Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၇)—ကျွန်ုပ်တို့အတွက်တစ်ခုတည်းသောကွယ်ကာရာ

    ထာဝရဘုရားသည် မကောင်းသောနတ်ဆိုးများနှင့် မှားယွင်း သော ဆရာများ၏ ဩဇာလွှမ်းမိုးမှုမှကင်းဝေးစေရန် အကာအကွယ် တစ်ခုအဖြစ် သမ္မာကျမ်းစာကို ဖတ်ရှုလိုက်နာကြရန် မိမိလူတို့အား ညွှန်ကြားထားတော်မူခဲ့သည်။ GCBur 647.1

    သမ္မာကျမ်းစာ၏ ရှင်းလင်းသောဖွင့်ဆိုချက်များက ၎င်း၏ လှည့်ဖြားမှုများကို ထုတ်ဖော်နေသည့်အတွက် လူတို့ကို သမ္မာကျမ်းစာ ဖော်ပြ ချက်များကို နားမလည်စေဖို့ နည်းမျိုးစုံသုံး၍ စာတန်ဟန့်တား နေပါသည်။ GCBur 647.2

    နောက်ဆုံးသောလှည့်ဖြားမှုကြီးကို မကြာမီတွင် ကျွန်ုပ်တို့ရင် ဆိုင်ကြရ တော့မည်။ အန္တီခရစ်သည် ထူးဆန်းသောနိမိတ်လက္ခ ဏာများကို ကျွန်ုပ်တို့ မြင်သာအောင် လုပ်ဆောင်ပြတော့မည်ဖြစ် သည်။သမ္မာကျမ်းစာကို အခြေခံ၍ မစူးစမ်းလျှင် သူပြမည့်နိမိတ်လက္ခ ဏာများသည် အစစ်နှင့်ခွဲမရအောင် တူနေပါလိမ့်မည်။GCBur 647.3

    ဘုရားသခင်၏ပညတ်တော်အလုံးစုံကို စောင့်ရှောက်သူများ သည် ဆန့်ကျင်မှုကိုလည်းကောင်း ပြက်ရယ်ပြုခြင်းကိုလည်းကောင်း ခံကြရလိမ့်မည်။ GCBur 647.4

    ထိုအရာများကို ခံနိုင်ရည်ရှိစေရန် ထိုသူများသည် နှုတ်ထွက် စကားများတွင်ဖော်ပြထားသည့် ဘုရား၏အလိုတော်ကို နားလည် ကြရပါမည်။ သမ္မာကျမ်းစာတွင်ပါရှိသည့် သမ္မာတရားများဖြင့် မိမိ ကိုယ်ကိုအားဖြည့်မထား သူများသည် နောက်ဆုံးသော ထိုတိုက်လှန် ပွဲကြီးတွင် ကြံ့ကြံ့ခံနိုင်ကြမည် မဟုတ်ချေ။GCBur 647.5

    ခရစ်တော်သည် မိမိ၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းအကြောင်းကို ကပ်တိုင်အတင်မခံရမီကတည်းက တပည့်တော် များကို မိန့်တော် မူထားပြီးဖြစ်သော်လည်း ထိုစကားများကို ၎င်းတို့ မစွဲမှတ်ကြချေ။ GCBur 648.1

    ၎င်းတို့အား ကြိုတင်သတိပေးထားတော်မူခြင်းမရှိသကဲ့သို့ ခရစ်တော်အသေခံတော် မူသောအချိန်တွင် မြော်လင့်ခြင်းမဲ့သလို တပည့်တော်များခံစားခဲ့ကြရပါသည်။ ခရစ်တော်က အနာဂတ်နှင့် ပတ်သက်သည့်ကိစ္စများအတွက် တပည့်တော် များအား ကြိုတင်မိန့် ဆိုတော်မူခဲ့သလို အနာဂတ်ကိစ္စများကို အနာဂတ္တိစကား များအားဖြင့် ကျွန်ုပ်တို့အား မိန့်ဆိုထားလျက်ရှိပါသည်။ ကရုဏာတံခါး ပိတ်သည့်အချိန်နှင့် စပ်လျဉ်းသည့်အကြောင်းအရာများနှင့် ဆင်းရဲခြင်း ကာလ အတွက် ပြင်ဆင်ရမည့်အရာများအကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။ သို့ရာတွင် လူအများသည် အရေးပါသော ထိုသမ္မာတရား များကို နားလည်မှုမရှိကြသည့်အတွက် ဒုက္ခဆင်းရဲ ခြင်းကာလသို့ ရောက်သောအချိန်တွင် အဆင်သင့်ရှိကြလိမ့်မည်မ ဟုတ်ချေ။GCBur 648.2

