Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First
    Larger font
    Smaller font
    Copy
    Print
    Contents

    အခန်း (၉)—ဆွစ်ဇာလန်တွင်ထွန်းတောက်နေသောအလင်း

    ဆက္ကဆိုနီနယ်ရှိ မိုင်းအလုပ်သမားတစ်ဦး၏အိမ်တွင် လူးသာ အား မွေးဖွားခဲ့ပြီး မရှေးမနှောင်းမှာပင် အဲလ်စ်တောင်တန်းပေါ်ရှိ မွေးမြူရေးသမား တစ်ဦး၏တဲထဲတွင် ယူရစ်ဇွင်းကလိကို မွေးဖွား သန့်စင်ခဲ့ပါသည်။ သဘာဝတောတောင်ရှုခင်းများအလယ်တွင် ကြီးပြင်းလာသူဖြစ်သဖြင့် ငယ်စဉ်ကတည်းက ဘုရားသခင်၏ ကြီးမြတ် ခမ်းနားမှုသည် သူ့စိတ်တွင် စွဲထင်နေပါသည်။ အသင်းတော်၏ ရိုးရာ များနှင့် ယုံတမ်းစကားများမှ ကြားသိခဲ့ရသော ကျမ်းစာပုံပြင်များကို သူ့အဘွားထံမှ သူကြားခွင့်ရခဲ့သည်။GCBur 173.1

    သူသည် အသက် (၁၃) နှစ်အရွယ်တွင် ဆွစ်ဇာလန်ပြည်၏ အ ကောင်းဆုံးကျောင်းတည်ရှိရာ ဘန်းမြို့သို့သွားခဲ့ပါသည်။ သို့ရာတွင် ထိုအရပ်တွင် အန္တရာယ်နှင့် သူရင်ဆိုင်ခဲ့ရပါသည်။ ရဟန်းကျောင်း များတွင် ကျောင်းတက်ရန် ရဟန်းပျိုများ၏ သွေးဆောင်မှုကို သူအကြီး အကျယ် ခံခဲ့ရပါသည်။ ဘုရားသခင်၏ မစမှုကြောင့် ထိုရဟန်းပျိုများ ၏အကြံကို သိထားသော သူ့ဖခင်သည် သား၏အနာဂတ်အောင်မြင် မှုကို ထိခိုက်မည့် အရေးကိုတွေ့မြင်ကာ အိမ်သို့ပြန်လာရန် ခေါ်လိုက် ပါသည်။GCBur 173.2

    ထိုလူငယ်သည် ဖခင်ကြီး၏စကားကိုနားထောင်ကာအိမ် သို့ပြန်လာခဲ့သော်လည်း မွေးရပ်မြေတွင် ကြာကြာမနေနိုင်ဘဲ မကြာမီ မှာပင် ဘက်ဆဲမြို့သို့ သွားရောက်ကာ ဆက်လက်ပညာသင်ယူခဲ့ ပါသည်။ ဘုရားသခင်သည် အခမဲ့တော်မူသည့် ကျေးဇူးတော်ဆိုင်ရာ သတင်းကောင်းကို ထိုမြို့တွင် သူပထမဦးဆုံးအနေဖြင့် ကြားဖူးခဲ့ သည်။ ဂရိဘာသာနှင့် ဟေဗြဲဘာသာကိုလေ့လာနေစဉ် ဝစ်တင်းဘတ် ဆိုသည့် ကျောင်းသားတစ်ဦးကို သမ္မာကျမ်းစာသင်ပေးခဲ့သည်။ ဤ နည်းအားဖြင့် သူ၏ သင်ကြားမှုအောက်တွင် အလင်းတော်သည် ကျောင်းသားများ၏ စိတ်ထဲတွင် ထွန်းလင်းခဲ့သည်။ ခရစ်တော်၏ အ သေခံခြင်းအရာသည် အပြစ်သားများကို ရွေးရန် ပေးဆပ်ခြင်းဖြစ် သည်ဟု သူကြွေးကြော်ခဲ့သည်။ ဤစကားလုံး များသည် ဇွင်းကလိအ တွက် အရုဏ်ဦးအလင်းတန်းများသဖွယ်ဖြစ်ခဲ့၏။GCBur 173.3

