Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နှုတ်ထွက်စကားများ၏သမိုင်းမှတ်တိုင်များ

    အသင်းတော်များတွင်ကျင့်သုံးနေသည့် မှားယွင်းသောဩ ဝါဒများသည် နှုတ်တော်ထွက်စကားများက စိုက်ထူခဲ့သည့် သမိုင်း မှတ်တိုင်များကို ဖယ်ရှားပစ်နေပါသည်။ လူနည်းစုကသာ သမ္မာတ ရားအား ငြင်းပယ်ခြင်းကို ရပ်တန့်ကြသော်လည်း လူများစုမှာမူ ဘုရား တရားမဲ့သူများဖြစ်လာသည့် အခြေအထိ သမ္မာတရားများကို တစ်ခုပြီး တစ်ခုဘေးဖယ်လျက်ရှိပါသည်။ GCBur 572.1

    ရေပန်းစားသည့် ခရစ်ယာန်ဘာသာရေးယုံကြည်မှုများ၏ အမှားအယွင်းများ ကြောင့် လူများစွာတို့သည် ဘာသာအယူဝါဒအပေါ် အယုံအကြည် ကင်းမဲ့သည့် ဘဝသို့ရောက်သွားခဲ့ကြရပါသည်။ လူတစ်ဦးတစ်ယောက်၏ တရားမျှတခြင်း၊ သနားကြင်နာခြင်းနှင့် စေတနာထားခြင်းဆိုင်ရာ ခံစားချက်ကို ထိခိုက်နာကြည်းစေသည့် ဩဝါဒများကိုလက်ခံရန်မှာ ၎င်းတို့အတွက် မဖြစ်နိုင်ပါချေ။ ဤအ ရာများကို သမ္မာကျမ်းစာ၏ သွန်သင်ချက်များအဖြစ် ပုံဖေါ်လာသော ကြောင့် ၎င်းတို့သည် ထိုအရာများကို နှုတ်တော်ထွက်စကား အဖြစ် လက်ခံရန် ငြင်းဆိုခဲ့ကြပါသည်။GCBur 572.2

    နှုတ်တော်ထွက်စကားများသည် အပြစ်ကိုဖော်ပြဆုံးမရုံသာ မက အပြစ်ကိုစီရင်နေသောကြောင့် လူအများက ကိုးစားလိုစိတ် ကင်းမဲ့စွာဖြင့် ထိုနှုတ်တော်ထွက်စကားများကို ရှုကြည့်ကြသည်။ နားထောင်လိုက်လျှောက်ရန် ဆန္ဒမရှိကြသူများကလည်း သမ္မာကျမ်း စာ၏ ဩဇာညောင်းမှုကို မှောက်လှန် နေကြသည်။ အရေအတွက် မ နည်းလှစွာသောလူတို့သည် တာဝန်ပျက်ကွက်မှု ကို စီရင်ချက်ချနိုင်ရန် အလို့ငှာ ဘုရားမသိတရားမသိသူများဖြစ်လာကြပါသည်။ အခြားသော သူများမှာမူ ကိုယ်အလိုကိုငြင်းပယ်ကာ လုပ်ဆောင်ရမည့်အရာများကို သက်သက်သာသာဖြင့်လုပ်ဆောင်ရင်း သမ္မာကျမ်းစာကိုဝေဖန် သုံးသပ်မှု လုပ်ဆောင်ခြင်းအားဖြင့် ပညာရှိများအဖြစ် နာမည်ကောင်း ယူနေကြသည်။GCBur 572.3

    လူအများကမူ မယုံကြည်ခြင်း၊ ဘာသာတရားကို အယုံအ ကြည်ကင်းမဲ့ခြင်း၊ ဘုရားမဲ့တရားမဲ့ဖြစ်ခြင်းများဘက်တွင် ရပ်တည်ရ သည်ကို ကောင်းသောအကျင့်သီလတစ်ခုဖြစ်သည်ဟု လက်ခံနေကြ ပါသည်။ GCBur 573.1

    သို့ရာတွင် ပွင့်လင်းသောထိုဟန်အမူအရာတစ်ခုအောက်တွင် ဖုံးကွယ်ထားသည့်အရာ များမှာ ကိုယ့်ကိုကိုယ်ယုံကြည်ခြင်းနှင့် မာန စိတ်များပင်ဖြစ်သည်။ သူတစ်ပါး အတွက် ပဟေဠိဆန်ဆန်အဖြေ ရှာရမည့်ကျမ်းချက်များကို ရှာဖွေရသည်ကို လူအများနှစ်ထောင်းအား ရရှိကြပါသည်။ GCBur 573.2

