Loading...
Larger font
Smaller font
Copy
Print
Contents
မျက်မှောက်ကာလမှ ထာဝရကာလသို့ - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း (၁၀)—ဂျာမနီပြည်တွင် အမှုတော်တိုးတက်ခြင်း

    လူးသာပျောက်ကွယ်သွားမှုကြောင့် ဂျာမနီပြည်အဝန်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများ တိုးပွားနေပါသည်။ ဆိုးရွားသော ကောလာ ဟာလများကြောင့် လူးသာအသတ်ခံရပြီဟု လူအများက ယုံကြည်ခဲ့ ပါသည်။ လူများစွာတို့သည် အကြီးအကျယ် ဝမ်းနည်းကြေကွဲခဲ့ကြပြီး လူးသာအတွက် လက်စားချေမည် ဟုပင် ကျိန်ဆိုခဲ့ကြပါသည်။GCBur 187.1

    လူးသာသေပြီဟူသောသတင်းကြောင့် ကနဦး၌ ဝမ်းသာ အားရရှိခဲ့ကြသော်လည်း ယခုတွင် ဖမ်းဆီးခြင်း ခံထားရသည်ဆိုသည့် သတင်းကြောင့် သူ၏ရန်သူများသည် ကြောက်ရွံ့နေကြပါသည်။ GCBur 187.2

    “တို့ကိုယ်တို့ ကာကွယ်နိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက တော့ မီးထွန်းပြီး မိုးအဆုံး မြေအဆုံး သူ့ကိုလိုက်ရှာရမယ်။ နောက်ပြီး သူ့ကိုတောင့်တနေတဲ့လူတွေဆီကို ပြန်အပ်ဖို့ပဲ” ဟု တစ်ယောက်သော ရဟန်းပျိုကပြောပါသည်။ GCBur 187.3

    လူးသာရေးခဲ့သောစာများကို ယခင်ကထက်ပို၍ အားရပါးရ ဖတ်လာကြသော လူထုကြီးသည် လူးသာတစ်ယောက် အသက်မသေဘဲ အကျဉ်းကျနေသည် ဆိုသည့်သတင်းကြောင့် စိတ်သက်သာယာရခဲ့ပါ သည်။ နှုတ်ကပါတ်တော်ကို ကာကွယ်ခဲ့သော ထိုသူဘက်ရပ်တည်ကြ သောလူဦးရေးမှာ အထူးတိုးတက် လာခဲ့ပါသည်။GCBur 187.4

    လူးသာကြဲသည့် ဝိညာဉ်မျိုးစေ့များသည် နေရာအနှံ့တွင် ပေါက်ခဲ့ချေပြီ။ သူရှိစဉ်တုန်းက ပြီးမြောက်အောင်မလုပ်နိုင်ခဲ့..... သောအလုပ်များကို သူပျောက်ကွယ်နေခြင်းက ပြီးပြတ်စေခဲ့ပါသည်။ ယခုတွင် သူတို့၏ခေါင်းဆောင်ကြီးမှာ အဖယ်ရှားခံခဲ့ရသဖြင့် မြင့်မြတ် စွာအစပျိုးခဲ့သော အမှုတော်ကို အဆုံးသတ်နိုင်ရန် အခြားအမှုတော် ဆောင်များက ရှေ့သို့တက်၍ နေရာယူလုပ်ဆောင်လာကြပါသည်။GCBur 187.5

    ယခုတွင်စာတန်သည်လည်း အမှုတော်အစစ်နေရာတွင် အတုဖြင့် အစားထိုးမျက်လှည့်ပြကာ လူတို့ကိုလှည့်ဖြားဖျက်ဆီးရန် ကြိုး စားခဲ့ပါသည်။ GCBur 188.1

