေသူများကို ခိုင်မာစွာဆန့်ကျင်ခဲ့ကြပါသည်။ မှန်ကန်သောယုံကြည်ခြင်းကို အရေးမကြီသကဲ့သို့ သဘောထား သည့်လျော့ရဲမှုများကို ထိုသန့်ရှင်းသူများက မျက်နှာသာမပေးခဲ့ ကြချေ။GCBur 565.1

    စိတ်ကူးယဉ်ဆန်ဆန် မတိကျမရေရာသည့်ကျမ်းစာအနက် ဖွင့်ဆိုခြင်း များနှင့် ခရစ်ယာန်လောကမှအငြင်းပွားဖွယ်သီအိုရီများ သည်လူသားများ၏ စိတ်ကို ရှုပ်ထွေးသွားအောင်လုပ်ဆောင်သည့် စာတန်၏ ကြိုးစားမှုများသာ ဖြစ်၏။ ခရစ်ယာန်အသင်းတော်များအ ကြား ဖြစ်ပွားနေသော သဘောထား ကွဲလွဲမှုများသည်လည်း များသော အားဖြင့် ရေပန်းစားနေသည့်သီအိုရီတစ်ခုကို ထောက်ခံရန် သမ္မာ ကျမ်းစာကိုမှောက်လှန်ခြင်းမှ ထွက်ပေါ်လာသော ရလဒ်ဖြစ်ပါသည်။GCBur 565.2

    တချို့ပုဂ္ဂိုလ်များသည် မှားယွင်းသောဩဝါဒများကို ဆက် လက်ရှင်သန်စေရန်အလို့ငှာ ကျမ်းချက်တစ်ချက်၏ တစ်ပိုင်းကို ၎င်းတို့ယုံကြည်ချက်အတွက် အထောက်အထားတစ်ခုအဖြစ် အသုံး ချကာ ဆန့်ကျင်ဖက်အဓိပ္ပါယ်ပါသည့် အခြားအပိုင်းတစ်ခုကို ချန် လှပ်ထားတတ်ကြပါသည်။ GCBur 566.1

    ရှေးမြွေဟောင်းကြီး၏ ကောက်ကျစ်မှုများနှင့် ပြည့်ဝသော ထိုသူတို့သည် ဇာတိပကတိအလိုဆန္ဒများနှင့် ကိုက်ညီအောင် အနက်ဖွင့်ဆို ထားသည့် ပြောဆိုချက်များတွင် အမြစ်တွယ်နေခဲ့ကြပါ သည်။ တချို့မှာမူ ပုံဆောင်မိန့်ဆိုထားသည့် သမ္မာကျမ်းချက်များကို သမ္မာကျမ်းစာ၏ အနက် ဖွင့်ဆိုမှုအတိုင်းမဟုတ်ဘဲ မိမိ၏စိတ်ကူးနှင့် ကိုက်ညီသလို အနက်ဖွင့်ကာ သမ္မာကျမ်းစာ၏ သွန်သင်ချက်များ အလား (၎င်းတို့အနက်ဖွင့်ဆိုများကို) ဟောကြားတင်ဆက်နေကြ ပါသည်။GCBur 566.2