    တချို့မှာမူ ဝါသနာအရ အမှားဘက်မှနေကာငြင်းခုံတတ်ပါ သည်။ ၎င်းတို့သည် မယုံကြည်ခြင်းကိုဖွင့်ဟပြီး သည့်နောက် မိမိ၏ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းရမည်ဟု သူတို့ခံယူ ကြပါသည်။ ဤနည်းအားဖြင့် သူတို့သည် ဘုရားကိုမချစ်သောပုဂ္ဂိုလ်များနှင့် ပူးပေါင်းမိသွားပါသည်။GCBur 573.3

    လုံလောက်သောသာဓကGCBur 573.4

    ထာဝရဘုရားသည် မိမိစာရိတ္တနှင့်ပတ်သက်သည့်သာဓက များကို သမ္မာကျမ်းစာတွင် အလုံအလောက်ဖေါ်ပြထားပါသည်။ သို့စေကာမူ အားနည်းသောလူသားများသည် အနန္တတန်ခိုးတော်ရှင် ဘုရားသခင်၏အလိုတော်ကို ပြည့်ပြည့်ဝဝသိနိုင်စွမ်းမရှိကြချေ။ “စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာ လမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။” ရောမ ၁၁:၃၃။ အနန္တတန်ခိုးတော် နှင့်အတူ ယှဉ်တွဲတည်ရှိနေသော မဟာမေတ္တာတော် နှင့် ကရုဏာတော်များကို ကျွန်ုပ်တို့သတိပြုရိပ်စားမိနိုင်ပါသည်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့သိသင့်သလောက်အတိုင်းအတာအထိ ကျွန်ုပ်တို့အား ဖေါ်ပြ တော်မူလိမ့်မည်။ ထိုထက်ပိုသောအရာအားလုံးကို မေတ္တာတော်နှင့် ပြည့်ဝသော မဟာတန်ခိုးတော်၏လက်ထဲတွင် ကျွန်ုပ်တို့ အပ်နှံ ကြ ရမည်။GCBur 573.5

    ထာဝရဘုရားသည် မယုံကြည်မှုအတွက် ပေးသောဆင်ခြေ အားလုံးကို မည်သည့်အခါမျှ ဖယ်ရှားပစ်တော်မူလိမ့်မည်မဟုတ်ပါ။ သံသယစိတ်များကို ဖယ်ရှားပစ်နိုင်ရန် အကူအညီရှာသူများသည် လိုအပ်သောအမအစကို တွေ့ကြ လိမ့်မည်။ ကန့်ကွက်မှုများအားလုံးကို ဖြေရှင်းပြီးသည့်တိုင်အောင် နားထောင် လိုက်လျှောက်ရန် ငြင်းဆန် နေသူများသည် မည်သည့်အခါမျှ အလင်းကို ရောက်လာလိမ့်မည် မဟုတ်ချေ။ GCBur 574.1

    အသစ်မဖြစ်သေးသည့် စိတ်နှလုံးသည် ထာဝရဘုရားနှင့် ရန်ငြိုးဖွဲ့နေပေလိမ့်မည်။ သို့ရာတွင် ယုံကြည်ခြင်းကို သန့်ရှင်းသော ဝိညာဉ်တော်က မှုတ်သွင်းပေးသဖြင့် ထိုယုံကြည်ခြင်းသည် နှစ်သက် မြတ်နိုးစရာကောင်းသလို ကြီးထွားရှင်သန်ခြင်းလည်း ရှိလာတတ် ပါသည်။ သို့ရာတွင် ခိုင်မာသောကြိုးစားမှုမပြုလုပ်ဘဲ မည်သူမျှ အား ကောင်းသောယုံကြည်ခြင်းကို မပိုင်ဆိုင်နိုင်ချေ။ လူသားများသည် မလိုအပ်ဘဲ ညည်းတွားအပြစ်တင်နေကြမည်ဆိုလျှင်မူ သံသယစိတ် များ ခိုင်မာ လာသည်ကို တွေ့ကြရလိမ့်မည်။GCBur 574.2

