Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပြဌာန်းထားသည့်စည်းကမ်းချက်များ

    “ရေငတ်သောသူအား အသက်စမ်းရေကို အဖိုးမယူဘဲ ငါပေးမည်။” ဤကတိတော်သည် အသက်စမ်းရေကို ဆာငတ်ခင်မွတ် သူများအတွက်သာ ဖြစ်သည်။ “အောင်မြင်သောသူသည် ဤအရာ တို့ကိုအမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားဖြစ်မည်။ သူလည်း ငါ၏သား (သမီး) ဖြစ်လိမ့်မည်။” ဗျာ၊ ၂၁:၆-၆။ စည်းကမ်းချက် များကိုပြဌာန်းထားပါသည်။ အရာအားလုံးကို အမွေခံနိုင်ရန် ကျွန်ုပ် တို့သည် အပြစ်တရားကိုအောင်နိုင်သူများဖြစ်ရပါမည်။GCBur 586.3

    “အဓမ္မမူကား--- ကောင်းသောအကျိုးကိုမခံရ။” ဒေသ နာ ၈:၁၃။ အပြစ်သားများသည် “ဒေါသနေ့တည်းဟူသော ဘုရားသ ခင်၏တရားတော် ထင်ရှားသောနေ့၌ ကိုယ်ခံစရာဖို့ အမျက်ဒေါသ” ကိုဆည်းပူးနေကြသည်။GCBur 587.1

    “ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့အကျင့်နှင့် အလျောက် အကျိုး အပြစ်ကိုဆပ်ပေးတော်မူလတ္တံ့။” “ဆိုးညစ်သော အမှုကိုပြုသောသူ ရှိသမျှ တို့သည် ကြီးစွာသောဆင်းရဲဒုက္ခဝေဒနာ ကိုခံရကြလတ္တံ့။” ရောမ ၂:၅-၆၊ ၉။GCBur 587.2

    “မတရားသောမေထုန်၌မှီဝဲသောသူ၊ ညစ်ညူးစွာပြုသောသူ၊ ရုပ်တုကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသောသူတစ်စုံတစ် ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံ၌ အမွေမခံရကြ။” “အ သက်ပင်နှင့် ဆိုင်သောမြို့တံခါးအတွင်းသို့ ဝင်အံ့သောငှာ ပညတ်တော် တို့ကိုကျင့်သော သူတို့သည် မင်္ဂလာရှိကြ၏။ ပြင်၌ကား ခွေးဖြစ် သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူ့အသက်ကိုသတ်သောသူ၊ ရုပ်တြကို ကိုးကွယ်သောသူ၊ သစ္စာပျက် ခြင်းကို နှစ်သက်၍ ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။” ဧဖက် ၅:၅။ ဗျာ၊ ၂၂:၁၄-၁၅။GCBur 587.3

    ဘုရားသခင်သည် အပြစ်တရားကို မည်သို့လုပ်ဆောင်ဖြေရှင်း သွားမည်ကို လူသားတို့အား ဖွင့်ဆိုထားပြီးဖြစ်သည်။ “ထာဝရဘုရား သည်------ မတရားသောသူအပေါင်းတို့ကိုကား ဖျက်ဆီးတော်မူ မည်။” “ပြစ်မှားသောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ရောက်၍ မတရားသောသူတို့သည် အဆုံး၌ ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။” ဆာလံ ၁၄၅:၂၀။ ၃၇:၃၈။ ထာဝရဘုရားသည် ပုန်ကန်ခြားနားမှုကို နှိမ်နင်းတော် မူမည်ဖြစ်သော်လည်း ကရုဏာတော်နှင့်ပြည့်စုံပြီး ကျေး ဇူးပြုတတ်သောဘုရား ပီသစွာဖြင့် ဒဏ်ခတ်ခြင်းဆိုင်ရာ တရားစီရင် ခြင်းကို ပြုတော်မူမည်။GCBur 587.4

    ထာဝရဘုရားသည် အတင်းအကျပ်ခိုင်းစေတော်မမူ။ ကျွန် တစ်ဦးကဲ့သို့ နားထောင်လိုက်လျှောက်နေခြင်းမျိုးကို အလိုတော်မရှိ ပါ။မိမိသည် ချစ်ခင်ထိုက်သောပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် မိမိ လက်တော်ဖြင့် ဖန်ဆင်းထား သည့် သတ္တဝါများက မိမိအားချစ် သည်ကိုကိုယ်တော်လိုလားတော်မူ၏။ ကိုယ်တော်၏ဉာဏ်တော်၊ တရားမျှတခြင်းနှင့် ကျေးဇူးပြုခြင်းများကို သိသောစိတ်ဖြင့် သတ္တဝါ များက နားထောင်လိုက်လျှောက်သည်ကို ထာဝရဘုရားလိုလားတော် မူသည်။GCBur 588.1

    ဘုရားသခင်၏အုပ်ချုပ်ရေးစည်းမျဉ်းများသည် “သင်တို့၏ ရန်သူတို့ကိုချစ်ကြလော့” ဟူသော ခရစ်တော်၏ပညတ်ချက်နှင့် ကိုက် ညီပါသည်။ GCBur 588.2

    ကိုယ်တော်ရှင်သည် စကြဝဠာ၏ကောင်းကျိုးအတွက် သော်လည်းကောင်း၊ မိမိ၏တရားစီရင်ခြင်းကိုခံရမည့် သူများ၏ ကောင်းကျိုး အတွက်သော်လည်းကောင်း၊ ဆိုးယုတ်သောသူများကို တရားစီရင်တော်မူ ပါသည်။ ထာဝရဘုရားသည် ၎င်းတို့အား မေတ္တာပြတော်မူခဲ့သည်။ ကရုဏာပြ ခဲ့သည်။ သို့သော် ၎င်းတို့သည် ကိုယ်တော်၏မေတ္တာကို အထင်အမြင် သေးခဲ့သည်။ ပညတ်တော် ကိုနင်းခြေကာ ကရုဏာတော်ကို ငြင်းပယ်ခဲ့ ကြသည်။ ကိုယ်တော် ပေးတော်မူသည့် ဆုကျေးဇူးများကို အစဉ်တစိုက် လက်ခံရယူနေ သော်လည်း ကိုယ်တော်ကို ၎င်းတို့အသရေယုတ်လျော့စေခဲ့ကြသည်။ ၎င်းတို့၏ ဖောက်ပြန်မှုကို အချိန်ကြာမြင့်စွာသည်းခံခဲ့သော ကိုယ်တော် သည် ထိုပုန်ကန်သူ များအား နံဘေးတွင် သံကြိုးနှင့်ချည်ထားပြီး အ လိုတော်ကိုဆောင်ရန် အတင်းအကျပ်ခိုင်းစေတော်မူရမည်လား။GCBur 588.3