Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဗာဟီရဝါဒ (Paganism) နှင့် ခရစ်ယာန်အယူဝါဒတို့ကိုပူးပေါင်းလိုက်ခြင်း

    ဗာဟီရဝါဒနှင့် ခရစ်ယာန်အယူဝါဒကို ပေါင်စည်းပစ်လိုက် သည့်ရောမအသင်းတော်သည် ဗာဟီရဝါဒများကဲ့သို့ပင် ဘုရား၏ စာရိတ္တတော်ကို တလွဲဖော်ပြကာ ရက်စက်ကြမ်းကြုတ်မှုများကို ကျင့် သုံးခဲ့ကြပါသည်။ GCBur 619.2

    အသင်းတော်၏ ယုံကြည်ချက်များကို လက်ခံလာအောင် နှိပ်စက်ညှဉ်းပန်းမှု များကို လက်နက်ပစ္စည်းတစ်ခုအဖြစ် အသုံးချ ခဲ့ကြပါသည်။ အသင်းတော် အကြီးအကဲများသည် အထိရောက်ဆုံး သော ညှဉ်းပန်းနည်းများကို တီထွင်နိုင်ရန် နည်းလမ်းများကို ရှာကြံခဲ့ ကြသည်။ အသင်းတော်၏ ယုံကြည်ချက်များကိုလက်ခံရန် ငြင်းဆို သူများအား မသေမရှင်ဘဝဖြင့် အကြာကြီးဝေဒနာခံစေသည့် နည်း များကို ရှာကြံခဲ့ကြသည်။ အညှဉ်းပန်း ခံရသူများသည် သေခြင်းကို ကောင်းမြတ်သောလွတ်ငြိမ်းခွင့်တစ်ခုအဖြစ် ကြိုဆိုခဲ့ကြသည်အထိ ၎င်းတို့၏ညှဉ်းပန်းမှုများသည် ရက်စက်လှပါသည်။GCBur 619.3

    ရောမယုံကြည်ချက်များကို ထောက်ခံသူများအတွက်မူ ကြိမ်ဒဏ်ပေးခြင်း၊ အစာအငတ်ထားခြင်းနှင့် အစာရေစာများကို မဝ တဝ ကျွေးခြင်း စသည့်အပြစ်ပေးခြင်းများကို အသုံးပြုပါသည်။ ဘုရား သခင်၏ မျက်နှာသာပေးခြင်းကိုခံရစေရန် လောကခရီးတွင် လျှောက် လှမ်းနေသော လူသားများသည် ဝမ်းမြောက်ခြင်းနှင့် ကောင်းချီးမင်္ဂ လာများချပေးရန် ဘုရား တည်ဆောက်ထားသည့်နှောင်ကြိုးကို ဖြတ် တောက်ပစ်ရမည်ဟု အာပတ်ဖြေသူ များအား အသင်းတော်ကသွန် သင်ပါသည်။ ဝေနေယျသတ္တဝါအချင်းချင်း ကြင်နာသနားရမည်ဟူ သောအသိစိတ်များကို မျိုသိပ်ချုပ်တည်းထားရန် အချည်းနှီးကြိုးစား နေသော သန်းပေါင်းများစွာသော လူတို့ဖြင့် အသင်းတော် ပုရဝုဏ် သည်ပြည့်နှက်နေပါသည်။GCBur 620.1

    ထာဝရဘုရားသည် လူသားများအပေါ် လေးလံသည့် မည် သည့်ဝန် ကိုမျှ တင်တော်မူခြင်းမရှိပါ။ ကောင်းကင်နိုင်ငံသို့ ဝင်ထိုက် သောသူများ ဖြစ်လာရန် သာသနာ့အဆောက်အအုံများထဲတွင် သီး သန့်နေထိုင်ရမည် ဟုလည်း လူသားများအတွက် ခရစ်တော်နမူနာ ပြတော်မမူခဲ့ပါ။ မေတ္တာစိတ်ကို မျိုသိပ်ချုပ်တည်းထားရမည်ဟုလည်း ၎င်းတို့အား ကိုယ်တော်ရှင် မသွန်သင်ဖူးပါ။GCBur 620.2

