Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ဆွစ်ဇာလန်တွင်အပြစ်မှကင်းလွတ်ခွင့်လက်မှတ်ရောင်းချခြင်း

    ဂျာမနီတွင် အပြစ်ကင်းလွတ်ခွင့်လက်မှတ်ရောင်းချရေးကို နာ မည်ပျက်ရှိသော တက်ဇယ်ကဦးဆောင်ခဲ့ပြီး ဆွစ်တွင်မူ အီတလီ ရ ဟန်းပျို ဆမ်းဆန်ကဦးဆောင်ပါသည်။ ဆမ်းဆန်သည် ရဟန်းမင်း၏ ဘဏ္ဍာတိုက်ကို ဖြည့်ဆည်းရန် ဂျာမနီနှင့် ဆွစ်ဇာလန်တို့မှ ငွေအ မြောက်အမြား ကောက်ခံစုသိမ်းခဲ့ပြီးဖြစ်သည်။ ယခုတွင် သူသည် ဆင်း ရဲသားများ၏ မရှိမဲ့ရှိမဲ့ ငွေကြေးများနှင့် လူချမ်းသာများထံမှ အဖိုး တန်ပစ္စည်းများကို အနိုင်အထက် လုယူရန် ဆွစ်ဇာလန်သို့ ဦးလှည့် လာခဲ့ချေပြီ။ ဇွင်းကလိသည် ထိုသူနှင့် ချက်ချင်းရင်ဆိုင်လိုက်ပါသည်။ ဆမ်းဆန်က မိမိ၌ တာဝန်ရှိသေးသည်ဟု ဆိုကာ အခြားနေရာသို့ထွက် ခွာသွားခြင်းသည် ဟန်ဆောင်မှုတစ်ရပ် ဖြစ်ကြောင်း ထင်ရှားပေါ် လွင်ခဲ့သဖြင့် ဇွင်းကလိအတွက် အောင်ပွဲတစ်ရပ်ဖြစ်ကြောင်း ထင်ရှား ပေါ်လွင်ခဲ့သဖြင့် ဇွင်းကလိသည် အပြစ်လွတ်ခြင်းလက်မှတ် ရောင်း သူများနှင့်ဆန့်ကျင်သောတရားကို စိတ်အားထက်သန်စွာ ဟောကြား ခဲ့ပါသည်။ GCBur 180.1

    ထိုနေရာသို့ ဆမ်းဆန်ချဉ်းကပ်လာသောအခါ ထိုနေရာမှ ထွက်ခွာသွားဖို့ ခြိမ်းခြောက်စကားများ ပြောသည့်ကောင်စီမှ လွှတ် လိုက်သော သတင်းပို့သူတစ်ဦးက သူ့ကိုလာတွေ့ခဲ့ပါသည်။ ပရိယာယ် သုံးကာ မြို့ထဲသို့ အရောက်လာနိုင်ခဲ့သော်လည်း လက်မှတ်တစ်စောင်မှ မရောင်းရဘဲ၊ နှင်အထုတ်ခံရသဖြင့်မကြာမီမှာပင်ဆွစ်ဇာလန်မှ သူထွက် ခွာသွားခဲ့ပါသည်။GCBur 180.2

    ၁၅၁၉ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံအနှံ့၌ ပလိပ်ရောဂါဖြစ်ပွား ခဲ့ရာ မိမိတို့ဝယ်ထားသည့် အပြစ်လွတ်ခြင်းလက်မှတ်များကို............. သည် အရာမရောက်ကြောင်း လူများစွာတို့သိရှိလာခဲ့သည်။ ထို ကြောင့်ထိုသူများသည် မိမိတို့၏ ယုံကြည်ခြင်းအတွက် ခိုင်မာသော အခြေအမြစ် တစ်ခုကို တောင့်တခဲ့ကြသည်။ ဇူးရစ်မြို့ရှိ ဇွင်းကလိ သည်လည်း ကပ်သင့်ခဲ့ရာ သေသွားပြီဟုပင် သတင်းထွက်နေပါသည်။ သူသည် ထိုဒုက္ခကာလအတွင်းတွင် အပြစ်အတွက် ကိုယ်စားအသေခံ ခဲ့သော လုံလောက်ပြည်စုံသည့် အပြစ်ဖြေရာယေရှုခရစ်ကို ကိုးစား လျက် ကပ်တိုင်ကိုသာ ယုံကြည်ခြင်းအားဖြင့် ပြည့်စုံခဲ့ပါသည်။ ပြန် လည်ကျန်းမာလာသောအခါ နှုတ်ကပတ်တော်ကို ယခင်ကထက် ပို ၍ခွန်အားပါပါ ဟောကြားခဲ့ပါသည်။ သေရွာပြန်လူထုကြီးသည်လည်း ယခင်က တစ်ခါမှမခံစားဖူးခဲ့သော ဧဝံဂေလိတရားတော်၏ အနှစ် သာရကို ယခုတွင်ခံစားခဲ့ကြရပါသည်။GCBur 180.3