    ဇွင်းကလိသည် မကြာမီတွင်ပင် အလုပ်ဝင်ရန် ခန့်အပ်ခြင်း ခံရသည်။ သူလုပ်ဆောင်ရမည့်နေရာမှာ အယ်ပိုင်းတောင်ပေါ်ဒေသ ဖြစ်သည်။ လက်တင်ရပုရောဟိတ်တစ်ပါးအနေဖြင့် အသက်တာကို မြှုပ်နှံပြီး သမ္မာတရားကို ရှာဖွေရန် သူ့ကိုယ်သူဆက်ကပ်ထားပါသည်။ သမ္မာတရားကိုပို၍လေ့လာလေ တကယ့်အမှန်တရားနှင့် ရောမအ သင်းတော်၏ ယုံကြည်ချက်များအကြား တည်ရှိနေသည့်ခြားနား ချက်မှာ ပို၍ထင်ရှားလာ လေဖြစ်၏။ မပြောင်းမလဲ လုံလောက်ပြည့် စုံသော စည်းမျဉ်းဥပဒေတစ်ခုအဖြစ် နှုတ်ကပတ်တော်တည်းဟူသော သမ္မာကျမ်းစာကိုလက်ခ့ကာ အသက်တာကို မြှုပ်နှံလေ့လာခဲ့ပါသည်။ ကျမ်းစာကိုကျမ်းစာဖြင့်သာ အနက်ဖွင့်ရမည်ကို မြင်တွေ့ကာ မှန်ကန်စွာ အနက်ပြန်နိုင်ရန် ရနိုင်သမျှသော အမအစများကို ရယူကာ ကြိုးစားရှာဖွေခဲ့ပါသည်။ ထိုအတွက် ဝိညာဉ်တော်ရရန်လည်း သူဆုတောင်း ခဲ့ပါသည်။ GCBur 174.1

    “အလင်းတရားပေးရန် ဘုရားသခင်ထံမှာ ကျွန်ုပ်စပြီး ဆု တောင်းခဲ့တာနဲ့တစ်ပြိုင်နက် ကျမ်းစာကိုနားလည်ဖို့ ပိုပြီးလွယ်ကူ လာခဲ့တယ်” ဟု နောက်ပိုင်းတွင် သူရေးသားမှတ်တမ်းတင်ခဲ့သည်။GCBur 174.2

    ဇွင်းကလိဟောသောတရားသည် လူးသာထံမှ သူရခဲ့သည့် တရားများ မဟုတ်ပါ။ ၎င်းဟောသောတရားမှာ ခရစ်တော်၏ ယုံကြည် ချက်များဖြစ်သည်။ “လူးသာဟာ ခရစ်တော်အကြောင်းကို ဟောကြား ခဲ့တယ်ဆိုရင် ကျွန်တော် ဟောနေတာကို သူဟောတာပဲ။ လူးသာနဲ့ ကျွန်တော်တို့ဟာ စာအဆက်အသွယ် လုံးဝမရှိခဲ့ကြပါဘူး။ ဒါဆို ဘာကြောင့် ဟောတာချင်းတူနေရတာလဲ။ ကျွန်တော်တို့နှစ်ယောက် ဟာ တစ်ဦးနဲ့တစ်ဦးညှိထားတာမဟုတ်ဘဲ ခရစ်တော်ရဲ့ ယုံကြည်ချက် တွေကို နှစ်ယောက်စလုံး တစ်ထပ်တည်းကျအောင် ဟောနေတာဟာ ဝိညာဉ်တော်ဘုရားသခင်ရဲ့ ဟန်ချက်ညီညီ လုပ်ဆောင်မှုကို ထင် ရှားစေပါတယ်” ဟု ထိုဆွစ်ဘာသာရေးပြုပြင်ပြောင်းလဲသူကဆိုပါ သည်။GCBur 175.1

    ၁၅၁၆ ခုနှစ်တွင် Einsiedeln မြို့ရှိ ခရစ်ယာန်ကျောင်း၌ တရား ဟောကြားရန် ဇွင်းကလိသွားခဲ့ပါသည်။ ဤမြို့တွင် ဘာသာရေး ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးအဖြစ် ဩဇာလွှမ်းမိုးမှုရအောင် ကြိုးစားဖို့ ဖြစ်ပါသည်။GCBur 175.2

    အံ့ဖွယ်တန်ခိုးနှင့်ပြည့်စုံသည်ဟု သူများပြောဆိုနေသည့် မယ်တော်မာရိ၏ ရုပ်တုသည် ထိုမြို့ရှိ စိတ်ဝင်စားစရာများထဲမှ တစ်ခုအ ပါအဝင်ဖြစ်သည်။ “ဤနေရာတွင် အပြစ်မှလုံးဝဥဿုံခွင့်လွှတ်ခြင်း ကိုရယူနိုင်သည်” ဟူသောစာတမ်းကို အဝင်တံခါးမ အပေါ်တွင်ရေး သားထား သည်။ ဆွစ်ဇာလန်ပြည်အနှံ့အပြားမှလူများအပြင် ပြင်သစ်၊ ဂျာမနီပြည်များ မှပင် ထိုရုပ်တုရှိရာသို့လာခဲ့ကြပါသည်။ ဇွင်းကလိသည် ဤအချက်ကို အခွင့်အရေးယူကာ ဝမ်းမြောက်ဖွယ်ရာ သတင်းစကား အားဖြင့် လွှတ်ခြင်းအခွင့်အကြောင်းကို ဤအယူသီးမှု၏ ကျေးကျွန် များအား ဟောကြားခဲ့ပါသည်။GCBur 175.3

