Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အာဇာနည်တစ်ယောက်၏သူရသတ္တိ

    ဆက်လက်ခရီးနှင်လာသောလူးသာအား လူထုကြီးက အား တက်သရောဝိုင်းကာ “ဒီလူတွေဟာ ဟပ်စ်ကိုလုပ်သလို မင်းကိုလည်း ပြာဖြစ်သွားအောင်မီးရှို့လိမ့်မယ်” ဟု ဝိုင်းဝန်းသတိပေးခဲ့ရာ “ဒီလူ တွေက ဝမ်းစ်ကနေ ဝစ်တင်းဘတ်အထိ မီးတိုင်တွေထွန်းထားရင်လည်း ခရစ်တော်ရဲ့ နာမတော်အားဖြင့် ဒီမီးတိုင်တွေကြားက ကျွန်တော် လျှောက်သွားမှာပဲ။ ခရစ်တော်အကြောင်းကို ဝန်ခံဖို့ သူတို့ရှေ့ကို ကျွန် တော်အရောက်သွားမယ်” ဟု လူးသာက ဖြေကြားခဲ့ပါသည်။GCBur 149.2

    ဝမ်းစ်မြို့သို့ လူးသာလာနေပြီဆိုသည့်သတင်းကြောင့် တစ်မြို့ လုံး လှုပ်လှုပ်ရွရွဖြစ်နေပါသည်။ GCBur 149.3

    မိတ်ဆွေများက လူးသာ၏ လုံခြုံရေးအတွက် စိတ်ပူနေကြသ ကဲ့သို့ ရန်သူများကလည်း ၎င်းတို့၏လုပ်ငန်း မအောင်မြင်မည်ကို စိုးရိမ် နေကြသည်။ ရဟန်းမင်း၏ လှုံ့ဆော်မှုကြောင့် ပြဿနာကို သင့်သင့် မြတ်မြတ်ဖြင့် ဖြေရှင်းနိုင်................................................................... ပါတယ်ဟု ဖွင့်ဟခဲ့သော မိတ်ဆွေသူရဲကောင်းတစ်ဦး၏ရဲတိုက်တွင် သူနားခိုခဲ့ရသည်။ GCBur 149.4

    ခြိမ်းခြောက်နေသော အန္တရာယ်များကို မိတ်ဆွေများက ပြောပြကြသော်လည်း လူးသာသည် တုန်လှုပ်ချောက်ချားခြင်း မရှိဘဲ “ခေါင်မိုး ပေါ်က အုတ်ကျွတ်ပြားတမျှ နတ်ဆိုးတွေ ဝမ်းစ်မှာရှိပါစေ၊ ကျွန်တော်ကတော့ သွားမှာပဲ” ဟု တုံ့ပြန်ခဲ့သည်။GCBur 150.1

    ဝမ်းစ်မြို့သို့ ဆိုက်ရောက်လာသောလူးသာကို လူထုကြီးက မြို့အဝင်မှ သောင်းသောင်းဖြဖြကြိုဆိုခဲ့သည်။ အလွန်စိတ်လှုပ်ရှား စရာကောင်းလှပါသည်။ လူးသာက “ထာဝရဘုရားသခင်သည် ငါ၏ ကွယ်ကာရာ ဖြစ်တော်မူ၏” ဟု ရထားပေါ်မှဆင်းစဉ် ဟစ်ကြွေးခဲ့သည်။ သူရောက်ရှိ လာသဖြင့် ရဟန်းမင်းအဖွဲ့သည် အလွန်ထိတ်လန့်နေကြပါသည်။ ဧကရာဇ်ဘုရင်သည်လည်း အကြံ ပေးအရာရှိများကိုခေါ်ကာ ဆက်လုပ်ရမည့် လုပ်ငန်းစဉ်အကြောင်းကို ဆွေးနွေးနေပါသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ဆွေးနွေးခဲ့ သည်မှာ ကြာမြင့်ခဲ့ပေပြီ။ ဧကရာဇ်အနေဖြင့် ဒီလူကို တစ်ချက်တည်း သုတ်သင်ပစ်လိုက်ပါ။ ဆီဂျစ်မန်သည် ဟပ်စ်ကို မီးရှို့သတ် ခဲ့တယ်မ ဟုတ်လား။ ဒီဖေါက်ပြန်ရေးသမားရဲ့ လုံခြုံရေးလက်မှတ်ကို တို့မပေး ခဲ့တာသေချာသလို ဒီလက်မျတ်ကို ဂရုစိုက်စရာလည်းမလိုဘူး” ဟု ရက်စက်ကြမ်းကြုတ်သော ရဟန်းမင်း၏ခေါင်းဆောင်များက ကြွေး ကြော်ခဲ့ကြ သော်လည်း “မဖြစ်နိုင်ဘူး၊ တို့ကတိတည်ရမယ်” ဟု ဧက ရာဇ်က တုံ့ပြန်ခဲ့သည်။ သို့နှင့် လူးသာကို ကြားနာစစ်ဆေးဖို့ ဆုံးဖြတ် ခဲ့ပါသည်။GCBur 150.2