    မိမိသည် ခရစ်တော်၏ ကိုယ်စားလှယ် (Vacar of Christ) ဖြစ်သည်ဟု ရောမဂိုဏ်းချုပ်ကြီးက ဖွင့်ဆိုပါသည်။ မိမိအား စကြ ဝဠာ၏ ရှင်ဘုရင်တစ်ပါးအဖြစ် အရိုအသေမပေးသည့်အတွက် လူ သားများအား ခရစ်တော်က ထောင်ချခဲ့သည်ဟူသောသတင်းမျိုးကို ကြားဖူးပါသလား။ မိမိအား လက်မခံသောသူများအား သေဒဏ်ချ မှတ်ခဲ့သည့် ခရစ်တော်၏ အသံကိုကြားခဲ့ဖူးပါသလား။GCBur 620.3

    ရောမအသင်းတော်သည် မိမိ၏ကြောက်စရာရက်စက် ကြမ်းကြုတ်မှု မှတ်တမ်းများအတွက် တောင်းပန်ရိုကျိုးလျက် တရား မျှတစွာကျင့်ကြံသည့်ဟန်မျိုးကို ယနေ့တွင်ပြနေပါသည်။ အသင်း တော်၏ အတွင်းသဏ္ဌာန်ပြောင်းလဲမှုမရှိသော်လည်း ခရစ်တော်နှင့် တူသည်ဝတ်ရုံကို သူမခြုံထားပါသည်။ အတိတ်တုန်းက အသုံးပြုခဲ့ သည့်အခြေခံစည်းမျဉ်း များကို ယနေ့ထက်တိုင် အသုံးပြုဆဲဖြစ်ပါ သည်။ GCBur 620.4

    အမှောင်ခေတ်တုန်းက တီထွင်ခဲ့သည့် ယုံကြည်ချက်များကို လည်း ယနေ့ထက်တိုင် စွဲကိုင်ထားဆဲ ဖြစ်သည်။ ယနေ့ပရိုတက်စတင့် များ အလေးအမြတ်ပြုနေသည့် ရောမအသင်းတော်သည် ၎င်း၏ မှားယွင်းမှုများကို ထုတ်ဖော်မိသည့် ယုံကြည်သူ အစစ်အမှန်များ၏ အသက်ကိုသတ်ဖြတ်ခဲ့သည့် ဘာသာရေး ပြုပြင်ပြောင်းလဲရေး အချိန်ကအုပ်စိုးခဲ့သော ရောမအသင်းတော်ပင် ဖြစ်ပါသည်။GCBur 621.1

    ထိုအသင်းတော်သည် အနာဂတ္တိကျမ်းစကားများဖွင့်ဆိုထား သည့်အတိုင်း ယနေ့တည်ရှိနေပါသည်။ (၂သက်၊ ၂:၃-၄ ကိုကြည့် ပါ)။ သူမသည် ပုတ်သင်ညိုအရောင်အမျိုးမျိုးပြောင်းသကဲ့သို့ ပုံစံအ မျိုးမျိုးပြောင်းကာ ပြောင်းလဲမှုမရှိသောမြွေဆိပ်များကို ဖုံးကွယ်ထား ပါသည်။ GCBur 621.2

    နှစ်ပေါင်းများစွာ ကတည်းက သူတော်စင်များ၏ အသွေးနှင့် ရေးခဲ့သည့်မှတ်တမ်းများကို ပိုင်ဆိုင်သောထိုတန်ခိုးရှင်သည် ခရစ်တော် အသင်းတော်၏အစိတ်အပိုင်းတစ်ခု အဖြစ်ယနေ့ အသိအမှတ်ပြုခံ သင့်ပါသလား။GCBur 621.3