    ထာဝရဘုရားသည် သတိပေးစကားများကို မိန့်ဆိုသောအ ချိန်တွင် ကျိုးကြောင်းဆင်ခြင်မှုနှင့် ပြည့်စုံစေခဲ့သူများကို ထိုသတိ ပေးစကားအား လိုက်နာစေလိုတော်မူပါသည်။ သားရဲနှင့်တကွ သူ ၏ရုပ်တုကိုကိုးကွယ်သူများ အပေါ် ကျရောက်မည့်ပြစ်ဒဏ်များအ ကြောင်း ဖော်ပြသည့်သတိပေး စကားသည် သားရဲ၏ရုပ်တုသည် မည်သည့်အရာဖြစ်ကြောင်းနှင့် ထုရုပ်တုကို လက်မခံ၊ မကိုးကွယ်မိ အောင် ရှောင်ရှားရမည့်နည်းလမ်းများကို လူအများအား သိရှိစေပါ သည်။ သို့ရာတွင် လူအများသည် ၎င်းတို့၏အပြစ်နှင့်ပြည့်ဝသော ဆန္ဒနှင့်မကိုက်ညီသည့်သမ္မာတရားကို လက်မခံလိုကြချေ။ ထိုကြောင့် ၎င်းတို့ လိုလားသည့် လှည့်ဖြားခြင်းများကို စာတန်ဖြည့်ဆည်းပေးနေ ပါသည်။GCBur 648.3

    သို့စေကာမူ သမ္မာကျမ်းစာအား ယုံကြည်ချက်အပေါင်း၏ စံအဖြစ် လည်းကောင်း၊ ပြုပြင်ပြောင်းလဲမှုအားလုံး၏ အခြေခံအဖြစ် လည်းကောင်း ဆက်လက်ပြီး လက်ခံကျင့်သုံးမည့်လူတစ်စု ဘုရား သခင်၌ ရှိပါလိမ့်မည်။ ပညာတတ်များ၏ ထင်မြင်ယူဆချက်များ၊ သိပ္ပံပညာ၏ ကောက်ချက်ချခြင်းများ၊ ဘာသာရေးအဖွဲ့ကြီးများ၏ ဆုံးဖြတ်ချက်များနှင့် လူအများစု၏ သဘောထားတို့ကို ယုံကြည်ချက် အပေါ်ထောက်ခံသည့် အထောက်အထား (သို့မဟုတ်) ယုံကြည်ချက် အပေါ် ကန့်ကွက်ဆန့်ကျင်သည့် အထောက်အထားများအဖြစ် မမှတ် ယူသင့်ပါချေ။ GCBur 649.1

    ဘုရားသခင်က မည်သို့ မိန့်တော်မူထားသည်ဆိုသည့် အချက် ကိုသာ ကျွန်ုပ်တို့အလေးထားသင့်ကြ ပါသည်။ သမ္မာကျမ်းစာကို ကိုယ်တိုင်လေ့လာဆည်းပူးရမည့်အစား အသင်းအုပ်ဆရာများနှင့် ကျမ်းစာကျောင်းမှဆရာကြီးများဟောပြောသည့် စကားများကို ပို၍ အားကိုးလာရန် လူတို့အားစာတန်လမ်းပြနေပါသည်။ ထိုခေါင်း ဆောင်ကြီးများကို ထိန်းချုပ်ခြင်းအားဖြင့် လူထုကြီးတစ်ရပ်လုံးကို စာ တန်ဩဇာလွှမ်းမိုးနိုင်ခဲ့ပါသည်။GCBur 649.2

    ဤလောကသို့ခရစ်တော်ကြွလာခဲ့စဉ်က သာမန်လူတန်းစား များသည် ကိုယ်တော်၏ဟောကြားချက်များကို ဝမ်းပန်းတသာနာခံ ခဲ့ကြပါသည်။ သို့ရာတွင် အာဃာတစိတ်များဖြင့်ပြည့်နေသည့် ယဇ် ပုရောဟိတ်အဖွဲ့နှင့် ဘာသာရေးအကြီးအကဲများမှာမူ ကိုယ်တော် အားမေရှိယတစ်ပါးအဖြစ် လက်မခံခဲ့ကြချေ။ ထိုအခါ လူတို့ကGCBur 649.3

    “ဒါကဘယ်လိုဖြစ်တာလဲ။ လူအကြီးအကဲများနှင့် ပညာတတ်များ ကခရစ်တော်ကိုမယုံကြည်ကြပါလား” ဟု မေးမြန်းလာကြပါသည်။ ထိုကဲ့သို့သော ဆရာများသည် ယုဒလူမျိုးတို့အား ကယ်တင်ရှင်ကို ငြင်းပယ်စေခဲ့ပါသည်။GCBur 650.1