Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဇွင်းကလိအား ဇူးရစ်မှဖိတ်ခေါ်ခြင်း

    သုံးနှစ်အကြာတွင် ဇွင်းကလိသည် ဆွစ်၏မဟာမိတ်များအ တွက် အရေးအပါဆုံးမြို့တစ်မြို့ဖြစ်သော ဇူးရစ်ရှိဘုရားကျောင်းတွင် တရားဟောရန် ဖိတ်ခေါ်ခြင်းခံခဲ့ရပါသည်။ GCBur 177.1

    သူ၏တရားဟောချက်သည် အထူးဩဇာ သက်ရောက် မှုရှိခဲ့ရာတာဝန်တစ်ရပ်အနေဖြင့် ဆက်လက်သွန်သင်ပြသရန် အသင်း တော်အာဏာပိုင်များက သူ့အား တာဝန်ပေးခဲ့ပါသည်။GCBur 177.2

    “သင်သည် အခန်းကဏ္ဍတိုင်း၏အခွန်များကို အသေးအမွှား မှအစ ကောက်ခံရရှိစေရန် ကြိုးစားလုပ်ဆောင်ရလိမ့်မည်။ ဖျားနာသူ များမှ လည်းကောင်း၊ ပွဲတော်မင်္ဂလာများနှင့် ဘာသာရေး အခမ်းအနား များမှ လည်းကောင်း ကောက်ခံရရှိသည့်ဝင်ငွေများကို……………. တိုးတက်လာအောင် သင်ကြိုးစားလုပ်ဆောင်ရလိမ့်မည်။” “ပွဲတော်မင်္ဂ လာ ပေးခြင်း၊ တရားဟောခြင်းနှင့် အသင်းသားများကို စောင့်ရှောက် ခြင်းကိစ္စ တွေမှာ ကိုယ်စားလှယ်ခန့်ပြီးခိုင်းနိုင်တယ်။ အထူးသဖြင့် တရားဟောခြင်း လုပ်ငန်းမှာပေါ့” ဟု ဇွင်းကလိအား တာဝန်ရှိသူများ ကပြော၏။GCBur 177.3

    ဇွင်းကလိသည် တာဝန်ပေးချက်များကို ငြိမ်၍နားထောင် နေကာ “ခရစ်တော်ရဲ့အသက်တာကို လူများတွေမမြင်အောင် ဝှက် ထားတာကြာပါပြီ။ ကျွန်တော်တော့ ရှင်မဿဲခရစ်ဝင်တစ်အုပ်လုံးကို ဟောကြားမယ်။ အမှုတော်မှာ ကျွန်တော်အာရုံစိုက်ရမှာက ဘုရား သခင်ရဲ့ဘုန်းတော်ထင်ရှားဖို့၊ ခရစ်တော်ကို ချီးမွမ်းထောမနာပြုဖို့၊ အသက်ဝိညာဉ်များရဲ့ တကယ့်ကယ်တင်ခြင်းအစစ် အမှန်ကိုဖေါ်ပြဖို့နှင့် စစ်မှန်သော ယုံကြည်ခြင်းရရှိစေရန် သူတို့ကိုတည်ဆောက် ပေးဖို့ဖြစ် တယ်” ဟု တုံ့ပြန်ခဲ့ပါသည်။GCBur 178.1

