Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၃၈)—ဘုရားသခင်ထံမှလာသောနောက်ဆုံး သတင်းစကား

    “ကောင်းကင်တမန်တစ်ပါးသည် ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံ၍ ကောင်းကင်ကဆင်းသက်သည်ကိုငါမြင်၏။ သူ၏ရောင်ခြည် အားဖြင့် မြေကြီး ထွန်းလင်းလျက်ရှိ၏။ သူသည် ကျယ်သောအသံဖြင့် ကြွေးကြော်၍ ဗာဗုလုန် မြို့ကြီးပြိုလဲပြီ၊ ပြိုလဲပြီ။ နတ်ဆိုးနေရာဖြစ် လေပြီ။ GCBur 657.1

    ညစ်ညူးသော ဝိညာဉ်မျိုး၏တွင်းဖြစ်လေပြီ။ ညစ်ညူး၍ စက် ဆုပ်ဖွယ်သောငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။ ----- အခြားသော ကောင်း ကင်အသံကားငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကိုဆက်ဆံခြင်းနှင့်လည်း ကောင်း၊ သူ၏ဘေးဒဏ်များကိုခံခြင်းနှင့် လည်းကောင်း ကင်းလွတ် အံ့သောငှာ သူ၏အထဲကထွက်ကြလော့။” ဗျာ၊ ၁၈:၁-၂၊ ၄။GCBur 657.2

    ဤကြွေးကြော်သံသည် ဗျာ၊ ၁၄ မှ ဒုတိယကောင်းကင်တ မန်၏ကြွေးကြော်သံကို တစ်ဖန်ကြွေးကြော်ထားသည့်အရာဖြစ်ပြီး ပထမအကြိမ် သတင်းပေးစဉ်ကတည်းက ဗာဗုလုန်ထဲသို့ရောက်ရှိ ထားပြီးသော ညစ်ညူးခြင်း များနှင့် ထပ်လောင်းပေါင်းစပ်ထားသည့် သတိပေးချက်ဖြစ်သည်။GCBur 657.3

    ဤတွင်ဖေါ်ပြထားသည့် ကြောက်စရာအခြေအနေတစ်ခု မှာသမ္မာတရားကိုလက်ခံရန် ငြင်းဆိုသူများ၏ စိတ်သဘောထားသည် ပို၍ မှောင်မိုက်၊ မာကျောလာခြင်းဖြစ်သည်။ ပညတ်တော် (၁၀) ပါးမှ (၁) ပါးကို အမွန်အမြတ်ထားသူများအား ညှဉ်းပန်းနှိပ်စက်သည်အထိ သူတို့သည် ထိုပညတ်တစ်ပါးကို နင်းချေကြပါလိမ့်မည်။GCBur 657.4

    ဘာသာရေးခံဝန်ချက်များသည် အနိမ့်ကျဆုံးဒုစရိုက်ပြစ်မှု များကို ဖုံးကွယ်ရန် ဝတ်ရုံများဖြစ်လာကြပါမည်။ နာမ်ဝိညာဉ်များကို ကိုးကွယ်ယုံကြည်ခြင်းသည် နတ်ဆိုးများ၏ယုံကြည်ချက်ကို လက် ခံရန်တံခါးဖွင့်ခြင်းဖြစ်သဖြင့် အသင်းတော်များတွင် နတ်ဆိုးတို့၏ ဩဇာလွှမ်းမိုးမှု များရှိလာပါသည်။ ဗာဗုလုန်သည် ဒုစရိုက်များနှင့် ပြည့် ဝနေပြီဖြစ်ရာ ပျက်စီး တော့မည့်ဆဲဆဲအခြေအနေတွင် ရောက်နေ ပါသည်။GCBur 658.1

    သို့ရာတွင် ထိုဗာဗုလုန်ထဲတွင် ဘုရားသခင်၏သားသမီး များရှိနေကြ ဆဲဖြစ်ရာ “သူ၏ဘေးဒဏ်များကိုခံခြင်းမှ ကင်းလွတ်အံ့ သောငှာ” ထိုသစ္စာရှိ တပည့်များအား ဖေါ်ထုတ်ရမည်ဖြစ်သည်။ ထို ကြောင့် ကမ္ဘာကြီးအား မိမိ၏ဘုန်းနှင့်ထွန်းလင်းစေသည့် ကောင်း ကင်တမန်တစ်ပါးသည် ကြွဆင်း လာကာ “ငါ၏လူမျိုးတို့၊ ဗာဗုလုန် ထဲကထွက်ကြလော့” ဟု ဟစ်ကြွေး ခေါ်ထုတ်သံကို ကြားနေရပါ သည်။ဤကြွေးကြော်သံသည် ကမ္ဘာသူကမ္ဘာသား များအတွက် နောက် ဆုံးသောသတိပေးချက်ဖြစ်ပါသည်။GCBur 658.2

