Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ပုန်ကန်ခြားနားသူများအားပြစ်ဒဏ်စီရင်ခြင်း

    စုရုံးနေကြသည့် ကောင်းကင်သားများနှင့် မြေကြီးသားများ ရှေ့တွင် သားတော်ဘုရား၏ဘိသိက်မင်္ဂလာပွဲကို ကျင်းပပါသည်။ ယခုတွင် ကြီးမြတ်သည့်တန်ခိုးတော်နှင့်ပြည့်စုံတော်မူသည့် ဘုရင်တ ကာတို့၏ ဘုရင်သည် ပညတ်တော်ကိုလွန်ကျူးကာ မိမိ၏သားသမီး များအား နှိပ်စက်ညှဉ်းပန်းခဲ့သူများအား ပြစ်ဒဏ်စီရင်တော်မူပါသည်။ “တစ်ဖန်တုံ ဖြူသောပလ္လင်ကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင် တော်မူသောသူကို လည်းကောင်း ငါမြင်၏။ ကောင်းကင်နှင့်မြေကြီး သည် မျက်နှာတော်ရှေ့မှာ ပြေးလွင့်၍ သူတို့နေစရာအရပ်မရှိ၊ သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြ သည်ကိုငါမြင်၏။ စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင် တည်းဟူသော အခြားတစ်ပါးသောစာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။ ဗျာဒိတ်ကျမ်း ၂၀:၁၁-၁၂။GCBur 726.2

    ယေရှု၏မျက်ဝန်းတော်သည် ဆိုးယုတ်သူများအပေါ်သို့ ကြည့်တော်မူစဉ် ထိုသူများသည် မိမိတို့ကျူးလွန်ခဲ့သမျှအပြစ်အသီး သီးကို ပြန်လည်သတိရကြ၏။ သန့်ရှင်းခြင်းလမ်းမှ မည်သည့် နေရာတွင်မိမိတို့ လမ်းခွဲခဲ့သည်ကိုလည်း သူတို့မြင်တွေ့နေကြပါသည်။ အပြစ်ဒုစရိုက်ကို လိုက်စားရန် ၎င်းတို့ရင်ဆိုင်ခဲ့သည့် စွဲမက်စရာ ကောင်းသော စုံစမ်းနှောင့်ယှက် ခြင်းများ၊ အစော်ကားခံခဲ့ရသည့် ဘုရား၏စေတမန်များ၊ ငြင်းပယ်ခြင်း ခံခဲ့ရသည့် သတိပေးစကားများ၊ ခေါင်းမာသူများ၏ပြန်လည်ရိုက်ခတ်ခြင်းကိုခံရသည့် ကရုဏာလှိုင်းများ၊ နောင်တမရသည့် နှလုံးသားများ စသည့် မြင်ကွင်းများသည် မီးနှင့်ရေး ထားသည့်စာကဲ့သို့ အထင်အရှားပေါ်လာပါသည်။GCBur 727.1

    ပလ္လင်တော်၏အထက်တွင်မူ ကပ်တိုင်တော်ကို အထင်အရှား တွေ့ရပါသည်။ အာဒံကျဆုံးသည့်မြင်ကွင်းမှအစ ကယ်တင်ခြင်း စီမံကိန်းဝင်အဆင့်ဆင့်အကောင်အထည်ဖော်ပုံများကို မြင်ကွင်း ကျယ်ကြီး အလား ထင်ရှားစွာတွေ့မြင်နေရပါသည်။ ကယ်တင်ရှင် ၏နိမ့်ကျသော မွေးဖွားမှုကိုခံယူခြင်း၊ ကိုယ်တော်၏ရိုးစင်းသော အသက်တာ၊ ဂျော်ဒန်မြစ်တွင် နှစ်ခြင်းခံခြင်း၊ တောထဲတွင် အစာရှောင် ဆုတောင်းခဲ့ပုံများနှင့် စုံစမ်းနှောင့်ယှက်မှုခံရခြင်း၊ လူသားများ အတွက်ကောင်းချီးမင်္ဂလာ ဖြစ်စေသည့် ကိုယ်တော်ဆောင်ရွက် ခဲ့သောအရာများ၊ ကရုဏာတော်လုပ်ရပ် များနှင့် ကုန်ဆုံးခဲ့သောနေ့ရက် များ၊ တောင်များပေါ်တွင် ဆုတောင်းမှု အစုစုတို့ဖြင့် ကျော်လွှား ခဲ့သောညများ၊ မနာလိုစိတ်၊ ရန်ညှိုးစိတ်များဖြင့် ပူးပေါင်းကြံ စည်ခြင်းခံခဲ့ရပုံများ၊ ဂေသရှေမန်ဥယျာဉ်တွင် ကမ္ဘာ့အပြစ် ဝန် ထုပ်ပိသဖြင့် ခံစားခဲ့ရသော ဝေဒနာများ၊ သွေးဆာနေသည့် လူထုကြီး ၏လက်ထဲသို့ အအပ်နှံခံရပုံ၊ တပည့်တော်များက စွန့်ပစ်သည်ကိုခံခဲ့ရပုံ၊ ယဇ်ပုရောဟိတ်မင်းနေအိမ်တွင် ရုံးတင်စစ်ဆေးခြင်းခံရပုံ၊ ပိလတ်မင်း ရုံးတွင် အစစ်ဆေးခံရပုံ၊ သူရဲဘောကြောင်သော ဟေရုဒ်မင်းရှေ့တွင် အစော်ကား အနှိပ်စက် အသေသတ်ခံခဲ့ရပုံများသည် ထိုသူတို့ရှေ့တွင် ထင်ထင်ရှားရှားပေါ်လာပါသည်။GCBur 727.2

