Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ရောမနှင့်အပေးအယူလုပ်ရန်ကြိုးစားခြင်း

    ဆက္ကဆိုနီနယ်စာ ဖရက်ဒရစ်သည် လူးသာအပေါ်ထား သည့်မိမိ၏ သဘောထားမှန်ကို သတိကြီးစွာဖြင့် ဖုံးကွယ်ထားသည့် တစ်ချိန်တည်းမှာပင် လူးသာအား မနားမနေအကာအကွယ်ပေးခဲ့ သည်။ GCBur 165.1

    လူးသာအား ရန်မူနေသူများ၏ လှုပ်ရှားမှုများကိုလည်း ဖရက်ဒရစ်စောင့်ကြည့်ခဲ့သည်။ သို့သော် လူအများစုမှာ လူးသာအ ပေါ်ထားသည့် ၎င်းတို့၏ကြင်နာသနားမှုကို ဖုံးကွယ်ထားရန် မကြိုး စားကြချေ။ “ပါရဂူကြီးရဲ့အခန်းကလေးဟာ သူ့ဆီကို လာလည်ကြတဲ့ လူတွေနဲ့မဆံ့အောင်ဖြစ်နေတယ်” ဟု စပါလက်တင်ဆိုသူက ရေးသား ခဲ့ဖူးသည်။ လူးသာ၏ယုံကြည်ချက်များကို လက်မခံခြင်းမရှိသေး သူများပင်လျှင် ဩတ္တပ္ပစိတ်၏လှုံ့ဆော်မျုကို ဆန့်ကျင်မည့်အစား အ သေခံမည်ဆိုသည့် သမာဓိရှိမှုကို မချီးကျူးဘဲ မနေနိုင်ခဲ့ကြချေ။GCBur 165.2

    သို့နှင့် ရောမနှင့်အပေးအယူလုပ်ဖို့ လူးသာသဘောတူရန် အကြီးအကျယ်ကြိုးစားခဲ့ကြပါသည်။ အသင်းတော်နှင့် ထိုကောင်စီကို ဆန့်ကျင်ပြီး ကိုယ့်သဘောနှင့်ကိုယ်လုပ်ဆောင်နေမည်ဆိုလျှင် ပြည် နှင်ဒဏ် ပေးခြင်းခံရကာ အကာအကွယ်မဲ့ဖြစ်သွားနိုင်ကြောင်း မင်းညီ မင်းသားများက သူ့အား တစ်ဖန်ထပ်မံတင်ပြကြပြန်သည်။ ထိုကြောင့် ဧကရာဇ်၏ အဆုံးအဖြတ်ကိုနာခံဖို့ သူ့အားတိုက်တွန်းခဲ့ကြသည်။ သို့မှသာ သူ၌ ကြောက်ရွံ့စရာကင်းနိုင်မည်ဖြစ်သည်။ GCBur 166.1

    “ဧကရာဇ်မင်းမှစ၍ မင်းညီမင်းသားများနှင့် အညံ့ဖျင်းဆုံး ခရစ်ယာန်များအဆုံး သမ္မာကျမ်းစာကို စံထားပြီး ကျွန်တော်ရေးသား ဟောကြားခဲ့တာတွေကို စစ်ဆေးမယ်၊ စီရင်မယ်ဆိုရင် ကျွန်တော်သ ဘောတူပါတယ်။ လူသားများဟာ သမ္မာကျမ်းစာ အတိုင်း နားထောင် လိုက်လျှောက်ခြင်းမှလွဲပြီး အခြားအရာတွေကို ဘာမှလုပ်ပိုင်ခွင့် မ ရှိကြပါဘူး” ဟု သူတုံ့ပြန်ခဲ့ပါသည်။GCBur 166.2

