Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ကောင်းကင်တမန်များကစောင့်ကြည့်နေခြင်း

    ကောင်းကင်တမန်များသည် ခရစ်တော်၏နှုတ်တော်ထွက် စကားများကို စောင့်ရှောက်သူများ၏ပတ်လည်တွင် တပ်ချစောင့်ကြပ် နေကြပါသည်။ GCBur 686.1

    ထိုကောင်းကင်သားများသည် သားသမီးများခံစားနေရ သောဒုက္ခကိုမြင်တွေ့ကြရုံသာမက ဆုတောင်းသံများကိုလည်း ကြားနေ ကြပါသည်။ ထိုကြောင့် သားသမီးတို့ကိုကယ်တင်ရန် ခရစ်တော်၏ အမိန့်ကို သူတို့စောင့်နေကြပါသည်။ GCBur 686.2

    ကိုယ်တော်၏သားသမီးများသည် ဒုက္ခခွက်ဖလားကိုသောက် ကာ ဗတ္တိဇံခံကြရဦးမည်ဖြစ်သဖြင့် ထိုကောင်းကင်တမန်များသည် အနည်းငယ် စောင့်ကြရဦးမည်ဖြစ်သည်။ (မဿဲ ၂၀:၂၀-၂၄)။ သို့စေကာမူ ရွေးကောက်ခြင်း ခံရသူများ၏အကျိုးအလို့ငှာ ဒုက္ခဆင်း ရဲခြင်းကာလကို လျော့ပေးတော် မူလိမ့်မည်ဖြစ်သဖြင့် ကပ်ကာလ အဆုံးသည် လူသားများထင်သည်ထက် စောပါလိမ့်မည်။GCBur 686.3

    ပညတ်တော်ကိုစောင့်ရှောက်သူများအား ကွပ်မျက်ရမည့်အ ချိန်ကို အကြမ်းဖျင်းအားဖြင့် သတ်မှတ်ထားပြီးဖြစ်သော်လည်း အ ချို့တို့သည် လက်ဦးမှုကိုရယူကာ အချိန်မတိုင်မီ ကွပ်မျက်ပစ်ရန် ကြိုးစားကြလိမ့်မည်။ သို့သော် စောင့်ကြပ်နေသည့် ကောင်းကင်တမန် များကို ကျော်လွှားကာ မည်သည့်ယုံကြည်သူကိုမျှ သူတို့မကွပ်မျက် နိုင်ကြချေ။ GCBur 686.4

    မြို့ကြီးများမှထွက်ပြေးလာကြသည့် အချို့ယုံကြည်သူများ သည်အတိုက်အခိုက် ခံကြရမည်ဖြစ်သော်လည်း ၎င်းတို့အားခုတ်ရန် မြှောက်လိုက်သောဓါးများသည် ကောက်ရိုးများကဲ့သို့ ကျိုးပဲ့ကုန်ကြ လိမ့်မည်။ အချို့မှာမူ စစ်သည်အသွင် ဆောင်ထားသည့် ကောင်းကင် တမန်များ၏ကာကွယ်မှုကို ခံကြရလိမ့်မည်။GCBur 687.1

    ကောင်းကင်သားများသည် လူသားများ၏အရေးကိစ္စတွင် ခေတ်အဆက်ဆက်ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ ၎င်းတို့သည် လူသား များ၏ ဧည့်ခံကျွေးမွေးမှုကို လက်ခံခဲ့ကြသလို ဘုမသိဘမသိ ခရီး သွားများကိုလည်း လမ်းပြအဖြစ်ဆောင်ရွက်ပေးခဲ့ကြပါသည်။ ဘရား ၏အမှုတော်ဆောင်များအား ချုပ်နှောင်ထားသည့် အကျဉ်းထောင် တံခါးများကို ဖွင့်ပေးခဲ့ကြသလို ခရစ်တော်၏သင်္ချိုင်းဂူဝကိုပိတ်ထား သည့် ကျောက်တုံးကြီးကိုလည်း ရွှေ့ပေးခဲ့ကြပါသည်။GCBur 687.2

    ဆိုးယုတ်သောသူများသည် ဘုရား၏သည်းခံခြင်းနယ်နိမိတ် ကိုကျော်လွန်နေခြင်ရှိ မရှိဆုံးဖြတ်ရန် သောဒုံမြို့သို့သွားခဲ့သလို ဆိုးယုတ်သူများ စုဝေးသည့်နေရာများသို့လည်း ကောင်းကင်သားများ လည်ပတ်နေကြပါသည်။ ထာဝရဘုရားသခင်သည် မိမိအားကိုးကွယ် သူလူနည်းစု၏မျက်နှာကို ထောက်ထားလျက် ဘေးဒုက္ခများကို ချုပ် ထိန်းထားကာ ငြိမ်သက်သာယာမှုကို တာရှည်စေတော်မူပါသည်။ အပြစ်သားများသည် ၎င်းတို့သုတ်သင်ပစ်ချင်သည့် ထိုသစ္စာရှိလူ နည်းစုကလေးအပေါ်တွင် မိမိတို့အကြွေးတင်နေသည်ကို မသိကြ ချေ။GCBur 687.3

