Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဘုရားသခင်၏နေ့ရက်ကြီး

    “ထိုကာလ၌ လူတို့သည် မိမိတို့ကိုးကွယ်ဖို့ မိမိတို့လုပ်ဖူး သောငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များ၌ပစ်ထားကြ လိမ့်မည်။ ထာဝရ ဘုရားသည် မြေကြီးကိုခြောက်လှန့်အံ့သောငှာ ထတော်မူသောအခါ ထိုဘုရားကို ကြောက်ခြင်းအရှိန်၊ ဘုန်းတန်ခိုး အာနုဘော်တော်အရှိန်ကြောင့် ကျောက်တွင်းချောက်ကြားထဲသို့ ပြေးဝင်ကြလိမ့်မည်။” ဟေရှာ၊ ၂:၂၀-၂၁။GCBur 694.1

    ခရစ်တော်အတွက် အရာခပ်သိမ်းကို ဆက်ကပ်အပ်နှံခဲ့ သူများသည် ယခုတွင် လုံခြုံစိတ်ချစွာအသက်ရှင်ခွင့်ရကြပါသည်။ သူတို့သည် မိမိတို့အတွက် အသေခံတော်မူခဲ့သည့် ကိုယ်တော်အပေါ် သစ္စာစောင့်သိကြောင်းကို လောကသားများရှေ့တွင်လည်းကောင်း၊ သေခြင်းကိုရင်ဆိုင်လျက် လည်းကောင်း ဖော်ထုတ်ခဲ့ကြချေပြီ။ တစ် ချိန်က ဖြူဖတ်ဖြူရော်မျက်တွင်း ဟောက်ပက်ဖြစ်ခဲ့သည့် ၎င်းတို့၏ မျက်နှာကလေးများမှာ ယခုတွင်မူ အံ့ဩဝမ်းမြောက်မှုများဖြင့် တောက် ပနေပါသည်။ GCBur 694.2

    “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကိုပေးတော် မူ၏။ ဘေးရောက်သောကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။ ထိုကြောင့် ပထဝီမြေကြီးသည်ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ ကျသော်လည်း ငါတို့သည် ကြောက်လန့်ခြင်းမရှိ သမုဒ္ဒရာရေသည် ဟုန်းဟုန်း မြည်၍ မွှေနှောက် ပါလေစေ။ လှိုင်းတံပိုးထဖြင့် တောင်များတုန်လှုပ်ပါလေစေ” ဟူသောအောင်ပွဲခံဓမ္မသီချင်းကို သူတို့သီဆိုကြပါသည်။ ဆာလံ ၄၆:၁-၃။ သန့်ရှင်းသာယာသော ထိုဓမ္မသီချင်းသံများသည် ဘုရား သခင့်နားတော်သို့ပေါက်သွားသောအချိန်တွင် ကောင်းကင်တံခါး များသည် အနည်းငယ်ပွင့်ဟလာကာ ကောင်းကင်ရွှေမြို့တော်မှ ဘုန်းရောင်ခြည်တော်များ ကွန့်မြူးလာကြပါသည်။ ထိုစဉ်တွင် ပညတ် တော်ကျောက်ပြား (၂) ပြားကို ကိုင်ထားသည့်လက်တစ်ခု ကောင်း ကင်ယံတွင်ပေါ်လာပါသည်။ GCBur 694.3

    သိနာတောင်တွင် ဖွင့်ဟတော်မူခဲ့သည့် ထိုပညတ်တော် (၁၀) ပါးကို တရားစီရင် ခြင်းအတွက် ဥပဒေတစ်ခုအဖြစ် ယခုတွင်ဖော်ပြ နေပါသည်။ ပညတ်တော်တွင် အသုံးပြုထားသည့် စကားရပ်များသည် လူတိုင်းဖတ်ရှုနားလည်နိုင် လောက်အောင် ရှင်းလင်းပါသည်။ မှတ်မိမှတ်သားသောဉာဏ်များလည်း ပြန်လည်နိုးကြားလာပါပြီ။ အယူသီးခြင်းနှင့် အယူမှားခြင်း မှောင်မိုက်များလည်း ယခုတွင် သူတို့စိတ်ကို မစိုးမိုးနိုင်တော့ပြီ။GCBur 695.1

    ဘုရားသခင်၏ပညတ်တော်ကို နင်းချေခဲ့သူများခံစားနေရသည့် ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများသည် စာဖွဲ့၍မပြနိုင် လောက်အောင် ကြီးကျယ်ပါသည်။ လောကီသားများ၏ ထောက်ခံ မှုကိုရရှိရန် သူတို့ကိုယ်တိုင် ပညတ်တော်ကို ဘေးဖယ်ထားရုံသာမက အခြားသူများကိုလည်း ပညတ်တော်ကိုငြင်းပယ်ရန် သူတို့သွန် သင်ခဲ့ကြပါသည်။ ယခုတွင်မူသူတို့ မထီမဲ့မြင်ပြုခဲ့သည့် ပညတ် တော်ဖြင့် သူတို့ကိုတရားစီရင်နေပါသည်။ ဆင်ခြေပေးစရာ မရှိတော့ သည်ကိုလည်း သူတို့သိထားပါသည်။ သမ္မာတရားနှင့် ပတ်သက်သည့် သဘောတရားအသစ်များနှင့် ကျင့်ဆောင်ရမည့်တာဝန်များကို သူတို့သိရှိနားလည်လာကြပါပြီ။ သတ္တမနေ့ဥပုသ်သည် ဘုရားသခင် ၏တံဆိပ်ဖြစ်သည်ကို သူတို့နားအလည်နောက်ကျခဲ့ချေပြီ။ သဲပေါ်မှာ သူတို့ဆောက်ခဲ့မိပြီဆိုသည့်အချက်ကိုလည်း အသိနောက် ကျခဲ့ချေပြီ။ သူတို့သည် ထာဝရဘုရားကို ဆန့်ကျင်တိုက်ခိုက်နေကြ ပါတကား။ GCBur 695.2

    ဘာသာရေးဆရာကြီးများသည် လူသားများအား ကောင်း ကင်ဘုံသို့ ပို့ဆောင်မည်ဟုပြောကာ ငရဲသို့ပို့နေကြပါတကား။ ဘုရား သခင်၏ အမှုတော်တွင် ပါဝင်လုပ်ဆောင်နေသူများ၏ တာဝန်ဝတ္တ ရားမှာ ကြီးလေးလှ ပါတကား။ ၎င်းတို့၏သစ္စာမရှိမှုကြောင့် ဖြစ် ပေါ်လာမည့်အကျိုးဆက်များ သည်လည်း အလွန်ကြောက်စရာ ကောင်းလှပါတကား။GCBur 696.1