    ကိုယ်တော်၏ကျေးဇူးတော်ဆိုင်ရာအာမခံချက်ကို သံသ ယဖြစ်ကာ မယုံကြည်သူများသည် ခရစ်တော်အား အသရေပျက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ထိုသူများသည် နေအလင်းရောင်နှင့် ဝေးကာ စိမ့်မိနေသဖြင့် မကြာမြင့်မီအချိန်တွင် သေတော့မည့် အသီး မသီးသောအပင်များနှင့် တူကြ၏။ ၎င်းတို့၏အသက်တာလုပ်ဆောင် မှုများသည် ၎င်းတို့၏ဆန့်ကျင် သက်သေခံမည့် ထာဝရသက်သေများ အဖြစ် ရပ်တည်နေကြလိမ့်မည်။GCBur 575.1

    သို့ရာတွင် သံသယစိတ်များကိုဖယ်ရှားပစ်ရန် ရိုးရိုးသားသား ဆန္ဒရှိ သူများလိုက်လျှောက်ရမည့်နည်းလမ်းတစ်ခု ရှိနေပါသည်။ ထိုနည်းလမ်းမှာ နားမလည်သည့် အရာတစ်ခုအတွက် မေးခွန်းထုတ် နေမည့်အစား မိမိတို့ အပေါ်တွင် ထွန်းလင်းလက်စရှိနေပြီဖြစ်သည့် အလင်းနောက်သို့သာ လိုက်ပါလေစေ။ သို့ပြုလျှင် ထိုသူတို့သည် ပို ၍ကြီးကျယ်သည့်အလင်းကို ရရှိကြလိမ့်မည်။GCBur 575.2

    စာတန်သည် သမ္မာတရားနှင့်အလွန်ဆင်တူသည့် သမ္မာတရား အတု တစ်ခုကို တင်ပြနိုင်စွမ်းရှိသည်။ ထိုအတုအယောင် သမ္မာတရား သည် အလှည့်ဖြားခံလိုသူများနှင့် သမ္မာတရားက တောင်းဆိုထားသည့် အနစ်နာခံမှုကို ရှောင်ရှားလိုသူများကို လှည့်ဖြားလိမ့်မည်။ သို့ရာတွင် အနစ်နာ ခံရသည်ကို ဂရုမထားဘဲ သမ္မာတရားကို ရိုးရိုးသားသားရှာ ဖွေနေသူများကို ထိန်းချုပ်ထားရန်အတွက်မူ စာတန်၌အစွမ်းမရှိပါချေ။ “ဟုတ်မှန်သော အလင်းမူကား ဤလောကသို့ကြွလာလျက် ခပ်သိမ်းသောလူအပေါင်းတို့အား အလင်းကိုပေးသောသူဖြစ်သတည်း။”GCBur 575.3

    “ထိုသူ၏အလိုတော်ကို လိုက်ချင်သောသူမည်သည်ကား ဤဒေသ နာသည် ဘုရားသခင်၏ဒေသနာတော်ဖြစ်သလော---ဟု ပိုင်းခြား၍ သိလိမ့်မည်။” ယောဟန် ၁:၉။ ၇:၁၇။GCBur 576.1

    ထာဝရဘုရားသည် မိမိလူတို့အား စုံစမ်းနှောင့်ယှက်ခြင်းနှင့် ရင်ဆိုင်ရန်ခွင့်ပြုလေ့ရှိပါသည်။ ထိုသို့ခွင့်ပြုခြင်းသည် သားသမီး များဒုက္ခ ရောက်သည်ကို စိတ်ပျော်သောကြောင့်မဟုတ်ဘဲ ထိုစုံစမ်း နှောင့်ယှက်ခြင်း များသည် နောက်ဆုံးသောအောင်ပွဲအတွက် မရှိမ ဖြစ်လိုအပ်သောအရာများ ဖြစ်သောကြောင့်ဖြစ်သည်။ GCBur 576.2

