Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထာဝရညှဉ်းဆဲနှိပ်စက်ခြင်း--မိစ္ဆာအယူဝါဒ

    ဆိုးယုတ်မှုကို ထာဝရညှဉ်းဆဲနှိပ်စက်ခြင်းတည်းဟူသော မိစ္ဆာအယူအားဖြင့် ပုံဖော်ဖြစ်သွားစေခဲ့သည်။ ချစ်ခြင်းမေတ္တာ၊ ကောင်း မြတ်ခြင်းတို့နှင့်ပြည့်ဝသည့် သမ္မာကျမ်းစာပါ ဘာသာရေးအယူဝါ ဒကိုအယူသီးမှုအားဖြင့် အမှောင်ကျစေခဲ့သည်။ ကြောက်လန့်စရာ များဖြင့်လွှမ်းခြုံ ခဲ့ကြသည်။ စာတန်သည် ဘုရား၏စာရိတ္တတော်ကို မှားယွင်းစွာဖော်ပြခဲ့သည်။ GCBur 583.1

    ထိုကြောင့် ကရုဏာတော်အရှင်၊ ဖန်ဆင်းရှင်သည် ကြောက်ရွံ့ မုန်းတီးမှုကို ခံနေရသည်။ တရားဟောစင်မြင့်များမှ သွန်သင်ချက် များအားဖြင့် ကမ္ဘာအနှံ့သို့ ဖြန့်ဝေနေသည့် ဘုရားသခင်နှင့်ပတ် သက်သော ချောက်ချားစရာမြင်ကွင်း များကြောင့် သန်းပေါင်းများ စွာသောလူတို့သည် ဘာသာတရားအပေါ် မယုံကြည်သူများ၊ ဘုရား တရားမဲ့သူများဖြစ်လာကြပါသည်။GCBur 583.2

    ထာဝရနှိပ်စက်ညှဉ်းပန်းခြင်းအယူအဆသည် လူမျိုးအပေါင်း တို့အား ဗာဗုလုန်မှ တိုက်ကျွေးမည့် မတရားသောမေထုန်၏စပျစ်ရည် တည်းဟူသော မှားယွင်းသောဩဝါဒများတွင် တစ်ခုအပါအဝင်ဖြစ် သည်။ ခရစ်တော်၏အမှုဆောင်များသည် မှားယွင်းသောဥပုသ်ကို လက်ခံသော အချိန်တွင် ရောမများထံမှ ဤမိစ္ဆာအယူဝါဒကို လက် ခံရရှိခဲ့ကြသည်။ GCBur 583.3

    ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်တော်ထွက်စကားများကို ကျောပေးကာ မှားယွင်းသောဩဝါဒများကို ဘိုးဘေးများက သွန်သင်ခဲ့သည်ဟုဆိုပြီး လက်ခံကြလိမ့်မည်ဆိုလျှင် ဗာဗုလုန်အပေါ် ချမှတ်ထားသည် ပြစ်ဒဏ်စီရင် ချက်ကို ကျွန်ုပ်တို့လည်း ခံယူကြရပါ လိမ့်မည်။ အမျက်တော်စပျစ်ရည်စစ်ကို ကျွန်ုပ်တို့သောက်ကြရပါ လိမ့်မည်။GCBur 584.1

    လူအများစုသည် မှားယွင်းသောဆန့်ကျင်ဖက်အင်အားစုထဲသို့ ရောက်ရှိနေကြပါသည်။ ထာဝရဘုရားကို ချစ်ခြင်းမေတ္တာအရှင်၊ ကရုဏာ အရှင်အဖြစ် သမ္မာကျမ်းစာတွင် ပုံဖော်ထားသည်ကို ၎င်းတို့ တွေ့မြင်ထားသဖြင့် ထာဝရမီးအိုင်ထဲသို့ လူသားများအား စွန့်ပစ် တော်မူသည်ဆိုသည့်အချက်ကို သူတို့ လက်မခံကြချေ။ GCBur 584.2

    သို့ရာတွင် အသက်ဝိညာဉ်သည် သဘာဝအားဖြင့် သေတတ် သောအရာမဟုတ်ပါဆိုသည့် ယုံကြည်ချက်ကိုစွဲကိုင်လျက် လူသား အားလုံးသည် ကယ်တင်ခြင်းခံရလိမ့်မည်ဟု သူတို့မှတ်ယူကြပါသည်။ ထိုကြောင့် အပြစ်သားများသည် ဘုရားသခင်၏တောင်းဆိုချက်များ ကိုဂရု မထားဘဲ ပျော်သလိုနေသော်လည်း ဘုရားသခင်၏မျက်နှာ သာပေးခြင်းကို ခံရမည်ဟု သူတို့ယုံကြည်ကြသည်။ ဘုရားသခင်၏ ကရုဏာတော်ကို အလေးပေးသော်လည်း ကိုယ်တော်၏တရားမျှတ မှုကို မသိကျိုးကျွံပြုသည့် ထိုဩဝါဒမျိုးကို ဇာတိပကတိစိတ်နှလုံး ပိုင်ရှင်များက နှစ်သက်ကြပါသည်။GCBur 584.3