    (၁) ရာစုအချိန်က ခရစ်တော်အတုများရှိခဲ့ဖူးသကဲ့သို့ (၁၆) ရာ စုနှစ်တွင် ပုရောဖက်အတုများ ပေါ်ပေါက်လာခဲ့ပါသည်။ လူးသာအစ ပျိုးခဲ့သော ဘာသာရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းကို ဆက်လက်လုပ် ဆောင်ရန် မိမိတို့အား ဘုရားသခင်က ဗျာဒိတ်များပေးကာ တာဝန် အပ်နှင်းခဲ့သည်ဟု လူတချို့က ကိုယ့်ကိုကိုယ်အထင်ရှိနေကြပါ သည်။ GCBur 188.2

    အမှန်မှာ ထိုသူများသည် လူးသာလုပ်ထားခဲ့သောအရာ များကိုဖျက်ဆီးသောသူများသာဖြစ်၏။ နှုတ်ကပါတ်တော်သည် ယုံ ကြည်ခြင်းနှင့် လက်တွေ့လုပ်ဆောင်မှုဆိုင်ရာ စုံလင်ပြည့်ဝသောစည်း မျဉ်းဖြစ်သည်ဆိုသော ဘာသာရေး ပြုပြင်ပြောင်းလဲရေး၏ အဓိက အချက်ကို သူတို့ငြင်းပယ်ခဲ့ကြသည်။ မမှားနိုင်သော ထိုလမ်းပြ၏ နေရာတွင် ခံစားချက်အပေါ်မှာ တည်ဆောက်ထားသည့် မသေချာ သောစံတစ်ခုဖြင့် အစားထိုးခဲ့ပါသည်။GCBur 188.3

    အခြားသူများမှာ အရိုးစွဲနေပြီဖြစ်သောအယူသီးခြင်းဘက်သို့ အလိုလို တိမ်းနေပါသည်။ ဤစိတ်အားထက်သန်သူများ၏ လုပ်ဆောင် မှုများသည် စိတ်လှုပ်ရှားမှုကို မဖန်တီးနိုင်ချေ။ လူးသာသည် ဘာသာ ရေးပြုပြင် ပြောင်းလဲရေးလုပ်ရန် လိုအပ်ကြောင်း လူအများ.............. လက်ခံလာအောင် လုပ်ဆောင်ခဲ့ရာ ယခုတွင်မူ တကယ်ရိုးသားသော လူတချို့မှာ ပုရောဖက်လက်သစ်များ၏ ဟန်ဆောင်မှုတွင် လမ်းမှား သို့လိုက်နေကြပြီ။ ထိုလှုပ်ရှားမှုမှ ခေါင်းဆောင်များသည် ဝစ်တင်း ဘတ်သို့ သွားကာ “လူထုကြီးအား သွန်သင်ညွှန်ကြားရန် ဘုရားသ ခင်က ကျွန်ုပ်တို့ကို စေလွှတ်လိုက်သည်။ သခင်ဘုရားနှင့်လည်း ရင်း ရင်းနှီးနှီး စကားပြောခဲ့ပြီးပြီ။ အနာဂတ်ရေးတွေကို ကျွန်ုပ်တို့သိ ထားသည်။ စကားတစ်လုံးတည်းနှင့် ပြောရမည်ဆိုလျှင် တို့ဟာတမန် တော်တွေ၊ ပုရောဖက်တွေဖြစ်သည်။ ဒေါက်တာလူးသာထံမှာ အသနား ခံပေးပါ” ဟူ၍ မက္ကလန်သန်ထံ၌ တောင်းဆိုခဲ့ကြပါသည်။GCBur 188.4

    ထိုကြောင့် ပြုပြင်ပြောင်းလဲရေးသမားများမှာ စိတ်ရှုပ်ကုန်ကြ ပါသည်။ “ဒီလူတွေကို ထူးခြားတဲ့ဝိညာဉ်လမ်းညွှန်နေတာတော့ တကယ်ဟုတ်တယ်။ ဒါပေမယ့် ဘာဝိညာဉ်လဲဆိုတာတော့ မေးစရာရှိ တယ်။ ဘုရားသခင်ရဲ့ သန့်ရှင်းသောဝိညာဉ်တော်မရနိုင်တာကို တစ်ဖက်ကသတိထားရမှာဖြစ်သလို စာတန်ရဲ့ ဝိညာဉ်က လမ်းမှားပြ သွားမှာကိုလည်း တစ်ဖက်ကဂရုစိုက်ရမယ်” ဟု မက္ကလန်သန်က ပြောခဲ့ ပါသည်။GCBur 189.1