    ဘုရားသခင်၏ပညတ်တော်များကို ဆန့်ကျင်တိုက်ခိုက်ရန် စုစည်းနေ ကြသည့် လောကီအာဏာပိုင်များက “ငွေရတတ်သောသူ၊ ဆင်းရဲသောသူ၊ ကျွန်ခံရသောသူ၊ လွတ်သောသူ” ရှိသမျှတို့အား မှားယွင်းသောဥပုသ်နေ့ကို စောင့်ခြင်းအားဖြင့် အသင်းတော်၏ ဓလေ့ ထုံးစံများနှင့်အညီ ကျင့်ဆောင်ရန် အမိန့်ထုတ်ကြလိမ့်မည်။ (ဗျာ၊ ၁၃:၁၆)။ လိုက်နာရန် ငြင်းဆန်သူများအား သေဒဏ်ထိုက်သည်ဟု အဆုံးတွင်စီရင်ကြလိမ့်မည်။ တစ်ဘက်တွင်လည်း ဖန်ဆင်းရှင်၏ နား နေရာနေ့တွင် ဥပုသ်စောင့်ရန် ပြဌာန်းသည့်ပညတ်တော်ကို ချိုး ဖေါက်သူများအား အမျက်တော်သင့်လိမ့်မည်ဟု သတိပေးဖွင့်ဆိုနေ ပါသည်။GCBur 658.3

    ဘုရားသခင်၏ပညတ်တော်ကို နင်းချေသောသူအပေါင်းတို့ သည် ဤအချက်များကိုကောင်းစွာသိရှိလျက်ပင် လူတို့တီထွင်ပြ ဌာန်းထားသည့် သားရဲ၏တံဆိပ်ကိုလက်ခံကြလိမ့်မည်။ အာဏာရှိ သူများ၏ မဟာမိတ်ပြုခြင်း အထိမ်းအမှတ်ဖြစ်သော ထိုတံဆိပ်ကို ဘုရားသခင်၏တံဆိပ်အစားနေရာတွင် သူတို့ရွေးချယ်လိမ့်မည်။ “အကြင်သူသည် သားရဲနှင့်သူ၏ရုပ်တုကို ကိုးကွယ်၍ သူ၏တံဆိပ် လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည် ဖြစ်စေ ထိုသူသည် ဘုရားသခင်၏ဒေါသဖလား၌လောင်းသော အမျက်တော် စပျစ်ရည် စစ်ကိုသောက်ရလိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသောညှဉ်းဆဲ ခြင်းကို ခံရလိမ့်မည်။” ဗျာ၊ ၁၄:၉-၁၀။GCBur 659.1

    သမ္မာတရားကိုကြားနာစစ်ဆေးပြီး မငြင်းပယ်မီတိုင်အောင် မည်သူမျှ ဘုရားသခင်၏အမျက်တော်ကိုခံရမည်မဟုတ်ချေ။ လူများ စွာတို့သည် ဤအချိန်အခါအတွက် အထူးသောသမ္မာတရားကိုကြား နာခွင့်မရခဲ့သေးချေ။ အငြင်းပွားစရာပြဿနာများနှင့်ပတ်သက် ၍အလှည့်ဖြားမခံရစေရန် လူသား တိုင်း၏စိတ်နှလုံးကို ဖတ်လေ့ ရှိသောကိုယ်တော်ရှင်သည် သမ္မာတရားကို သိရှိ နားလည်လိုသူတစ် ဦးတစ်ယောက်ကိုမျှ ချန်ထားတော်မူလိမ့်မည်မဟုတ်ချေ။ လူအသီး သီးတို့သည် သတိပညာနှင့်ပြည့်စုံစွာ ဆုံးဖြတ်ချက်ချနိုင်ရန် လုံလောက် သောအလင်းတရားများကို ရရှိကြပါလိမ့်မည်။GCBur 659.2