    ဇွင်းကလိသည် သမ္မာကျမ်းစာမှ အမှန်တရားများကို ရှင်း လင်းစွာနားလည်သဘောပေါက်လာရုံသာမက ထိုတရားတော်၏ အသစ် ပြုပြင်သော တန်ခိုးတော်ကိုလည်း ပြည့်စုံစွာ ကိုယ်တွေ့ခံစားခဲ့ရပါ သည်။ “ခရစ်တော်ဟာ တို့အတွက် ဘယ်တော့မှ အဆုံးမသတ်တော့ မယ့် ကယ်တင်ခြင်းကို ဝယ်ပေးခဲ့ပြီ။ ခရစ်တော်ခံစားတော်မူခဲ့သည့် ဝေ ဒနာသည် ထာဝရကာလအတွက် ဆက်ကပ်ခြင်းတစ်ခုဖြစ်ပြီး အနာ ကင်းငြိမ်းမှုအတွက် ထာဝရကာလတိုင် အကျိုးသက်ရောက်မှုရှိတယ်။ ထိုအသေခံခြင်းသည် ဤအချက်ကိုခိုင်မြဲတည်ကြည်သော ယုံကြည် မှုဖြင့် မှီခိုသူအားလုံးကိုယ်စား ဘုရားသခင်၏ ဖြောင့်မှန်ခြင်းကို အထစ် အငေါ့ကင်းရှင်းစေခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်သောနေရာတိုင်း ၌ကောင်းသောအကျင့်ကိုကျင့်ဖို့ လူများကိုတိုက်တွန်းလှုံ့ဆော် နေသောစိတ်အားထက်သန်မှုတစ်ခုရှိတတ်တယ်” ဟု ဇွင်းကလိ ပြောပါသည်။GCBur 181.1

    ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းသည် ဇူးရစ်မြို့တွင် ဖြည်းဖြည်းချင်းတိုးတက်နေပါသည်။ ထိုလုပ်ငန်းကြီး၏ ရန်သူများသည် ထိတ်ထိတ်လန့်လန့်ဖြင့် တက်ကြွစွာလှုပ်ရှားလာကြပါသည်။ ဇွင်းကလိကို ထပ်ခါတလဲတိုက်ခိုက်ပြောဆိုခဲ့ကြသည်။ ထိုသူကို နှုတ် ပိတ်နိုင်ရန်အတွက် ကွန်စတန်မြို့မှ ဂိုဏ်းချုပ်ကြီးက လူ့အသိုက်အဝန်း ၏ အေးချမ်းငြိမ်သက်မှုကို အန္တရာယ်ပြုနိုင်သူအဖြစ် ဇွင်းကလိအား စွဲချက်တင်လျက် ဇူးရစ်ကောင်စီသို့ ကိုယ်စားလှယ်သုံးဦးကို စေလွှတ် ကာ အသင်းတော်၏အာဏာတော်ကို အလေးမထားခြင်းအားဖြင့် နေရာအနှံ့၌ မင်းမဲ့စရိုက်ကိုထွန်းကားလာ နိုင်ကြောင်း သတိပေးပြော ကြားခဲ့သည်။ သို့သော် ထိုကောင်စီက ဇွင်းကလိကို အရေးယူရန် ငြင်းဆန်ခဲ့သည်။ ထိုကြောင့် ရောမအသင်းတော်သည် နောက်ထပ် တိုက်ခိုက်မှုတစ်ခုပြုလုပ်ရန် ပြင်ဆင်ခဲ့ပြန်သည်။ ဇွင်းကလိကမူ “သူတို့ကို ဆက်လုပ်ပါစေ။ ငေါထွက်နေတဲ့ကျောက်ဆောင်ကလေးက ခြိမ်းခြောက်သံ တွေနဲ့ ၎င်းကိုလာတိုက်ပြီး ၎င်းရဲ့ခြေရင်းမှာ ပျောက် ကွယ်သွားတဲ့လှိုင်းတွေကို ကြောက်သလို ကျွန်တော်လည်း သူတို့ကို ကြောက်ပါတယ်” ဟု အငေါ့အထေ့ ကလေးများနှင့် ဟစ်ကြွေးလိုက် ပါသည်။ အသင်းတော်ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များသည် ၎င်းတို့ချေမှုန်းလိုသော ဇွင်းကလိ၏ အမှုတော် လုပ်ငန်းကို သာ၍ တိုးတက်ကြီးပွားသွားစေပါသည်။ GCBur 182.1

    အမှန်တရားများကို နေရာအနှံ့၌ လက်ခံနေကြပေပြီ။ လူးသာ ပျောက်ကွယ်သွားသဖြင့် စိတ်ညှိုးနွမ်းနေသော ဂျာမန်ယုံကြည်သူများ သည် ဆွစ်ဇာလန်၌ ဧဝံဂေလိတရားတော် တိုးတက်ကြီးပွားနေကြောင်း သတင်းကြောင့် တစ်ဖန်စိတ်အားထက်သန်လာကြပြန်ပါသည်။ ဇူးရစ် တွင် ဘာသာရေး.............................................................................. ပြုပြင်ပြောင်းလဲရေးလုပ်ငန်း အခြေကျလာသည်နှင့်အမျှ ဆိုးညစ်သော အမူအကျင့်များ လျော့နည်းလာကာ တည်ငြိမ်အေးချမ်းမှုများကို တိုးတက်လာခဲ့ပါသည်။GCBur 182.2