    သမ္မာကျမ်းစာကိုလျစ်လျူရှုထားရန် (သို့မဟုတ်) လုံးလုံးပစ် ထားရန် လူတွေကို လမ်းပြနေကြပါသည်။ နှိပ်ကွပ်ပိတ်ပင်မှုများကို မလိုလားသော ကျောင်းသားများသည် စာမသင်ကြတော့ဘဲ ကျောင်း ထွက်သွားကြပါသည်။ ဘာသာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ဆက်လက်အသက်ရှင်အောင် ထိန်းချုပ်နိုင်စွမ်းရှိသည်ကို ကိုယ့်ကို ကိုယ်အထင်ကြီးနေသူများသည် ထိုလုပ်ငန်းကို ပျက်စီးလုနီးပါးအ ခြေအနေသို့ ရောက်သည်အထိ ဖျက်ဆီးခဲ့ကြပါသည်။ GCBur 189.2

    ရောမအသင်းတော်သည် ထိုသူများ၏ ယုံကြည်မှုကိုရရှိကာ “နောက်ဆုံးရုန်းကန်မှုတစ်ခုလေးနဲ့ လူတွေအားလုံး တို့ဘက်ပါလာတာ ပဲ” ဟု ဝမ်းသာအားရ ဟစ်ကြွေးခဲ့ကြပါသည်။GCBur 190.1

    ဝပ်ဘတ်မြို့တွင်ရှိနေသောလူးသာသည် ဖြစ်ပျက်သမျှ အ ကြောင်းစုံကို ကြားသောအခါ “စာတန်ဟာ တို့ဆီကို ဒီကပ်ရောဂါကြီး ဖြစ်စေလိမ့်မယ် ဆိုတာ ကျွန်ုပ်အမြဲမျှော်လင့်ထားပြီးသားပါ” ဟု စိုးရိမ်တကြီးဖွင့်ဟခဲ့သည်။ ထိုဟန်ဆောင်ပုရောဖက်များ၏ ဇာတိ ရုပ်မှန်ကိုလည်း သူသိထားပါသည်။ GCBur 190.2

    ယခုတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကြီး၏ မိတ်ဆွေများ ပါဟုဆိုသူများ သည် အတိုက်အခံပြုနေသော ဧကရာဇ်နှင့် ရဟန်းမင်း တို့ထက် ရှုပ်ထွေးမှုများနှင့် တိုက်လှန်မှုများဖြစ်အောင် ပို၍လုပ်ဆောင် နေကြသည်။GCBur 190.3

    လူးသာမှာမူ ရှေ့သို့ဆက်လက်ဆောင်ရွက်ရန် ဝိညာဉ်တော် ဘုရားသခင်၏တိုက်တွန်းခြင်းကိုခံရသည်။ သို့စေကာမူ “ကျွန်တော် ဟောကြားနေတဲ့ ဧဝံဂေလိတရားဟာ လူတစ်ဦးတစ်ယောက်အား မထိခိုက်နိုင်တာ မှန်တယ်ထားဦး၊ အကယ်၍များ နိမ့်ကျဆင်းရဲတဲ့ သူတစ်ယောက်ယောက်ကိုဖြစ်ဖြစ် ထိခိုက်စေခဲ့မယ်ဆိုရင် ကျွန်တော် ဟောခဲ့ တာတွေအတွက် နောက်ဆုတ်မနေတော့ဘဲ ဆယ်ခါသေပစ် လိုက်မယ်” ဟုဆိုကာ မိမိလုပ်ဆောင်မှုမှ ထွက်ပေါ်လာသောရလဒ် အတွက် မကြာခဏ လူးသာစိုးရိမ်တတ်သည်။ ဝစ်တင်းဘတ်မြို့မှာမူ အယူသီးခြင်း၊ ဥပဒေမဲ့တန်ခိုးအောက် တွင် ကျဆုံးလျက်ရှိသည်။ လူးသာကြောင့် ထိုသို့ဖြစ်ရသည်ဟု ဂျာမနီ အနှံ့ရှိ လူးသာ၏ရန်သူများက စွပ်စွဲနေကြသည်။ “ဒီလိုမျိုးနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းကြီးဟာ အဆုံးသတ်သွားပြီလား” ဟု သူခါးခါး သီးသီးမေးကာ ထာဝရဘုရားသခင်ထံတွင် ဆုတောင်းပတ္ထနာပြုခဲ့ရာ စိတ်၏ငြိမ်သက်ခြင်းကို သူတစ်ဖန်ပြန်လည်ရရှိခဲ့ပါသည်။ “ဤအမှု တော်သည် ကျွန်ုပ်၏အမှုတော် မဟုတ်၊ ကိုယ်တော်၏ အမှုတော် ဖြစ်၏” ဟုဆိုကာ ဝစ်တင်းဘတ်သို့ပြန်ရန် သူဆုံးဖြတ်ချက်ချခဲ့သည်။GCBur 190.4