    “ဘုရားသခင်သည် ကိုယ်တော်ဖန်ဆင်းထားသည့် အခြားနေ ရာများမှာထက် ဤနေရာတွင်သာ ကိန်းဝပ်တော်မူသည်ဟု မထင်ကြ နှင့်။ ရက်ရှည်ဘုရားဖူးထွက်ခြင်း၊ လှူဖွယ်ဝတ္ထုများကို ပေးလှူခြင်း၊ ရုပ်တုများ အထူးသဖြင့် မယ်တော်မာရိ၏ရုပ်တုနှင့် အခြားသူတော်စင် များ၏ ရုပ်တုများရှေ့၌ ဆုတောင်းပတ္ထနာပြုခြင်းများစသည့် အကျိုးမရှိ သော အကျင့်များအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကိုရယူနိုင်သ လား။ ချောမွတ်ပြောင်လက်နေသော စလွယ်ကြီးများ၊ ပြောင်အောင် ရိတ်ထားသည့် ဦးခေါင်း၊ ရှည်လျားသောဝတ်ရုံနှင့် ရွှေနှင့်လှပအောင် ခြယ်သထားသည့် ဖိနပ်များ စသည်တို့၌ ဘာအကျိုးအာနိသင်ရှိမည် နည်း။” GCBur 176.1

    “တစ်ခါတည်း ကပ်တိုင်ပေါ်တွင် အသေခံတော်မူခဲ့သည့် ခရစ်တော်သည်သာ ယုံကြည်သူများ၏ အပြစ်ကို ထာဝရကာလ ပြေပျောက်စေသည်။ ယဇ်ကောင် (သို့) ဓါးစာခံဖြစ်တော်မူသည်” ဟု သူပြောခဲ့ပါသည်။GCBur 176.2

    မိမိတို့ပင်ပင်ပန်းပန်းသွားခဲ့သော ဘုရားဖူးခရီးရှည်ကို အကျိုး မရှိဘူးဟု အပြောခံရသဖြင့် လူများစွာတို့သည် ခါးသီးစွာစိတ်ပျက်ခဲ့ ကြသည်။ ခရစ်တော်အားဖြင့် အပြစ်လွှတ်ခြင်းအခွင့်ကို အခမဲ့ ရမည် ဆိုသည့်အချက် ကိုလည်း သူတို့သဘောမပေါက်နိုင်ကြချေ။ ရောမ အသင်းတော်လုပ်သည့် အတိုင်း လုပ်ဆောင်ခြင်းကိုသာ သူတို့ကျေ နပ်နေကြသည်။ မိမိတို့၏ ကယ်တင်ခြင်းအတွက် စိတ်နှလုံးကို စင် ကြယ်သွားစေဖို့ ကြိုးစားခြင်းထက် ရဟန်းမင်းများလက်ထဲသို့ မိမိကိုယ် ကိုအပ်နှံလိုက်ခြင်းက ပို၍လွယ်ကူနေပါသည်။GCBur 176.3

    သို့ရာတွင် အခြားအဖွဲ့တစ်ဖွဲ့ကမူ ခရစ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်သည်ဟူသော ဝမ်းမြောက်ဖွယ်သတင်းစကား ကိုကြိုဆိုကာ ခရစ်တော်၏အသွေးတော်ကို အပြစ်ဖြေရာတစ်ခုအဖြစ် ယုံကြည်ခြင်းအားဖြင့် လက်ခံခဲ့ကြပါသည်။ ထိုသူများသည် နေရပ်ဌာ နေသို့ ပြန်ကာ မိမိတို့ရရှိခဲ့သည့် အလင်းတရားများကို သူတစ်ပါးအား မျှဝေကြ ပြန်သည်။ ဤနည်းအားဖြင့် သမ္မာတရားသည် တစ်မြို့မှတစ် မြို့သို့ ပျံ့နှံ့သွားရာ မယ်တော်မာရိရုပ်တုရှိရာသို့လာရောက် လည်ပတ် သူဦးရေနည်းသွားပါသည်။ ထိုကြောင့် အလှူငွေရရှိမှုလည်း နည်းသွား ရာ အလှူငွေမှ လခထုတ်ယူရသည့် ဇွင်းကလိလည်း ထိခိုက်သွား ပါသည်။ သို့သော် အယူသီးမှုများ အားနည်းသွား ခြင်းကိုတွေ့ရသဖြင့် သူဝမ်းသာခဲ့ရပါသည်။ အမှန်တရားသည် လူတို့၏ စိတ်နှလုံးကိုဆုပ် ကိုင်ထားချေပြီ။GCBur 176.4

    Larger font
    Smaller font
    Copy
    Print
    Contents