Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ငြိမ်သက်ခြင်းကိုရှာဖွေခြင်း

    ဘုရားသခင်၌ငြိမ်သက်ခြင်းရရန် ဆန္ဒပြင်းပြလာသည်နှင့် အမျှမိမိ၏ အသက်တာကို သာသနာ့ဘောင်တွင် သူနစ်မြုပ်လိုက် ပါသည်။ ဤတွင် သူသည် အနိမ့်ကျဆုံးကျေးကျွန်အလုပ်နှင့် တစ်အိမ်တက်ဆင်း သူဖုန်းစားအလုပ်များကို လုပ်ဆောင်ရပါမည်။ အပြစ်ကြောင့် ထိုအရာများကိုလုပ်ဖို့ လိုအပ်သည်ဟု ယုံကြည်လျှင် စိတ်ရှည်လက်ရှည်သူ အနစ်နာခံလုပ်ဆောင်ခဲ့ပါသည်။GCBur 114.1

    သူသည် အိပ်ရမည့်အချိန်နှင့် စားရမည့်အချိန်များကို မအိပ်မ စားဘဲ နှုတ်ကပတ်တော်ကို နှစ်ခြိုက်စွာလေ့လာခဲ့ပါသည်။ သူမကြာ ခဏ ပြင်ဆင်ပေးရသည့် ကျောင်းနံရံနှင့်တွဲပြီး သံကြိုးဖြင့်ချည်နှောင် ထားသော သမ္မာကျမ်းစာတစ်အုပ်ကို သူတွေ့ဖူးပါသည်။GCBur 114.2

    သူသည် မိမိ၏ ဒုစရိုက်သဘာဝကို ချိုးနှိမ်ရန် မိမိကိုယ်ကို နှိပ်ကွပ်ခြင်း၊ အအိပ်အနေနည်းခြင်း၊ အစာရှောင်ခြင်းများကို ကျင့် သုံးကာ ခက်ထန်ကြမ်းတမ်းသောဘဝ၌ အသက်ရှင်နေထိုင်ခဲ့ပါ သည်။ “ရဟန်းပျိုဆိုင်ရာ အကျင့်များဖြင့်သာ ကောင်းကင်နိုင်ငံကို ဝင်စားခွင့် ရနိုင်မည်ဆိုပါလျှင် ကျွန်တော်ဟာ သေချာပေါက်ရောက်သင့် ပါတယ်။ အကြာကြီး ထပ်ပြီးလေ့ကျင့်ရဦးမယ်ဆိုရင်တော့ ကျွန်တော်ရဲ့ ခြိုးခြံမှုတွေကို သေသည့်တိုင်အောင် သယ်ဆောင်သွားဖို့ကောင်း တာပေါ့” ဟု နောက်ပိုင်းတွင် သူဖွင့်ဟခဲ့ပါသည်။ မည်မျှပင်သူကြိုး စားစေကာမူ ဝန်လေးနေသော သူ့အသက်ဝိညာဉ်၌ သက်သာခြင်း အခွင့်ကို မတွေ့ရှိခဲ့ချေ။ အဆုံးတွင် စိတ်ပျက်အားလျော့သွားတော့ မည့်အခြေသို့ ရောက်ရှိသွားခဲ့ပါသည်။GCBur 114.3

    ခပ်သိမ်းသောအရာတို့သည် ဆုံးရှုံးနေကြောင်းထင်ရှားလာ သည့် အချိန်တွင် ဘုရားသခင်သည် သူ့ထံသို့ မိတ်ဆွေတစ်ယောက် ပို့ ဆောင်ပေးတော် မူခဲ့ပါသည်။ GCBur 115.1

    ထိုသူမှာ စတောပစ်ဆိုသူဖြစ်ပါသည်။ စတောပစ်သည် လူးသာအား နှုတ်ကပတ်တော်ဖွင့်ပြကာ မိမိကိုယ်ကိုမကြည့်ဘဲ ခရစ်တော်ကို သာကြည့်ရန် တောင်းဆိုလိုက်ပါသည်။ “ကိုယ်ကျူးလွန် တဲ့အပြစ်တွေကြောင့် ကိုယ့်ကိုကိုယ်နှိပ်စက်နေမည့်အစား ခရစ်တော် ရဲ့လက်ရုံးတော်ထဲကို ကိုယ့်ကိုကိုယ် ပေးအပ်လိုက်ပါ။ ကိုယ်တော်ကို ယုံကြည်ကိုးစားပါ။ ကိုယ်တော်ရဲ့ အသေခံခြင်းများအပေါ်ယုံကြည်ပါ။ ဘုရားသခင်လက်ခံတော်မူကြောင်း အာမခံချက်ပေးရန် သားတော်ဘု ရားသခင်ဟာ လူဇာတိကို ခံယူခဲ့တယ်။ မင်းကိုစပြီးချစ်တဲ့ခရစ်တော်ကို မင်းချစ်လိုက်ပါ” ဟု ပြောသောစတောပစ်၏ စကားများသည် လူးသာ ၏နှလုံးသားကို အကြီးအကျယ်ပြောင်းလဲစေကာ အခက်အခဲကြုံတွေ့ သူတစ်ဦးထံသို့ ငြိမ်သက်ခြင်းတန်ခိုး ရောက်လာခဲ့ပါသည်။GCBur 115.2

