Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၄)—နံဝိညာဉ်ဝါဒတွင်လှုပ်ရှားနေသောဝိညာဉ်များ

    သဘာဝအားဖြင့်ဝိညာဉ်သည် သေမျိုးမဟုတ်ဟူသော ယုံ ကြည်ချက်သည် ဗာဟီရအယူဝါဒ၏ဒဿနများမှ ပုံတူကူးချထား သောအရာဖြစ်သည်။ GCBur 599.1

    ထိုယုံကြည်ချက်သည် ဝိညာဉ်ရေးအမှောင်ချသည့်ကာလ တွင်ခရစ်ယာန် ယုံကြည်ချက်ထဲသို့ရောက်လာကာ “သေသောသူမူ ကားအဘယ်အရာကိုမျှမသိ” ဟူသော နှုတ်တော်ထွက်စကား၏ နေရာတွင် အစားထိုးနေရာယူလာခဲ့ပါသည်။ (ဒေ၊ ၉:၅)။ “ကယ်တင် တော်မူခြင်း ကျေးဇူးကို အမွေခံရလတ္တံ့သောသူတို့ကို ပြုစုစေခြင်းငှာ စေလွှတ်တော်မူသော အစေခံနံဝိညာဉ်” များသည် သေလွန်သွားခဲ့ သူများ၏ဝိညာဉ်များဖြစ်သည်ဟု အများကယုံကြည်နေကြသည်။ ဟေဗြဲ ၁:၁၄။GCBur 599.2

    သေလွန်သူများ၏ဝိညာဉ်များသည် အသက်ရှင်နေသူများ အားအလုပ်အကျွေးပြုရန် ပြန်လာကြသည်ဆိုသော ယုံကြည်ချက် သည်ခေတ်သစ်နံ ဝိညာဉ်ဝါဒကို လမ်းဖွင့်ပြင်ဆင်ပေးနေပါသည်။ အကယ်၍သာ သေလွန်သူ များသည် ၎င်းတို့၏ယခင်အခြေအနေ ထက်များစွာမြင့်မားသည့်ဉာဏ်ရည် များဖြင့် အခွင့်အရေးပေးခြင်းခံ နေရသည်ဆိုလျှင် အဘယ်ကြောင့် ၎င်းတို့သည် ဤလောကသို့ပြန် လာကာ အသက်ရှင်နေသူများအား ဆုံးမသွန်သင်မှု မပြုကြ သနည်း။ အကယ်၍သာ သေလွန်သူများ၏ ဝိညာဉ်များသည် ဤလောကရှိ မိတ်ဆွေများ၏ အနီးအနားတွင်ပျံဝဲနေကြသည်ဆိုလျှင် အဘယ်ကြောင့် ထိုဝိညာဉ်များသည် ၎င်းတို့နှင့်မဆက်သွယ်ပါသနည်း။ လူသည် သေသွားချိန်မှာပင် ဩတ္တပ္ပစိတ်၏ခံစားမှုရှိသည်ဟု ယုံကြည်နေသူများ သည် ဘုရား၏အစေခံနံဝိညာဉ်အားဖြင့် ပေးသနားတော်မူ လျက်ရှိသောဘုရား၏ အလင်းတရားကို မည်သို့ငြင်းပယ်နိုင်ကြသ နည်း။ GCBur 599.3

    ဤတွင် စာတန်အလုပ် လုပ်နေသည့် သန့်ရှင်းသည်ဟု မှတ် ယူခြင်းခံရသောလမ်းစဉ်တစ်ခုရှိပါသည်။ အပြစ်တွင်ကျဆုံးသွားသည့် ကောင်းကင်တမန်များသည် စေတမန်များအလား ဝိညာဉ်ကမ္ဘာမှ ရောက်ရှိလာကြခြင်းဖြစ်သည်။GCBur 600.1

    သေလွန်သွားသူများ၏ ရုပ်သဏ္ဌာန်များကို လူတို့ရှေ့သို့ ယူဆောင်လာ နိုင်သောတန်ခိုး စာတန်၌ရှိပါသည်။ ထိုသဏ္ဌာန်များ သည် အတုအပဖြစ် သော်လည်း အစစ်နှင့်ခွဲခြားမရအောင် စုံလင်ကြ ပါသည်။ GCBur 600.2

    တချို့မှာမူ ၎င်းတို့၏ ချစ်သူ၊ သေလွန်သွားသူများသည် ကောင်းကင်ဘုံတွင်ဝင်စားနေကြပြီဟူသော စကားများဖြင့် အနှစ်သိမ့် ခံနေကြရသည်။ ထိုသူများသည် “လှည့်ဖြားတတ်သော စိတ်ဝိညာဉ် တို့၌လည်းကောင်း၊ နတ်ဘုရားတို့နှင့်စပ်ဆိုင်သော ဩဝါဒတို့၌လည်း ကောင်း” အန္တရာယ်ကိုဂရုမထားတော့ဘဲ မှီဝဲဆည်းကပ်နေကြ ပါသည်။GCBur 600.3