    သူသည် ထိုအင်ပါယာ၏တားမြစ်ပိတ်ပင်ခြင်းကို ခံထားရသူ တစ်ဦးဖြစ်သည်။ ရန်သူများသည် သူ့အား လွတ်လွတ်လပ်လပ် သုတ် သင်ပစ်နိုင်သည်။ သူ့အားလက်မခံရန် မိတ်ဆွေများကိုလည်း တား မြစ်ထားသည်။GCBur 191.1

    သို့ရာတွင် ဧဝံဂေလိအမှုတော်သည် အန္တရာယ်စက်ကွင်းထဲ ကျရောက်နေကြောင်း သူတွေ့မြင်သောအခါ သမ္မာတရားအတွက် တိုက်ပွဲဝင်ရန် ခရစ်တော်၏နာမတော်၌ ရဲဝံ့စွာထွက်ခွာခဲ့ပါသည်။ GCBur 191.2

    “ကျွန်ုပ်ဟာ မင်းညီမင်းသားများနဲ့ လွှတ်တော်အမတ်များပေး တဲ့အကာအကွယ်ထက် များစွာသာလွန်သောကာကွယ်မှုအောက်တွင် ဝစ်တင်းဘတ်ကိုသွားနေပါတယ်။ အမတ်မင်းထံမှ ထောက်ခံမှုကို တောင်းဖို့ ကျွန်တော်မစဉ်းစားပါ။ အမတ်မင်းထံမှ အကာအကွယ်ကို တောင်းဖို့နေနေသာသာ ကျွန်တော်ကိုယ်တိုင် အမတ်မင်းကိုကာကွယ် ပေးပါမယ်။---ဤအမှုတော်ကြီးကို စစ်သူရဲ အလုံးအရင်းအားဖြင့် ပြီးမြောက်အောင်မလုပ်ဆောင်နိုင်ပါ။ ဘုရားသခင် တစ်ပါးတည်း သာအရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူ၏။” ဟု လူးသာက ထိုအမတ်မင်းထံသို့စာရေးခဲ့ပါသည်။ ၎င်းပြင်ဒုတိ ယစာတစ်စောင်တွင် “ကျွန်တော်ဟာ အမတ်မင်းရဲ့သဘောမတွေ့မှုနှင့် တစ်ကမ္ဘာလုံးရဲ့ စိတ်ဆိုးမှုကိုခံဖို့ အဆင်သင့်ရှိပါတယ်။ ဝစ်တင်း ဘတ်မြို့သား တွေဟာ ကျွန်တော့်သိုးတွေမဟုတ်ပါလား။ အကယ်၍ လိုအပ်ခဲ့လျှင် သူတို့ ကောင်းစားရေးအတွက် အသက်ဆုံးရှုံးနိုင် တဲ့နေရာကို ကျွန်တော်မသွားသင့် ဘူးလား” ဟု ထပ်လောင်းရေးသား ခဲ့ပါသည်။GCBur 191.3