    ကောင်းကင်တမန်များသည် လောကီကောင်စီအစည်းအဝေး များတွင်လည်း မကြာခဏပြောရေးဆိုခွင့်ရှိသူများဖြစ်နေကြပါသည်။ လူတို့၏ နားဖြင့် ၎င်းတို့၏တောင်းဆိုသံများကြားနေရသော်လည်း လူတို့၏ပါးစပ်ဖြင့် ၎င်းတို့ပေးသောအကြံများကို ပြက်ရယ်ပြုနေကြ ပါသည်။ ဒုက္ခရောက်နေသူ များ၏ကိစ္စများတွင် အာဝဇ္ဇန်းရွှင်သော ရှေ့နေရှေ့ရပ်များထက် ကောင်းကင် တမန်များက ပို၍ထိရောက် အောင် ကာကွယ်ပြောဆိုနိုင်ကြကြောင်း မိမိကိုယ်မိမိ သူတို့သက် သေပြခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်၏သားသမီး များအား ဒုက္ခပေးခဲ့ ကြသော ဒုစရိုက်ကောင်များကိုလည်း သူတို့ဖမ်းဆီးချေမှုန်း ခဲ့ကြပါ သည်။GCBur 688.1

    ဘုရားသခင်၏သားသမီးများသည် ကြွလာတော့မည့် ၎င်း တို့၏ဘုရင်ကြီး၏ အရိပ်အယောင်ကို တောင့်တမှုပြင်းပျစွာဖြင့် စောင့် မျှော်နေကြ ပါသည်။ ထိုသူများသည် ဘုရားသခင်ရှေ့မှောက်တွင် အသနားခံကြရာ ကိုယ်တော်သည် ထာဝရနေ့ရက်များ၏ရောင်ခြည် ဦးဖြင့် ထွန်းလင်းပေးတော် မူပါသည်။ “အမအစများရောက်လာပြီ” ဟူသော ကောင်းကင်သားများ၏ သီချင်းသံများကို ၎င်းတို့ကြားရစဉ် တွင် ကောင်းကင်ဂိတ်တ့ခါးပွင့်ဟလာကာ “ငါသည် သင်တို့နှင့်အ တူရှိနေတော်မူတယ်။ မကြောက်ကြနှင့်။ တိုက်ပွဲတွင် သင်တို့ကိုယ် စားငါတိုက်ပေးနေတယ်။ သင်တို့ဟာ ငါ၏နာမတော်အားဖြင့် အောင် မြင်သူများထက် ကြီးမြတ်သူများ ဖြစ်လာကြလိမ့်မယ်” ဟု ခရစ်တော် မိန့်ဆိုသည်ကိုလည်း သူတို့ကြားကြရပါသည်။GCBur 688.2

    ကျွန်ုပ်တို့အကူအညီလိုအပ်သည့်အချိန်တွင် ထာဝရဘုရား သည်အကူအညီပေးတော်မူလိမ့်မည်။ ဒုက္ခဆင်းရဲခြင်းကာလသည် ဘုရားသခင်၏ သားသမီးများအတွက် ကြောက်စရာကာလတစ်ခုဖြစ် သည်မှာ မှန်သော်လည်း ကတိတော်ဖဲကြိုးသည် ယုံကြည်သူတိုင်း အား ဝန်းရံကာဆီးထားသည်ကို ယုံကြည်ခြင်းအားဖြင့် သူတို့မြင်တွေ့ နိုင်ကြ ပါသည်။ “ထာဝရဘုရားကယ်လွှတ်တော်မူသောသူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ တာဝရဝမ်းမြောက်ခြင်းသရဖူကိုဆောင်း လျက် ဇိအုန်မြို့သို့ ရောက်ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအ ခွင့်ကိုရကြ၍ ဝမ်းနည်း ခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရ လိမ့်မည်။” ဟေရှာ၊ ၅၁:၁၁။GCBur 688.3

    အကယ်၍သာ ခရစ်တော်အကြောင်းသက်သေခံသူများ၏ အသွေးကို ဤအချိန်တွင် သွန်းစေခဲ့မည်ဆိုလျှင် ၎င်းတို့၏ဘုရားတ ရားရှိမှုသည် အခြားသူများအား သမ္မာတရားကိုသဘောပေါက်စေ မည့်သာဓကတစ်ခု ဖြစ်နိုင်တော့မည်မဟုတ်ချေ။ အကြောင်းမှာ အသဲ မာသူများသည် ကရုဏာတော် လှိုင်းကို တစ်ဖန်ပြန်မလာနိုင်င်တော့ သည်အထိ တွန်းလှန်ကန်ထုတ်ခဲ့ပြီး ဖြစ်သည်။ အကယ်၍သာ ထို ဖြောင့်မတ်သူများသည် ဤအချိန်တွင် ရန်သူများ၏သားကောင် ဖြစ် ခဲ့ကြမည်ဆိုလျှင် ထိုအရာသည် စာတန်အတွက် အောင်ပွဲတစ်ခုဖြစ် သွားပေလိမ့်မည်။ “ငါ့လူတို့၊ လာကြ၊ အတွင်းအခန်းထဲသို့ ဝင်၍ သင်တို့ကိုကွယ်ကာသောတံခါးများကို ပိတ်ထားကြ။ အမျက်ကာလ လွန်သည်တိုင်အောင် ခဏသာပုန်းရှောင်၍နေကြလော့။ အကြောင်း မူကား ထာဝရဘုရားသည် မြေကြီးသားတို့ကို သူတို့ဒုစရိုက်ကြောင့် အပြစ်ပေး လိုသောငှာ မိမိအရပ်ဌာနထဲက ထွက်တော်မူ၏။” ဟေရှာ၊ ၂၆:၂၀-၂၁။GCBur 689.1

    ကိုယ်တော်၏ကြွလာခြင်းကို သည်းခံလျက်စောင့်မျှော်နေ သူများနှင့် အသက်စာစောင်တွင် စာရင်းပါသောသူများ၏ လွတ်မြောက် ခြင်းသည် အလွန်မင်္ဂလာရှိပေလိမ့်မည်။GCBur 689.2

    *****