    ဝိညာဉ်ရေးအတွက် ပြင်ဆင်မှုမရှိသေးဘဲ သေလွန်သွားသူ များက ၎င်းတို့သည် ကောင်းကင်ဘုံတွင်မြင့်မြတ်သောနေရာများတွင် ပျော်ရွှင် သာယာစွာ စံမြန်းနေကြသည်ဟု ကြွေးကြော်နေကြ သည်။နံဝိညာဉ်ကမ္ဘာမှ အယောင်ဆောင်ဧည့်သည်များသည် တစ် ခါတရံတွင် မှန်ကန်သည့်သတိပေး စကားများကို ပြောတတ်ကြ ပါသည်။လူတွေက ၎င်းတို့အား ယုံကြည်စိတ်ချ လာသောအချိန်ကျမှ သမ္မာကျမ်းစာကိုအသရေလျော့ပါးစေသည့် ယုံကြည်ချက် များကို တင်ပြ တတ်ကြပါသည်။ သူတို့သည် သမ္မာတရားတချို့ကိုဖော်ပြကာ တစ်ခါ တစ် ရံတွင် အနာဂတ်ဖြစ်ရပ်များကို ကြိုတင်ဟောကိန်းထုတ်နိုင် ကြခြင်းကြောင့် လူတို့သည် ၎င်းတို့အား ယုံကြည်အားကိုးကာ ၎င်း တို့၏သွန်သင်ချက်များ ကိုလည်း လက်ခံလာကြပါသည်။ တစ်ချိန် တည်းမှာပင် ဘုရားသခင်၏ပညတ် တော်ကိုဘေးဖယ်လိုက်ကာ ဝိညာဉ်တော်ကို ၎င်းတို့အလေးမထားကြတော့ချေ။ ထိုဆိုးယုတ်သော ဝိညာဉ်များ (အပြစ်တွင်ကျဆုံးနေသည့်ကောင်းကင် တမန်များ) သည်ခရစ်တော်ကို ဘုရားသခင်ဖြစ်သည်ဆိုသည့်အချက်ကို လက်မ ခံရုံသာမက ဖန်ဆင်းရှင်ကိုပင် ၎င်းတို့နှင့်တတန်းတစားတည်းဖြစ် သည်ဟု သဘောထားကြသည်။GCBur 600.4

    လှည့်ဖြားမှုများ၏ရလဒ်များသည် တစ်ခါတစ်ရံတွင် တကယ့် ဖြစ်ရပ် မှန်များ၏ ရလဒ်များနှင့် တထေရာတည်းဖြစ်နေတတ်သည်မှာ မှန်သော်လည်း တချို့နေရာများတွင် နတ်ဆိုးဝိညာဉ်များ၏ သဘာဝ လွန်တန်ခိုးများအားဖြင့် တိုက်ရိုက်လုပ်ဆောင်နေသောအရာများ ဖြစ်ကြောင်း ထင်ရှားနေပါသည်။ နံဝိညာဉ်ဝါဒကို လူသားများ၏ အယောင်ဆောင်လိမ်မှုသက်သက်ဖြစ်သည်ဟု လူအများက ယုံကြည် နေပါသည်။ GCBur 601.1

    ထိုတန်ခိုးပြမှုများသည် တကယ့်သဘာဝလွန် တန်ခိုးရှင် ၏အံ့ဖွယ်နိမိတ်လက္ခဏာများနှင့် တကယ်ရင်ဆိုင်လာရသည့် အချိန် ရောက်မှ မိမိတို့၏အလိမ်ခံနေရကြောင်း သူတို့သိရှိကာ ဘုရားသ ခင်၏တန်ခိုးတော်ကို လက်ခံလာကြပါသည်။GCBur 601.2

    ဖာရောဘုရင်၏ မှော်အတတ်ပညာရှင်များသည် စာတန်၏ အကူအညီကိုယူကာ ဘုရားသခင်ပြုတော်မူသည့် နိမိတ်လက္ခဏာမျိုး ကို လုပ်ပြကြပါသည်။ (ထွက်၊ ၇:၁၀-၁၂)။ “စာတန်ပြုပြင်သောအားဖြင့် မုသားနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ အံ့ ဖွယ်သောအမှုအမျိုးမျိုး” တို့သည် ခရစ်တော်ဒုတိယအကြိမ်ကြွမ လာမီတွင် ကြုံတွေ့ရလိမ့်မည်ဟု ရှင်ပေါလုက သက်သေခံထားပါ သည်။ ၂သက်၊ ၂:၉-၁၀။ ၎င်းပြင် ရှင်ယောဟန်ကလည်း “ထိုသား ရဲသည်----- လူတို့မျက်မှောက်၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကိုဆင်းစေ၏။ ----- ပြပိုင်သောနိမိတ် လက္ခဏာတို့အားဖြင့် မြေ ကြီးသားတို့ကိုလှည့်ဖြား၏” ဟု သက်သေခံထားပါ သည်။ ဗျာ၊ ၁၃:၁၃-၁၄။ GCBur 601.3

    ဤအရာသည် အယောင်ဆောင်၍ လူတို့အား လိမ်လည်ခြင်း ရိုးရိုးမဟုတ်တော့ဘဲ စာတန်နှင့်အပေါင်းပါတို့ကလုပ်သည့် ထူး ဆန်းသောအံ့ဩဖွယ်ရာများဖြင့် လိမ်လည်ဖြားယောင်းနေခြင်းဖြစ် သည်။GCBur 602.1