    ၎င်းပြင် “ကျွန်တော့်အတွက် စီစဉ်ထားတဲ့ လုံခြုံရေးအစီ အစဉ်ကိုလည်း စွန့်လွှတ်ဖို့ ကျွန်တော်သဘောရှိပါတယ်။ ကျွန်တော် ရဲ့ခန္ဓာကိုယ်နဲ့ အသက်ကို ဧကရာဇ်မင်းရဲ့လက်ထဲမှာ အပ်နှံတာထက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ အပ်နှံမယ်” ဟု အခြားအယူခံလွှာ တစ်ခုတွင် သူဖွင့်ဆိုခဲ့သည်။ လွှတ်ရုံးအနေဖြင့် သမ္မာကျမ်းစာနှင့် အညီဆုံးဖြတ်ချက် ချမည်ဆိုလျှင် လွှတ်တော်တွင် မိမိကိုယ်ကို အညံ့ခံ လိုက်ရန် သူဆန္ဒရှိကြောင်း ဖေါ်ပြခဲ့သည်။ “နှုတ်ကပတ်တော်နှင့် ယုံကြည်ခြင်းစပ်ဆိုင်ခြင်းအရာမှာ သန်းနှင့်ချီပြီး ထောက်ခံသူတွေ ရှိနေတဲ့ ရဟန်းမင်းလောက်တော့ ခရစ်ယာန်တိုင်းဟာ ကောင်းသော တရားသူကြီး တစ်ဦးဖြစ်နိုင်သည်” ဟု လူးသာကဖွင့်ဟလာသဖြင့် ပြေလည်မှုရအောင် ဆက်လက်ကြိုးစားနေလျှင်လည်း အကျိုးထူးမည် မဟုတ်ကြောင်း လူးသာ၏ ရန်သူကော မိတ်ဆွေများကပါ အဆုံးတွင် သဘောပေါက်လာကြပါသည်။GCBur 166.3

    လူးသာသည် တစ်ချက်ကလေး အလျှော့ပေးလိုက်လျှင် စာတန်နှင့် သူ့နောက်လိုက်များသည် အောင်ပွဲဆင်သွားကြပေလိမ့်မည်။ သို့သော် ယိမ်းယိုင်ခြင်းမရှိသောသူ၏ ဇွဲသတ္တိသည် ဘုရားသခင် ၏အသင်းတော်ကို အနှောင်အဖွဲ့မှလွတ်သွားစေဖို့ဖြစ်လာပါသည်။ ကိုယ်ဘာသာကိုယ်တွေးတော လုပ်ဆောင်ရဲသော ဤလူသားတစ်ဦး ၏ဩဇာသက်ရောက်မှုသည် သူ့အချိန်သူ့အခါက အသင်းတော်နှင့် ကမ္ဘာကြီးကိုသာမက အနာဂတ်မျိုးဆက် များကိုလည်း အကျိုးပြု ပါသည်။GCBur 167.1

    မကြာမီတွင် ဧကရာဇ်ဘုရင်က လူးသာအား အိမ်ပြန်ရန် ဆင့်ဆိုလိုက်သည်။ ထိုဆင့်ဆိုချက်နှင့် မရှေးမနှောင်းမှာပင် လူးသာအ ပေါ် ပြုလုပ်သည့် စီရင်ချက်ထွက်ပေါ်လာခဲ့သည်။ အပြန်လမ်းခရီးမှာ ခြိမ်းခြောက်မှု များဖြင့် ဖုံးလွှမ်းနေသော်လည်း ဝမ်းစ်မှ ထွက်ခွာလာ သည့်နောက် သူ့စိတ်နှလုံးသည် ပျော်ရွှင်မှုများ၊ ကျေးဇူးတင်ခြင်းများ နှင့်ပြည့်ဝနေပါသည်။GCBur 167.2

    ဝမ်းစ်မှထွက်ခွာသွားပြီးနောက် မိမိ၏ခိုင်မာစွာရပ်တည်မှုကို ပုန်ကန်ခြားနားမှု အသွင်သို့ အမြင်မလွဲစေရန် ရည်ရွယ်လျက် လူးသာက........................................................................................... “ကျွန်ုပ်ဟာ အမြှောက်စားခံရသည်ဖြစ်စေ၊ အရှုတ်ချခံရသည်ဖြစ်စေ၊ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ လူသားများမှီခိုအသက် ရှင်ရမည့် နှုကပတ်တော်နှင့် ဆန့်ကျင်သောလုပ်ရပ်မှလွဲ၍ မည် သည့်ခြွင်းချက်မှမရှိဘဲ ဧကရာဇ်မင်း၏ အမိန့်တော်ကိုနာခံရန် အဆင် သင့်ရှိပါသည်။ ထာဝရကာလနှင့် ပတ်သက်သော အကျိုးရလဒ်များ အတွက် လူသားအချင်းချင်းအညံ့ခံ အားကိုးမှုများကို ထာဝရဘုရား သခင် အလိုတော်မရှိပါ။ ဝိညာဉ်ရေးနှင့် ပတ်သက်သောကိစ္စများတွင် ထိုကဲ့သို့လိုက်လျောအညံ့ခံခြင်းသည် ဖန်ဆင်းရှင် တစ်ပါးတည်းမှလွဲ၍ မည်သူ့ကိုမျှမပြုလုပ်ထိုက်သော အရာတစ်ခုဖြစ်သည်။GCBur 167.3