    ယခုတွင်မူ ကပ်တိုင်လမ်းကိုလျှောက်ခဲ့သူ ခန္တီပါရမီရှင် ခရစ် တော်၊ ကပ်တိုင်တွင်အသေသတ်ခံခဲ့ရသောခရစ်တော်၊ ကိုယ်တော်ရှင် ဝေဒနာခံစား နေရသည်ကိုကြည့်ကာ ပြက်ရယ်ပြုနေသော ယဇ်ပုရော ဟိတ်များနှင့် ကျမ်းတတ်ဆရာများ၊ သက်တော်စွန့်သောအချိန်တွင် တစ်ခဏမျှကျခဲ့သော မှောင်မိုက် စသည့် နောက်ဆုံးသောအချိန်တွင် တစ်ခဏမျှကျခဲ့သော မှောင်မိုက် စသည့် နောက်ဆုံးသောမြင်ကွင်း များကို လူထုကြီးရှေ့တွင် ဖော်ပြတော်မူပါသည်။GCBur 728.1

    ကြောက်စရာမြင်ကွင်းသည် အရှိအတိုင်းပေါ်လာပါသည်။ စာတန်နှင့် သူ၏အပေါင်းပါတို့မှာ ထိုမြင်ကွင်းကိုပြောင်းလဲခြင်းငှာ မစွမ်းနိုင်ပါချေ။ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူများသည် မိမိတို့လုပ်ဆောင်ခဲ့သောကဏ္ဍအသီးသီးကို ပြန်လည်သတိရကြ လိမ့်မည်။ ဗက်လင်မြို့မှ ကလေးငယ်များကို သတ်ခဲ့သော ဟေရုဒ်မင်း၊ နှစ်ခြင်းဆရာ ယောဟန်၏အသွေးကိုသွန်းစေခဲ့သော မိန်းမယုတ် ဟေရောဒိ၊ ဝတ်ကျေတမ်းကျေလုပ်တတ်သည့် အားနည်းသောပိ လတ်မင်း၊ ကိုယ်တော်ကို ပြက်ရယ်ပြုခဲ့သော ရောမစစ်သားများ၊ ကိုယ် တော့်အသွေးသည် ငါတို့အပေါ်၌ လည်းကောင်း၊ ငါတို့သားသမီး များ၏အပေါ်၌လည်းကောင်းကျပါစေဆိုပြီး ရူးသွပ်သွပ်ဖြစ်နေသော လူအုပ်ကြီး စသည့်လူယုတ်မာအပေါင်းတို့သည် မျက်နှာတော်မှ အချည်းနှီးပုန်းရှောင်နေကြစဉ်တွင် “ငါတို့အတွက် အသေခံ တော် မူသောအရှင်” များကို ကယ်တင်ရှင်၏ခြေတော်ရင်းတွင် ချထားကြ ပါသည်။GCBur 728.2