    ထိုမြို့တော်မှ လူအပေါင်းတို့သည် ထင်ရှားကြော်ကြားသည့် ထိုပုဂ္ဂိုလ်ကို မြင်တွေ့ရန် စိတ်ဆန္ဒပြင်းပြနေပါသည်။ ခရီးပန်းနေသော လူးသာသည် အေးအေးဆေးဆေးအနားယူဖို့လိုသည်။ သို့ရာတွင် အချိန်အနည်း ငယ်သာ သူအနားယူခဲ့ရပါသည်။ မကြာမီမှာပင် ဂုဏ် သရေရှိပုဂ္ဂိုလ်များ၊ သူရဲကောင်းဘွဲ့ရသူများ၊ ယဇ်ပုရောဟိတ်များနှင့် မြို့လူထုကြီးသည် သူ့အနားတွင် စုရုံးလာကြပါသည်။ ထိုသူများထဲမှ ပုဂ္ဂိုလ်ကြီးတစ်ယောက်က သာသနာ့ခေါင်းဆောင်များ၏ မတရားလုပ် ဆောင်မှုများကို ပြန်လည်ပြုပြင် ပေးပါရန် ဧကရာဇ်အား ရဲဝံ့စွာ တောင်းဆိုခဲ့ပါသည်။ GCBur 150.3

    အကြောက်အလန့် ကင်းသော ထိုရဟန်းပျိုကလေးကိုကြည့် ရန်မိတ်ဆွေများသာမက ရန်သူများပင်လျှင် စုရုံးလာကြပါသည်။ သူ့ပုံပန်းလက္ခဏာမှာ တည်ကြည်၍ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသောသူ ဖြစ်၏။ သူ၏မျက်နှာသည် ပိန်လှီ၍ ဖျော့တော့တော့ ဖြစ်နေသော် လည်း ကြင်နာမှု၊ ဝမ်းမြောက်မှုတို့နှင့် ပြည့်စုံနေသည်။ GCBur 151.1

    သူ့နှုတ်ထွက်စကားများ၏ နက်ရှိုင်းသော ခိုင်မာမှုများကြောင့် ရန်သူများပင်လျှင် ဆောက်တည်ရာမရဖြစ်ခဲ့၏။ သူနှင့်အတူ ဘုရားသခင် ပါရှိနေသည်ဟု တချို့က သဘောပေါက်ခဲ့ကြသော် လည်း “ဒီလူနတ်ဆိုး စွဲနေပြီ” ဟု ဖာရိရှဲများက ခရစ်တော်ကိုပြောသလို တချို့ကပြောနေကြပါသည်။ (ယောဟန် ၁၀:၂၀)GCBur 151.2

    လူးသာအား ပရိသတ်စုရုံးရာခန်းမထဲသို့ ဦးဆောင်ခေါ် ယူခဲ့ရန်နောက်တစ်နေ့တွင် ဘုရင့်အရာရှိတစ်ဦးကို တာဝန်ပေးခဲ့ပါ သည်။ GCBur 151.3

    ရဟန်းမင်းကို အာခံဝံ့သူရဟန်းပျိုကလေးအား ကြည့်လို ကြသည့် လူထုကြီးသည် လမ်းဘေးဝဲယာတွင် ပြည့်လျက်ရှိသည်။ တိုက်ပွဲအလီလီတွင် အောင်ပွဲဆင်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက “သနားစရာရဟန်းပျို ကလေးရေ၊ ငါနဲ့စစ်ဗိုလ်တွေ စစ်မြေပြင်မှာ... လုပ်ဆောင်ခဲ့တဲ့အရာတွေထက် မြင့်မြတ်တဲ့အရာတွေကို မင်းအခုလုပ် နေတယ်။ မင်းရဲ့လမ်းစဉ်က တရားမျှတမယ်ဆိုရင် နာမတော်ကိုခိုလှုံပြီး ဆက်လုပ်ပါ။ ဘာကိုမှမကြောက်နဲ့။ ဘုရားသခင်က မင်းကိုပစ်ထား မှာမဟုတ်ပါဘူး” ဟု ကြင်နာစွာအားပေးခဲ့သည်။GCBur 151.4