Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    နောက်ကျမိုးနှင့်ကျယ်သောကြွေးကြော်သံ

    ကောင်းကင်တမန်သုံးပါးနှင့်အတူ ပူးပေါင်းလာသည့် ထို ကောင်းကင် တမန်သည် မိမိဘုန်းရောင်ခြင်ဖြင့် ကမ္ဘာကြီးအား ထွန်း လင်းစေပါလိမ့်မည်။ GCBur 666.1

    ပထမကောင်းကင်တမန်သတင်းစကားကို ကမ္ဘာအရပ်ရပ် သို့ဖြန့်ချိခဲ့ရာ ပြုပြင်ပြောင်းလဲရေးအချိန်မှစ၍ တချို့နိုင်ငံများသည် ဘာသာရေးနိုးကြားမှု များရှိနေပေပြီ။ သို့ရာတွင် ထိုနိုင်ငံများကို တတိယကောင်းကင်တမန်၏ သတင်းစကားဖြင့် ပို၍အရှိန်ရစေရန် ဖြစ်ပါသည်။GCBur 666.2

    ဤအမှုအရာသည် ပင်တေကုတ္တေပွဲနေ့တွင်ဖြစ်ပျက်ခဲ့သည့် အရာနှင့် ဆင်တူနေပါသည်။ အမှုတော်အစတွင် အဖိုးထိုက်တန်သော မျိုးစေ့များကို အပင်ပေါက်ရန် အရင်မိုးကိုပေးခဲ့ပြီး အမှုတော်အဆုံးတွင် ရင့်မှည့်သောအသီး များကိုရိတ်သိမ်းနိုင်ရန် နောက်မိုးကိုပေးတော်မူ ခဲ့ပါသည်။ (ဟောရှေ၊ ၆:၃။ ယောလ ၂:၂၃)။ ဧဝံဂေလိအမှု တော်လုပ်ငန်းသည် အဖွင့်တွင်ထင်ရှားခဲ့သော ဘုရားသခင်၏ တန် ခိုးတော်ထက် လျော့နည်းသောတန်ခိုးတော်ထင်ရှားမှုဖြင့် အဆုံး သတ်ရမည်မဟုတ်ပါ။ ဧဝံဂေလိအမှုတော်အဖွင့်တွင် အရင်မိုး အားဖြင့်ပြည့်စုံစေခဲ့သည့် အနာဂတ္တိစကားသည် အမှုတော်အပိတ် တွင်နောက်မိုးအားဖြင့် တစ်ဖန်ပြည့်စုံခြင်းသို့ရောက်ပါလိမ့်မည်။GCBur 666.3

    “ထိုကြောင့် ထာဝရဘုရားသခင်ထံတော်မှ ချမ်းအေးသောအချိန် ကာလသည် ရောက်လာ၍ သင်တို့အဖို့အလို့ငှာ ခန့်ထားတော်မူနှင့် သောယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း သင်တို့အပြစ် များကိုပြေစေခြင်းငှာ နောင်တရ၍စိတ်ပြောင်းလဲခြင်းသို့ရောက်ကြ လော့” ဟု ပေတရုက အနာဂတ်ကိုမျှော်မှန်းလျက် အကြံပြုဖွင့်ဆို ထားပါသည်။ တမန်၊ ၃:၁၉-၂၀။GCBur 667.1

    သန့်ရှင်းသောဆက်ကပ်မှုဘုန်းရောင်ခြည်များဖြင့် ထွန်းလင်း နေသော မျက်နှာများဖြင့် ဘုရားသခင်၏ကျွန်တို့သည် ကောင်းကင်မှ လာသော သတင်း စကားကိုကြွေးကြော်ရန် တစ်နေရာမှတစ်နေရာသို့ အမြန်သွားကြလိမ့်မည်။ နိမိတ်လက္ခဏာများကိုပြကြလိမ့်မည်။ လူ နာများကို ရောဂါပျောက်ကင်းစေကြ လိမ့်မည်။ စာတန်ကလည်း ကောင်းကင်မှမီးကျလာသည်နိမိတ်လက္ခဏာ အတုများကိုပြသလိမ့်မ ည်။ (ဗျာ၊ ၁၃:၁၃)။ ကမ္ဘာသူကမ္ဘာသားများသည် ထိုအချိန်တွင် မည် သည့်ဘက်တွင်ရပ်တည်မည်ကို ဆုံးဖြတ်ရပေတော့မည်။GCBur 667.2

    ဆွေးနွေးငြင်းခုံခြင်းသည် ဝိညာဉ်တော်၏နက်နဲသောသွန် သင်မှုလောက် သတင်းစကားကို ကျယ်ပြန့်စွာမဖြန့်ချိနိုင်ချေ။ ဆွေးနွေး ဖြေရှင်းမှု များနှင့် စာအုပ်စာပေများကိုတင်ပြပြီးဖြစ်သော်လည်း တချို့ မှာသမ္မာတရားကို လက်ခံရန် ငြင်းဆိုနေကြဆဲဖြစ်ပါသည်။ ယခုတွင်မူ သမ္မာတရားကို အရှိအတိုင်းထင်ရှားစွာမြင်တွေ့ကြရပြီး မိသားစုသံ ယောဇဉ်နှင့် အသင်းတော်၏ ပေါင်းသင်းဆက်ဆံရေးများက ဘုရား သခင်၏ရိုးစင်းသော သားသမီးများကို ယခုတွင်မဟန့်တားနိုင်တော့ ချေ။ သမ္မာတရားကို အင်နှင့်အားနှင့်ဆန့်ကျင်နေသည့်ကြားမှ များပြား စွာသောလူတို့သည် ဘုရားသခင်ဘက်တွင် ရပ်တည်နေကြပါသည်။GCBur 667.3

    *****