    မိမိတစ်ချိန်က ညှဉ်းပန်းခဲ့သောသူများအား ချီးမြှောက်နေ သည့်မြင်ကွင်းကိုလည်းကောင်း၊ မိမိအား ကျေနပ်နှစ်သိမ့်မှုကိုဖြစ် စေသည့် ငိုကြွေး ညည်းတွားသူများအား ချီးမြှောက်နေသည့်မြင်ကွင်း များကို လည်းကောင်း ကြည့်နေကြသူများထဲတွင် ရက်စက်ကြမ်း ကြုတ်ရာတွင် အရှင်သခင်ဖြစ်သော နီရိုးဘုရင်ကြီးလည်းပါဝင်နေပါ သည်။ မိမိ၏ဩဇာလွှမ်းမိုးမှုနှင့် နမူနာပြမှုများ၊ ကမ္ဘာကြီးအား ရာဇဝတ်မှုအသီးအပွင့်များကိုဖြစ်ပေါ်စေခဲ့သည့် နီရိုး၏ မိခင်ကြီး သည်လည်း မိမိ၏လုပ်ဆောင်မှုများကို ပြန်လည်တွေ့မြင်နေရပါသည်။GCBur 729.1

    ခရစ်တော်၏သံတမန်များဖြစ်သည်ဟု မိမိကိုယ်ကိုတင်စား သော်လည်း ကပ်တိုင်များ၊ အချုပ်ခန်းများကိုပြကာ လူသားများအား ထိန်းချုပ်ခဲ့သော ရောမဂိုဏ်းချုပ်ဂိုဏ်းအုပ်များလည်း ထိုနေရာတွင် ရှိနေပါသည်။ မိမိကိုယ်ကို ဘုရားသခင်အထက်တွင် ချီးမြှောက်ကာ ဘုရား၏ ပညတ်တော်ကိုပြောင်းလဲပစ်ရန် ကြိုးစားခဲ့ကြသည် ရောမ သာသနာ့ ခေါင်းဆောင်ကြီးများကိုလည်း ထိုနေရာတွင် တွေ့နေရ ပါသည်။ ဟန်ဆောင် ကောင်းသည့်ဂိုဏ်းအုပ်ကြီးများသည် ဘုရား သခင်နှင့်ဖြေရှင်းရမည့် ကိစ္စများ ရှိနေပါသည်။ ထာဝရဘုရားသည် ကိုယ်တော်၏ပညတ်တော်ကို မြတ်နိုးသည် ဆိုသည့်အချက်ကို ၎င်းတို့ အသိနောက်ကျသွားချေပြီ။ ခရစ်တော်သည် ဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသော သားသမီးများအား အထူးမြတ်နိုးကြောင်းကိုလည်း ယခုတွင် သူ တို့သိလာကြပါသည်။GCBur 729.2

    ထိုလူယုတ်မာအားလုံးသည် ကောင်းကင်အုပ်ချုပ်ရေးကို သစ္စာဖောက်မှုဖြင့် တရားစီရင်ကြရပါသည်။ လျှောက်လဲချက်တင် စရာမရှိသကဲ့သို့ ဆင်ခြေတက်စရာအကြောင်းလည်း မရှိပါချေ။ ထာဝ ရသေခြင်း ပြစ်ဒဏ်ကိုခံယူစေဟု ၎င်းတို့အား အမိန့်ချမှတ်ပါသည်။GCBur 730.1

    မိမိတို့လုပ်ဆောင်ခဲ့သောပုန်ကန်ခြားနားမှုကြောင့် မိမိတို့အ ဆုံးရှုံး ခံခဲ့ရသောအရာများကို ထိုလူယုတ်မာများတွေ့မြင်ကြပြီ။ “ဒါတွေဟာ တို့ပိုင်ဆိုင်ရမယ့်ဟာတွေဖြစ်တယ်။ အို၊ ငါတို့လုပ်ခဲ့တာ တွေဟာ တလွဲတွေ ပါလား။ စိတ်ဆင်းရဲစရာတွေ၊ စိတ်ပျက်စရာတွေနဲ့ သိမ်ဖျင်းမှုတွေကို ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဂုဏ်ပြုခြင်း များနဲ့လဲမိပါပြီတကားဟု သူတို့ ငိုကြွေးမည်တမ်းနေကြပါသည်။ မိမိတို့အား ကောင်းကင်သို့ဝင်ခွင့်မပေး ခြင်းသည် တရားမျှတကြောင်း သူတို့မြင်တွေ့ကြရပါသည်။ သို့ဖြင့် “ဤယေရှုကို တို့အသက်တာများကို စိုးမိုးခွင့်တို့ပေးမှာမဟုတ်ဘူး” ဟု သူတို့ ကြွေးကြော်ကြသည်။GCBur 730.2