Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လူ့တန်ခိုးအာဏာကိုမြှောက်စားခြင်း

    ခေတ်အဆက်ဆက်တွင် ကြောက်စရာကျိန်စာတစ်ခုဖြစ်ခဲ့ သောဩတ္တပ္ပစိတ်ကိုအုပ်စိုးရန် လူ့တန်ခိုးအာဏာကို မြှောက်စား ခြင်းအမှုနှင့် စပ်ဆိုင်သည့် အနာဂတ်မြင်ကွင်းတစ်ခုကို ခရစ်တော် မြင်တွေ့ခဲ့ပြီးဖြစ်သည်။ မျက်စိကန်းသောခေါင်းဆောင်များနောက်သို့ မလိုက်ကြဖို့ မိန့်ဆိုခဲ့သည့် ခရစ်တော်၏ သတိပေးချက်သည် အနာ ဂတ်မျိုးဆက်များအတွက် ဆုံးမစကား တစ်ခုအဖြစ် မှတ်တမ်းတင်ထား ခြင်း ခံရပါသည်။GCBur 650.2

    သမ္မာကျမ်းစာကို အနက်ဖွင့်ရန် အခွင့်အာဏာမှာ ရောမ အသင်းတော်၏ ဂိုဏ်းအုပ်၊ ဂိုဏ်းချုပ်များ၌သာရှိသည်ဟု ထိုအသင်း တော်က ပြဋ္ဌာန်းပါသည်။ ဘာသာရေးပြုပြင်ပြောင်းလဲမှုများအရ သမ္မာကျမ်းစာကို လူတိုင်းရရှိလာကြသော်လည်း ရောမအသင်းတော် ကကျင့်သုံးနေသည့် ထိုစည်းမျဉ်းသည် ပရိုတက်စတင့်အသင်းသား များအား သမ္မာကျမ်းစာကို ကိုယ်တိုင်ရှာဖွေဆည်းပူးခြင်းမပြုစေရန် ဟန့်တားနေပါသည်။ GCBur 650.3

    အသင်းတော်က အနက်ဖွင့်ထားသည့်အတိုင်း သွန်သင်ချက် များကိုလက်ခံရန် ၎င်းတို့အား သွန်သင်ထားပါသည်။ ထိုကြောင့် ထိုအသင်းတော်ဩဝါဒများနှင့်ဆန့်ကျင်သော ကျမ်းစာသွန်သင် ချက်တစ်ခုတစ်လေကိုမျှ သူတို့မသိရှိကြတော့ချေ။GCBur 650.4

    လူအများမှာ မိမိတို့၏အသက်ဝိညာဉ်ကို အသင်းတော်ခေါင်း ဆောင် များလက်ထဲသို့အပ်နှံရန် အဆင်သင့်ရှိနေကြသည်။ ခရစ် တော်၏ သွန်သင်ချက် များကို ဂရုမထားဘဲ ၎င်းတို့ကျော်သွားကြပါ သည်။ တရားဟောဆရာများသည် အမှားအယွင်းမရှိတတ်ကြဘူး လား။ GCBur 651.1

    ၎င်းတို့သည် အလင်းဆောင်သူများ ဖြစ်ကြောင်း ကျမ်းစာအား ဖြင့် ကျွန်ုပ်တို့မသိရလျှင် ၎င်းတို့အား လမ်းပြများ အဖြစ်ကျွန်ုပ်တို့ မည်သို့ကိုးစားနိုင်ကြမည်နည်း။ ရဲရင့်သောစိတ်ဓါတ်ချို့တဲ့ မှုကြောင့် လူအများတို့သည် ပညာတတ်များကို ဆရာတင်မိကာ အမှားနွံထဲ တွင်ရုန်းထွက်မရအောင် နစ်မြုပ်နေကြပါသည်။ ထိုသူများသည် ဤခေတ် ဤအခါနှင့်သက်ဆိုင်သည့် အမှန်တရားများကို သမ္မာကျမ်း စာထဲတွင် တွေ့ကြသည်။ ထိုတရားများကို ဟစ်ကြွေးခြင်းအပေါ် သန့်ရှင်းသော ဝိညာဉ်တော်ပါရှိနေသည်ဟုလည်း ၎င်းတို့ခံစားရ သည်။ သို့စေကာမူ ၎င်းတို့သည် မိမိတို့အား အသင်းတော်ဆရာ ကြီးများက အလင်းကွယ်ထားမှာကို ခွင့်ပြုနေကြပါသည်။GCBur 651.2

    စာတန်သည် လူအများတို့အား ကပ်တိုင်တော်၏ ရန်သူများနှင့် မေတ္တာနှောင်ဖွဲ့စေသည့်နည်းကိုအသုံးပြုကာ ရယူသိမ်းပိုက်ထား တတ်ပါသည်။ ဤမေတ္တာနှောင်ကြိုးသည် မိဘများနှင့်ဆိုင်သော မေတ္တာနှောင်ကြိုးဖြစ်နိုင်သလို သားသမီးများနှင့်စပ်လျက်းသည့် မေတ္တာ နှောင်ကြိုး၊ အိမ်ထောင်ရေးနှင့်ပတ်သက်သည့် မေတ္တာနှောင်ကြိုး၊ လူ မှု ရေးဆိုင်ရာ မေတ္တာနှောင်ကြိုးများလည်း ဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ သော မေတ္တာနှောင်ကြိုး များနှင့် အချည်နှောင်ခံထားရသူများသည် မိမိတို့လုပ်ဆောင်ရမည့် ဝတ္တရား များကို ကျင့်ဆောင်ရန် သတ္တိမရှိကြ တော့ချေ။GCBur 651.3

    မိမိ၏အသက်တာသည် အမှားအယွင်းကင်းလျှင်ပြီးတာပါပဲ။ မည်သည့်ဘာသာကို ယုံကြည်သည်ဆိုသောအချက်သည် ပဓာန မဟုတ်ပါဟု လူအများပြောတတ်ကြပါသည်။ သို့ရာတွင် အသက်တာ ကိုပြုပြင်ပုံသွင်း ပေးနေသောအရာမှာ ယုံကြည်ခြင်းပင် ဖြစ်နေပါသည်။ လက်လှမ်းမှီသောနေရာ တွင်ရှိနေသည့် သမ္မာတရားများကို လျစ်လျူ ရှုကာ လက်ခံရန်ငြင်းဆိုခဲ့မည် ဆိုလျှင် အလင်းကိုငြင်းကာ အမှောင်ကို ရွေးချယ်နေခြင်းသာဖြစ်ပါသည်။GCBur 652.1

    ဘုရားသခင်၏ အလိုတော်ကိုသိနိုင်ရန် အခွင့်အလမ်းများရှိ နေသည့်အချိန်တွင် မသိလို့အမှားလုပ်မိပါသည်။ မသိလို့အပြစ်လုပ် မိပါသည်ဟု ပြောလို့မရချေ။ လမ်းဆုံလမ်းဂွသို့ရောက်ရှိလာသော ခရီးသွားတစ်ဦးသည် လမ်းညွှန်ဆိုင်းဘုတ်များကို သတိမထားမိသဖြင့် မှန်သည်ထင်သည့်လမ်းကို လိုက်မိသည်ဆိုပါစို့။ ထိုသူသည် လူရိုး တစ်ဦးဖြစ်ကောင်းဖြစ်မည် ဖြစ်သော်လည်း မိမိကိုယ်ကို လမ်းမှားတစ် ခုပေါ်သို့ရောက်ရှိနေမည်ကို တွေ့ရမည်သာတည်း။GCBur 652.2