    ထိုဒုက္ခခံခြင်း၏ဦးတည်ချက်မှာ စာတန်၏ သွေးဆောင်မှု အားလုံးကို တွန်းလှန်နိုင်ဖို့အတွက် ပြင်ဆင်ရန်ဖြစ်သောကြောင့် ကိုယ်တော်သည် မိမိ၏ ဘုန်းတန်ခိုးကိုအသုံးပြုကာ ၎င်းတို့အား စုံစမ်း နှောင့်ယှက်ခြင်းမှ ကင်းဝေးစေရန် အမြဲတမ်းကြီးကာကွယ်ပေးနေလိမ့် မည်မဟုတ်ချေ။ ဘုရားသခင်၏သားသမီးများသည် မိမိတို့ ၏အပြစ်များကို ဝန်ချတောင်းပန်ကာ ကတိတော်များအတိုင်း ကောင်းချီးပေးရန် တောင်းခံခဲ့ ကြလိမ့်မည်ဆိုလျှင် မည်သည့် လူယုတ်မာနှင့် နတ်ဆိုးများကမှ ကိုယ်တော်၏ လူတို့ထံသို့ ဘုရားသခင်မလာနိုင်အောင် တားဆီးထားနိုင်လိမ့်မည်မဟုတ်ချေ။ GCBur 576.3

    စုံစမ်းနှောင့်ယှက်ခြင်း အသွယ်သွယ်ကို “ဗိုလ် ခြေအားဖြင့်မဟုတ်။ အာဏာ တန်ခိုးအားဖြင့်မဟုတ်။ ငါ့ဝိညာဉ်အား ဖြင့်” ကျော်လွှားအောင်မြင်လိမ့်မည်ဟု ထာဝရဘုရားသခင် မိန့်တော် မူနေပါသည်။ ဇာခရီ ၄:၆။GCBur 576.4

    “သင်တို့သည် ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင် အဘယ်သူညှဉ်းဆဲမည်နည်း။” ၁ပေ၊ ၃:၁၃။ ခရစ်တော်ကိုကိုးစား သောအားအနည်းဆုံးဝိညာဉ်တစ်လုံးသည် အမှောင်ထုမှ ဗိုလ်ခြေ တစ်ခုထက်ပို၍ အားကောင်းသည်ကို စာန်ကောင်းကောင်းသိထား သဖြင့် ခိုင်ခံ့သောခံတပ်ထဲမှ ကပ်တိုင်၏စစ်သည်တော်များဆုတ်ခွာ လာအောင် သူကြိုးစားနေပါသည်။ မိမိပိုင်နက်ထဲသို့ ရောက်လာသူ များကို အပိုင်ချေမှုန်း ရန်အတွက် ခြုံထဲတွင်လဲလျောင်းကာ သူအသင့် အနေအထားတွင် ချိန်ရွယ် ထားပါသည်။ ဘုရားသခင်အပေါ်တွင် လုံးလုံးမှီခိုကာ ပညတ်တော်အလုံးစုံကို လိုက်လျှောက်ခြင်းအားဖြင့်သာ ထိုအန္တရာယ်မှ ကျွန်ုပ်တို့လွတ်မြောက်နိုင် ကြပါသည်။GCBur 576.5

    မည်သူတစ်ဦးတစ်ယောက်ကမျှ ဆုမတောင်းဘဲ လုံခြုံမှုကို တစ်ရက် (ဝါ) တစ်နာရီမရနိုင်ပါ။ နှုတ်တော်ထွက်စကားများကိုနား လည်ရန် အထက်မှ ဉာဏ်ပညာကိုးချပေးရန် ထာဝရဘုရား ထံတွင်အသနားခံပါ။ ကျွန်ုပ်တို့အား ယုံကြည်ခြင်းအားနည်းသွား ရန်ရည်ရွယ်လျက် ကျမ်းချက်များကို မှားယွင်းစွာ အနက်ဖွင့်ကာ သမ္မာကျမ်းစာကိုကိုးကားပြောဆိုရာတွင် စာတန်သည် အထူးကျွမ်း ကျင်သူတစ်ဦးဖြစ်သည်။ ကျွန်ုပ်တို့သည် နှိမ့်ချသောစိတ်ထားဖြင့် လုံ ခြုံမှု ရရန် အမြဲမပြတ်အကာအကွယ်ယူစဉ်မှာပင် “အပြစ်သွေးဆောင် ရာသို့ မလိုက်ပါစေမိ” ဖို့ ယုံကြည်သောစိတ်နှင့်ကာလအစဉ်မ ပြတ်ကျွန်ုပ်တို့ဆုတောင်းသင့်ကြပါသည်။ (မဿဲ ၆:၁၃)။GCBur 577.1

    *****