    လက်တင်ရထားသည့်လူးသာအား ဝစ်တင်းဘတ်တက္ကသိုလ် တွင် ပါမောက္ခလုပ်ရန် ခန့်အပ်လိုက်ရာ ဆာလံကျမ်း၊ ခရစ်ဝင်လေး ကျမ်းနှင့် ဩဝါဒစာစောင်များကို သူပို့ချခဲ့ပါသည်။ သူ့ဆရာဖြစ်သော စတောပစ်က စင်မြင့်ပေါ်သို့တက်၍ တရားဟောရန် တိုက်တွန်းခဲ့ပါ သည်။ GCBur 115.3

    သို့ရာတွင် ခရစ်တော်ကိုယ်စားပြုချက် တရားဟောဖို့ မ ထိုက်တန်သေးပါဟု မိမိကိုယ်ကို လူးသာအထင်ရှိနေသဖြင့် အတော် ကြာမှ မိတ်ဆွေများ၏ တောင်းပန်ချက်အရ သူတရားဟောခဲ့ပါသည်။ သူသည် ကျမ်းစာကို အတော်ကျွမ်းကျင်စွာသိရှိ………………………. နားလည်ရုံသာမက ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း သူ့အ ပေါ်သို့ ကျရောက်သည်ဖြစ်၍ သူဟောပြေသမျှသမ္မာတရားများ သည်ရှင်းလင်းတန်ခိုးပါသဖြင့် တရားနာများ နားလည်သဘောပေါက် ကာ စိတ်နှလုံး ထိခိုက်ခဲ့ပါသည်။GCBur 115.4

    ထိုအချိန်အထိ ရဟန်းမင်း၏ အသင်းတော်မှသားစစ်တစ် ဦးဖြစ်ခဲ့သူ လူးသာသည် ဤသို့ပင်အစဉ်ထာဝရ ဆက်လက်တည်ရှိနေ လိမ့်မည်ဟု သူထင်ခဲ့ပါသည်။ သို့နှင့် သူသည် ရောမမြို့သို့သွား ရောက်လည်ပတ်ခွင့်ရခဲ့ရာ ထိုခရီးကို ခြေလျင်သွား၍ လမ်းတွင် ရဟန်းကျောင်းများတွင် တည်းခိုခဲ့ပါသည်။ သူမြင်ခဲ့ရသည့် ခမ်းနား မှုများ၊ ဇိမ်ခံပစ္စည်းများကြောင့် သူအံ့ဩတွေဝေခဲ့ရပါသည်။ ရ ဟန်းပျိုများသည် ခမ်းနားထည်ဝါသော အခန်းများတွင်နေကြသည်။ အဖိုးတန်ဝတ်ရုံများကို ဝတ်ကြသည်။ ဟင်းလျာစုံသော စားပွဲများတွင် စားကြသည်။ ဤမြင်ကွင်းများသည် လူးသာ၏ စိတ်နှလုံးကို ရှုပ်ထွေး စေခဲ့ပါသည်။GCBur 116.1

    နောက်ဆုံးတွင် တောင်ခုနစ်လုံးမြို့တော်ကို အဝေးမှသူမြင် တွေ့နိုင်သည့် နေရာသို့ ရောက်ရှိသွားခဲ့ရာ မြေတွင်ပျပ်ဝပ်လျက် “သန့် ရှင်းသောရောမမြို့တော်၊ ကျွန်ုပ်အလေးပြုပါသည်” ဟု ဟစ်ကြွေး လေ၏။ GCBur 116.2

    အသင်းတော်များသို့ သူသွားရောက်လည်ပတ်ခဲ့သည်။ ရ ဟန်းများနှင့် ရဟန်းပျိုများ အထပ်ထပ်ပြောပြသည် အံ့ဖွယ်ပုံပြင် များကိုသူနားထောင်ခဲ့ရသည်။ လုပ်ဆောင်ရမည့် အစီအစဉ်များတွင် ပါဝင်လုပ်ဆောင် ခဲ့သည်။ နေရာတကာမှာ တွေ့နေရသည့် အသင်း ခေါင်းဆောင်များ၏ မကောင်းမှုလုပ်ရပ်များနှင့် မကြားဝံ့မနာသာသော ပြက်လုံးများကြောင့် သူအံ့အားသင့်ခဲ့ရ………………………………. ပါသည်။ ပွဲတော်မင်္ဂလာယူနေစဉ်အတွင်းမှာပင် သူတို့လုပ်ဆောင် သောညစ်ညမ်းမှုများအတွက် သူကြောက်လန့်နေပါသည်။ ယုတ်ညံ့ သောကာမစပ်ယှက်မှုများနှင့် အပျော်ကျူးခြင်းများကိုလည်း သူမြင် တွေ့ခဲ့ရ ပါသည်။ “ရောမအသင်းတော်၌ ကျူးလွန်နေသော အပြစ် များနှင့် အသရေပျက်သော လုပ်ဆောင်မှုများကို စဉ်းစားလို့တောင်မ ရနိုင်ချေ။” အကယ်၍ ငရဲပြည်ရှိသည်ဆိုလျှင် ရောမအသင်းတော်ကို ထိုပြည်အပေါ်တွင် တည်ဆောက်ထားသည်ဟုလည်း သူတို့ပြောဆိုစ မြဲဖြစ်၏” ဟု လူးသာရေးသားခဲ့ပါသည်။GCBur 116.3