    ဝမ်းစ်မြို့မှ အပြန်လမ်းခရီးတွင် မင်းညီမင်းသားအသင်းတော် ခေါင်းဆောင်များသည် ရောမမှကြဉ်ထားသည့် ထိုရဟန်းပျိုကို ကြိုဆိုခဲ့ကြသည်။ နယ်ဘက်အရာရှိများကလည်း ဧကရာဇ်မင်းက လူသိရှင်ကြားအတိအလင်း ပြစ်တင်ပြောဆိုထားသည့်ထိုသူကို ဂုဏ်ပြု ခဲ့ကြပါသည်။ GCBur 168.1

    သူ့အား တရားဟောပေးဖို့ တောင်းဆိုကြသောအခါ ပိတ်ပင် တားမြစ် ထားသည့်ကြားမှ ပလ္လင်ပေါ်သို့တစ်ဖန်တက်ကာ “ကျွန်ုပ်ဟာ ဘုရားရဲ့ နှုတ်ကပတ်တော်ကို ကိုယ့်သဘောနှင့်ကိုယ် ဘယ်တုန်းကမှ သံကြိုးနဲ့ချည်ပြီး သော့နဲ့ခတ်ထားဖို့ ကတိမပေးခဲ့ဖူးဘူး။ နောင်လည်း ပေးမှာမဟုတ်ဘူး” ဟုဆိုကာ တရားဟောလေ၏။GCBur 168.2

    ဝမ်းစ်မှ သူထွက်သွားပြီးနောက် မကြာမီမှာပင် ရဟန်းမင်းအ ဖွဲ့၏ ဖိအားပေးမှုကြောင့် ဧကရာဇ်မင်းသည် လူးသာအား အရေးယူ ဆောင်ရွက်မည့် အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ပြန်တမ်း တွင် လူးသာအား “လူယောင်ဆောင်ပြီး ရဟန်းပျိုတစ်ဦးရဲ့ ဝတ်ရုံကို ခြုံထားသောစာတန်ဖြစ်သည်” ဟု လူသိရှင်ကြားစွပ်စွဲထားပါသည်။ မကြာမီတွင် သူ၏လုံခြုံရေးအစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။ သူ့အားအကာအကွယ်မပေးရန်၊ အစားအစာမပေးရန်၊ နှုတ်အား ဖြင့်လည်းကောင်း၊ လက်အားဖြင့်လည်းကောင်း မစခြင်းမပြုရန်၊ အားပေးအားမြှောက် မပြုလုပ်ရန် တားမြစ်လိုက်ပါသည်။ သူ့အား တွေ့ရှိလျှင် အာဏာပိုင်များထံသို့ လာရောက်အပ်နှံရမည်ဖြစ်ပြီး သူ့အပေါ်သစ္စာစောင့်သိသူများကို ထောင်ချ၍ ပစ္စည်းသိမ်းမည် ဖြစ်သည်။ သူရေးသားခဲ့သောစာပေများကို ဖျက်ဆီးပစ်ရမည် ဖြစ်ပြီး ထိုအမိန့်ကိုဖီလာဆန့်ကျင်သူများသည် ပြစ်ဒဏ်စီရင်ခြင်းခံကြရ မည်ဖြစ်သည်။ လူးသာ၏မိတ်ဆွေများဖြစ်သော ဆက္ကဆိုနီလွှတ် တော်အမတ်နှင့် မင်းညီမင်းသားများတို့သည် ဝမ်းစ်မှ လူးသာထွက်ခွာ သွားပြီးနောက် မကြာမီမှာပင် ထွက်ခွာလာခဲ့ကြသည်။ GCBur 168.3

    ဘုရင်ထုတ်ပြန်သောအမိန့်ကိုလည်း လွှတ်တော်ကအတည် ပြုခဲ့ရာ ရောမသားများ အောင်ပွဲဆင်ခဲ့ကြပါသည်။ ချိတ်ပိတ်ခြင်း ခံလိုက်ရသော ဘာသာရေးပြုပြင်ပြောင်းလဲရေး၏ကံကြမ္မာကို သူတို့ ဆင်ခြင် သုံးသပ်နေကြပါသည်။GCBur 169.1