    လူအများသည် သူ့တရားဟောချက်ကိုနားထောင်ရန် စုရုံး လာကြ ပါသည်။ သူသည် ခရစ်ဝင်ကျမ်းများကိုဖွင့်ကာ ခရစ်တော်၏ သက်တော်စဉ် အကြောင်းကိုရှင်းပြခြင်းဖြင့် အမှုတော်ကိုအစပျိုးခဲ့ သည်။ “ကျွန်တော် ခင်ဗျားတို့ကိုခေါ်ဆောင်သွားချင်တဲ့နေရာက ကယ်တင်ခြင်းရဲ့ စစ်မှန်သော အရင်းအမြစ်ဖြစ်တဲ့ ခရစ်တော်ထံကိုပဲ” ဟုဟောကြားရာ နိုင်ငံရေးသမားများ၊ ပညာရှိများ၊ လက်မှုပညာ သည်များနှင့် လယ်သမားများတို့သည် သူဟောကြားချက်များကို နား ထောင်ခဲ့ကြပါသည်။ သူသည် ထိုခေတ်အချိန်မှာ ဖြစ်ပွားနေသည့် ဖေါက်ပြန်ပျက်စီးမှုများနှင့် ဒုစရိုက်လုပ်ငန်းများကို မကြောက် မရွံ့ရှုတ်ချပြစ်တင်ခဲ့သည်။ များစွာသောလူအပေါင်းတို့သည် ဘုရား သခင်………………………………………………………………….. ထံတော်သို့ ပြန်လည်ဦးလှည့်လာကြပါသည်။ “ဒီပုဂ္ဂိုလ်ဟာ သမ္မာတ ရားကို ဟောတဲ့ တရားဟောဆရာပဲ။ အီဂျစ်ပြည်ရဲ့ မှောင်မိုက်ထဲက တို့ကိုကယ်နှုတ်မယ့်တို့ရဲ့မောရှေဖြစ်လိမ့်မယ်” ဟု လူထုကြီးက ဖွင့်ဟခဲ့ ပါသည်။GCBur 178.2

    များမကြာမီပင် အတိုက်အခံများပေါ်လာခဲ့ပါသည်။ ရ ဟန်းပျိုများသည် သူ့အားလှောင်ပြောင်သရောက်ကာ မဲ့ရွဲ့ပြခြင်းဖြင့် တိုက်ခိုက်ကြသလို တချို့ကလည်း ခြိမ်းခြောက်ခြင်းများ၊ မောက်မာ သော စကားများဖြင့် တိုက်ခိုက်ကြပါသည်။ ဇွင်းကလိမှာမူ အရာခပ် သိမ်းကို သည်းခံခဲ့ပါသည်။GCBur 179.1

    ဘုရားသခင်က မသိနားမလည်မှုနှင့် အယူသီးခြင်လက်ထိပ် ကိုချွတ်ပေးရန် ပြင်ဆင်နေစဉ်တွင် စာတန်သည်လည်း လူများအား အကြီးဆုံး အမှောင်ထုထဲသို့ကျရောက်စေလျက် သာ၍ခိုင်ခံ့သော ထူး များဖြင့် မလှုပ်နိုင်အောင် ခတ်ရန်လုပ်ဆောင်နေပါသည်။ ရောမအ သင်းတော်သည် ငွေကြေးရရှိရေးအတွက် အပြစ်လွှတ်ခြင်းဆိုင်ရာ အလှူငွေဈေးကွက်ကို ခရစ်ယာန်လောကတစ်ခုလုံး၌ဖွင့်ရန် ဆက် လက်လုပ်ဆောင်ခဲ့သည်။ အပြစ်တစ်ခုတိုင်း၌ အဖိုးအခတစ်ခုစီရှိ၏။ အသင်းတော် ဘဏ္ဍာတိုက်ကို ကောင်းစွာပြည့်ဝစေလျှင် ရာဇဝတ်မှု များအတွက် အပြစ်ကင်းလွတ်ခွင့်လိုင်စင် များကို လူတို့အားပေးသနား ခဲ့၏။ ဤနည်းအားဖြင့် လှုပ်ရှားမှုကြီးနှစ်ခုမှာ တစ်ပြိုင်တည်း ကြီး ထွားလာခဲ့ပါသည်။ ပထမတစ်ခုမှာ ဝင်ငွေရရှိရေးအတွက် ရောမအ သင်းတော်မှ အပြစ်ဒုစရိုက်ကင်းလွတ်ခွင့်လိုင်စင်ထုတ်ပေးခြင်းနှင့် ဒုတိယ တစ်ခုအနေဖြင့် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ပြညွှန်လျက် ဘာ သာရေးပြုပြင်ပြောင်းလဲရေးသမားက အပြစ်ဒုစရိုက်ကို ရှုတ်ချခြင်း တို့ ဖြစ်သည်။GCBur 179.2